Ad

Slider

သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ဝင်အဖြစ် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်ကို ရွေးချယ်

နေပြည်တော်၊ မတ် ၂၃

သမ္မတအရည်အချင်း စိစစ်ရေးအတွက် ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ ပါဝင်ရမည့် စိစစ်ရေးအဖွဲ့ဝင်အဖြစ် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်အား မတ်လ ၂၃ ရက်က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေး၌ ရွေးချယ်လိုက်ပြီ ဖြစ်သည်။

စိစစ်ရေးအဖွဲ့ဝင်အတွက် ဒေါ်ခင်စန်းလှိုင်အား ဦးတင်ထွန်းလှိုင် (ဆိတ်ကြီး ခနောင်တို) နှင့် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းအား ဦးစိုင်းကျော်မိုး (မိုင်းပန်) တို့က အဆိုပြု တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

တစ်ဦးထက် ပိုသည့်အတွက် လွှတ်တော်လုပ်ထုံးလုပ်နည်းအတိုင်း စက်ခလုပ်နှိပ် မဲခွဲခဲ့ရာ မဲပေးသူ ၃၀၇ ဦးအနက် ၃၀၂ ဦးသာ နှစ်ဦးစလုံးအတွက် ဆန္ဒမဲပေးခဲ့ကြသည်။ ဒေါ်ခင်စန်းလှိုင်မှာ ထောက်ခံမဲ ၂၇၁ မဲရရှိပြီး ဦးစိုင်းငေါင်ဆိုင်ဟိန်းမှာ ထောက်ခံမဲ ၃၉ မဲသာ ရရှိခဲ့သည့်အတွက် မဲအများဆုံးရရှိသူ ဒေါ်ခင်စန်းလှိုင်အား ရွေးချယ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြေညာခဲ့သည်။

ယင်းနောက် လွှတ်တော် အစည်းအဝေး (ပထမပိုင်း) က ခေတ္တ ရပ်နားခဲ့ပြီး အစည်းအဝေး ဒုတိယပိုင်းကို နေ့လယ်ပိုင်းတွင်ဆက်လက်ကျင်းပမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo