Ad

Slider

မတ်လအတွင်း ပြည်တွင်းအလုပ်ရသူထက် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ ပိုများနေ

ရန်ကုန်၊ ဧပြီ ၁၂

၂၀၁၈ ခုနှစ် မတ်လအတွင်း ပြည်တွင်းတွင် အလုပ်အကိုင် ခန့်ထားနိုင်မှုထက် ပြည်ပထွက် အလုပ်လုပ် ကိုင်သူဦးရေ ပိုများနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများက ဖော်ပြလျက် ရှိသည်။

အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်း အလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို ၀န်ကြီးဌာနက လုပ်ဆောင်လျက်ရှိရာ ၂၀၁၈ ခုနှစ် မတ်လအတွင်း ပြည်တွင်း အလုပ်အကိုင်ခန့်ထားနိုင်သည့် ဦးရေမှာ ၁၅၀၀၃ ဦးအထိ ရှိပြီး ပြည်ပအလုပ်အကိုင် ရရှိသူဦးရေမှာ ၁၇၈၅၉ ဦး အထိ ရှိသည့်အတွက် ကွာခြားမှုမှာ ၃၀၀၀ နီးပါးခန့် ရှိသည်။

မြန်မာအလုပ်သမားများအား အလုပ်အကိုင်ပေးသည့် နိုင်ငံများတွင် ထိုင်းနိုင်ငံမှာ ၁၆၀၀၀ နီးပါးခန့်ဖြင့် အများဆုံးဖြစ်ပြီး ကျန်နိုင်ငံများမှာ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယူအေအီး၊ ဂျော်ဒန်နှင့် ကာတာနိုင်ငံတို့ ဖြစ်သည်။

ပြည်တွင်း၌ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုတွင် ရန်ကုန်တိုင်းမှာ ၁၁၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်ပြီး နိမ့်ကျမှုအမြင့်ဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်တွင်မူ အလုပ်အကိုင် ဖန်တီးပေးနိုင်မှု လုံးဝ မရှိခဲ့ပေ။ ပြည်တွင်းအလုပ်အကိုင် ဖန်တီးပေးနိုင်မှုတွင် အစိုးရနှင့် ပုဂ္ဂလိကဟူ၍ နှစ်မျိုးခွဲခြားထားပြီး အစိုးရဘက်မှ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမှာ ၁၅၀၀၃ နေရာအနက် ၇၄၃ နေရာသာ ရှိသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo