Ad

Slider

သမ္မတဦးဝင်းမြင့်ဓာတ်ပုံ ပြန်ကြားရေး ထုတ်ရောင်း

ရန်ကန်၊ ဧပြီ ၂၆

ရုံးနှင့် ဌာနအသီးသီးတို့တွင် အကြောင်းအမျိုးမျိုးဖြင့် သမ္မတ ဦးဝင်းမြင့်၏ ဓာတ်ပုံအား ချိတ်ဆွဲလိုသူများအတွက် ကြိုက်နှစ်သက်ရာ ဓာတ်ပုံအရွယ်အစားအလိုက် ၀ယ်ယူချိတ်ဆွဲနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ရောင်းချပေးလျက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ခေါင်းပေါင်း၊ တိုက်ပုံအနက်နှင့် ရွှေစလွယ် ၀တ်ဆင်ထားသည့် ဓာတ်ပုံအား အရွယ်အစားနှင့် ဘောင်အမျိုးအစားအလိုက် အမျိုးအစား ၁၂ မျိုးကို ရောင်းချပေးခြင်းဖြစ်ကာ အနိမ့်ဆုံး တန်ဖိုး ကျပ် ၂၅၀၀ မှ အမြင့်ဆုံး ကျပ် ၂၅၀၀၀ အထိ ဈေးရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရောင်းချပေးမည့် အမျိုးအစား ၁၂ မျိုးတွင် ဓာတ်ပုံသားဖြင့် ကိုးမျိုး၊ ပုံနှိပ်သားဖြင့် သုံးမျိုးဖြစ်ကာ ယင်းအမျိုးအစားပေါ် မူတည်၍ ဘောင်မပါ၊ တစ်ထပ်ဘောင်၊ နှစ်ထပ်ဘောင် စသဖြင့် အမျိုးအစား ကွဲပြားခြင်း ဖြစ်သည်။

ဝယ်ယူချိတ်ဆွဲလိုသူများအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်လုပ်ရေးဌာနခွဲ၊ စာပေဗိမာန်အရောင်းဆိုင် (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး) တို့တွက် ဆက်သွယ်ဝယ်ယူနိုင်ပြီး ၀ယ်ယူသူတို့၏ သက်ဆိုင်ရာဌာနနှင့် နေရာများသို့ ပေးပို့ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo