Ad

Slider

ကန် ၂၀၄ သန်းကျော်နှင့် ကျပ်သန်း ၂ သိန်းကျော်ဖိုး ရင်းနှီးမြှုပ်နှံခွင့်ပြု



နိုဝင်ဘာ ၄

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် - MIC က ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၀၄ သန်းကျော်နှင့် ပြည်တွင်းသုံးကျပ်ငွေ သန်း ၂၂၀၀၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ဆောင်ရွက်ဆဲ လုပ်ငန်း ၁၉ ခု၏ မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းအပါအဝင် လုပ်ငန်းသစ် ၁၃ အတွက် ခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ကန်ဒေါလာ ၂၀၄.၈၃၈ သန်းနှင့် ကျပ် သန်း ၂၂၅၅၂၀.၀၁၅ တန်ဖိုး ရှိသည်။

အဆိုပါ လုပ်ငန်းသစ် ၁၃ ခုမှာ စိုက်ပျိုးရေး၊ ဟိုတယ်နှင့် ခရီးသွား၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းနယ်ပယ်တို့တွင် ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံနှင့် ဒေသပေါင်း ၅၁ ခုက လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူ၊ တရုတ်နှင့် ထိုင်းတို့က အများဆုံး ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများတွင် လျှပ်စစ်ကဏ္ဍ၌ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် ၂၅.၁၈ ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၄.၂၆ ရာခိုင်နှုန်းအထိ ရှိသည်။

လက်ရှိတွင် MIC ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေကာ ဒုတိယဥက္ကဋ္ဌအဖြစ် ယခင်အစိုးရလက်ထက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူနှင့် လက်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တာဝန်ယူလုပ်ကိုင်နေခြင်း ဖြစ်သည်။

ရှိရင်းစွဲလုပ်ငန်းများ မတည်ငွေ တိုးမြှင့်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအသစ် ခွင့်ပြုခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၃ ရက်က နေပြည်တော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် MIC အစည်းအဝေးတွင် MIC ဥက္ကဋ္ဌက ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ MIC မှ အချက်အလက် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသလို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန – DICA ကလည်း ထုတ်ပြန်ပေးထားခြင်း မရှိပေ။

HM-0025

0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo