Ad

Slider

မတ်လ ၂၂ ရက် (မနက်ဖြန်) တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ် ရွေးမည်

ရန်ကုန်၊ မတ် ၂၁

ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ နေရာတွင် ဥက္ကဋ္ဌသစ် အစားထိုးခန့်အပ်ခြင်းကို မတ်လ ၂၂ ရက်တွင် ပြုလုပ်သွားမည် ယင်းနေ့တွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေး အစီအစဉ် (လျာထားချက်)တွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသော “ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (၃၁) ရက်မြောက်နေ့ အစီအစဉ် (လျာထားချက်)” တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်ပြီး အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“၉။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း” ဟု ဖော်ပြထားသည်။ ထို့ပြင် အစီအစဉ် နံပါတ် ၁၀ တွင် “လိုအပ်လျှင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း” ပြုလုပ်မည်ဖြစ်ကြောင်းလည်း ယင်းအစီအစဉ် လျာထားချက်တွင် ပါရှိသည်။ သို့သော် ယင်းအစီအစဉ်များမှာ လျာထားချက်ဖြစ်သောကြောင့် အစည်းအဝေးအစီအစဉ် အပြောင်းအလဲ ရှိနိုင်ကြောင်းလည်း ပြည်သူ့လွှတ်တော်ရုံး၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်မှာ မတ်လ ၂၁ ရက်က နုတ်ထွက်သွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် နုတ်ထွက်ရသည်ကိုမူ ၎င်း၏ နုတ်ထွက်စာတွင် ဖော်ပြထားခြင်း မရှိပေ။ လစ်လပ်နေသည့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် အနီးကပ်ဆုံး ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစားထိုးတင်မြှောက်ရမည်ဟု အခြေခံဥပဒေ ပုဒ်မ ၁၁၁ (က) (၂) တွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo