Ad

Slider

အနိမ့်ဆုံး တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကို အတည်ပြုပြီ

Photo : supplychains.com
ရန်ကုန်၊ မေ ၁၄

နေရာဒေသနှင့် အလုပ်အကိုင် မခွဲခြားဘဲ တစ်ရက်အတွက် အနိမ့်ဆုံးလုပ်ခလစာအဖြစ် ကျပ် ၄၈၀၀ ကို အတည်ပြုပြီဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ယနေ့ (မေလ ၁၄) ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း ဖြစ်၊ ယင်းကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးသိန်းဆွေ အမည်ဖြင့် ထုတ်ပြန်သည့် ယင်းကြေညာချက်တွင် “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ၄၈၀၀ ကျပ် (လေးထောင့်ရှစ်ရာကျပ်)” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ယနေ့ထုတ်ပြန်သည့်နေ့မှ စ၍ သတ်မှတ်လိုက်သည်ဟု ဖော်ပြထားသည်။

ယင်းသတ်မှတ်ချက်သည် အလုပ်သမား ၁၀ ဦးအောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများနှင့် သက်ဆိုင်ခြင်း မရှိစေရဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo