Ad

Slider

Mi Account သုံးပြီး ပျောက်နေတဲ့ဖုန်းကို ရှာကြမယ်…

ဖုန်းသုံးစွဲသူ လူတွေအကြား မကြာခဏဆိုသလို ကြားနေရတဲ့ အကြောင်းကတော့ ကိုယ့်ဖုန်း ပျောက်လို့ ဖြစ်စေ၊ ခိုးခံရလို့ ဖြစ်စေ ဖုန်းထဲမှာ ရှိတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အလွဲသုံးစားလုပ်သွားရင်ဖြင့် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကိစ္စပါ။

ဒီတစ်ပတ်မှာတော့ Xiaomi အမျိုးအစား ဖုန်းသုံးသူတွေ ကိုယ့်ရဲ့ဖုန်း ပျောက်ဆုံး၊ ခိုးယူ ခံရပြီဆိုရင် ကိုယ့်ရဲ့ ဖုန်းက ဘယ်နေရာကို ရောက်နေသလဲ၊ ဖုန်းနေရာကို သိပေမယ့်လည်း အချက်အလက်တွေအတွက် စိတ်မချရတဲ့အခါ အဝေးကနေ ဘယ်လိုမျိုး သုံးမရအောင် လုပမမလဲဆိုတာတွေကို ဒီတစ်ပတ်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ ဒီလိုမျိုး ပျောက်ဆုံးနေတဲ့ ကိုယ့်ဖုန်းရဲ့ တည်နေရာကို သိဖို့၊ အချက်အလက်တွေကို ပိတ်ဆို့ဖို့ဆိုရင်တော့ Mi Account ရှိထားဖို့တော့ လိုတယ်ဆိုတာရယ် ပျောက်ဆုံးတဲ့ ဖုန်းဟာ Xiaome အမျိုးအစား ဖြစ်ရမယ်ဆိုတာပါ။ ဒီတော့ ဖုန်းကို ပြန်ရှာမယ်၊ ဒေတာတွေကို လုံခြုံအောင် ဘယ်လိုလုပ်လို့ ရသလဲဆိုတာကို ရုပ်သံအနေနဲ့ လိုက်လုပ်ကြည့်လို့ ရအောင် ဖော်ပြလိုက်ပါတယ်။


ZinYin (ICT Solution)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo