Ad

Slider

ရိုးမဘဏ် ဗုံးခွဲတိုက်ခိုက်ခံရမှုအတွက် စိစစ်နေဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ဘဏ်ဝန်ထမ်း အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိစေခဲ့သည့် လားရှိုးမြို့ ရိုးမဘဏ် ဗုံးခွဲတိုက်ခိုက်ခံရမှုမှာ အစိုးရက လုပ်ဆောင်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ထိခိုက်စေသည်ဟု အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၂၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် အများပြည်သူ နေရာဌာနများ၊ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် ယင်းအကြမ်းဖက် မိုင်းဖောက်ခွဲလုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် သေဆုံး၊ ထိခိုက်ခဲ့ရသူများအတွက် ၀မ်းနည်းကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ဗုံးခွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍လည်း မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို စိစစ်ဆဲဖြစ်ကြောင်းနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo