Ad

Slider

စပါး တင်း ၁၀၀ လျှင် အခြေခံဈေးနှုန်းအဖြစ် ကျပ်ငါးသိန်း သတ်မှတ်

ရန်ကုန်၊ မတ် ၆

ဈေးကွက်အတွင်း စပါးမည်မျှ ပေါက်သည်ဖြစ်စေ အခြေခံဈေးနှုန်းအဖြစ် တင်း ၁၀၀ လျှင် ငါးသိန်းကျပ်ဈေးနှုန်း သတ်မှတ်ကြောင်း မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ်က မတ်လ ၆ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပေါ်ဆန်း၊ အထူးဧည့်မထ အုပ်စုစသော အဆင့်မြင့်စပါးအုပ်စုများမှာ တင်း ၁၀၀ လျှင် ကျပ် ခုနစ်သိန်းမှ ၁၀ သိန်းအထိ ဈေးပေါက်နေသော်လည်း သာမန်စပါးအမျိုးအစားများမှာ စပါးပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းလေ့ ရှိသည့်အတွက် လုပ်ကွက်ငယ် တောင်သူများ၏ အကျိုးစီးပွားကို ဦးစားပေးသည့်အနေဖြင့် ယင်းသို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ယင်းသတ်မှတ်မှုကို မတ်လ ၆ ရက်က နေပြည်တော်၌ ပြုလုပ်ကျင်းပနေသည့် မြန်မာ့ဆန်စပးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအခြေခံဈေးနှုန်း သတ်မှတ်မှုမှာ ၂၀၁၈ ခုနှစ် နွေစပါးပေါ်ချိန်မှ ၂၀၁၈ ခုနှစ် မိုးစပါးပေါ်ချိန်အထိ ရည်ရွယ်ခြင်းဖြစ်ကာ ၀ယ်ယူမည့် စပါးမှာ အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိရမည်ဖြစ်ကာ အဖျင်းအမှော် ဖုန်၊ သဲ၊ ခဲစသော အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ ပေါင်ကိုက် စပါးတင်းတစ်ရာလျှင် ငါးသိန်းဈေးနှုန်း သတ်မှတ်ခြင်းဖြစ်သည်။

သို့သော် စပါးပေါ်ချိန်တွင် ဈေးကွက်ပေါက်ဈေးမှာ အခြေခံဈေးနှုန်းထက် မြင့်မားနေပါက ဈေးကွက်ပေါက်ဈေး အတိုင်း ရောင်းဝယ်နိုင်ပြီး အခြေခံဈေးနှုန်းထက် နိမ့်ကျနေလျှင်မူ အခြေခံဈေးနှုန်းအတိုင်းသာ ရောင်းဝယ်ကြရမည် ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo