Ad

Slider

ကြည်လင်းနှင့် သုံးဦးကို သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြင့် စွဲချက်တင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရန်ကုန်လေဆိပ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသူ ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ ကြည်လင်း အပါအ၀င် လေးဦးကို အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် ဖေဖော်ဝါရီလ ၉ ရက် ရုံးချိန်းတွင် စွဲချက်တင်အမိန့် ချမှတ်လိုက်ပြီ ဖြစ်သည်။

ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြုလုပ်သည့် ယင်းရုံးချိန်းတွင် ၎င်းတို့ လေးဦးအား ပုဒ်မ ၃၀၂ (၁)(ခ)/၃၄ ဖြင့် စွဲချက်တင်အမိန့် ချမှတ်လိုက်ခြင်းဖြစ်ပြီး ယင်းပုဒ်မမှာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်အထိ ချမှတ်နိုင်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ (၁) (ခ) မှာ တင်ကူးရည်ရွယ်ချက် (Premeditation) ဖြင့် သတ်ခြင်း (ဥပမာအားဖြင့် သတ်ဖြတ်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ကြိုတင်စီမံအကွက်ချ သတ်ဖြတ်ခြင်း) အတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ကာ ကျူးလွန်သူကို သေဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် အမှုတွင် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့် အောင်ဝင်းခိုင်ကိုမူ ရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၈၈ အရ တရားခံအပြစ် အမိန့်ချခဲ့ပြီး မည်သူမဆို တွေ့သည့်နေရာတွင် ဖမ်းဆီးပိုင်ခွင့်ရှိကြောင်းလည်း ရုံးတော်က အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် အောင်ဝင်းဇော်အား ကားမောင်းပို့ပေးခဲ့သူ အောင်ဝင်းထွန်းကိုမူ အားပေးကူညီမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင်အမိန့် ချမှတ်လိုက်သည်။

ဦးကိုနီမှာ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်လာစေရန် လမ်းပြမြေပုံနှင့် လုပ်ငန်းလမ်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် အချိန်အခါ သင့်ပြီဖြစ်ကြောင်း လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များကို ၂၁၀၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် ပန်ကြားလွှာထုတ် တိုက်တွန်းခဲ့သူဖြစ်သည်။ ယင်းနောက် တစ်လခန့်အကြာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက် အင်ဒိုနီးရှားခရီးစဉ်မှအပြန် ရန်ကုန်လေဆိပ်တွင် လုပ်ကြံပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo