Ad

Slider

4TV/5Nerwork စက် မကြည့်လိုတော့သူများကို စက်နှင့် လက်ကျန် Package အလိုက် တန်ဖိုးငွေ ပြန်အမ်းမည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

Forever Group က စီစဉ်ထုတ်လွှင့်နေသည့် 4TV နှင့် 5Network အစီအစဉ်အချို့အားပြောင်းလဲထုတ်လွှင့်ခဲ့သည့်အတွက် မကျေနပ်မှုများ ဖြစ်ပေါ်လာပြီး စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားမှုများ ရှိလာခဲ့ဖြင့် ဖေဖော်ဝါရီလ ၈ ရက်က နေပြည်တော် စားသုံးသူရေးရာ ဦးစီးဌာနရုံးချုပ်၌ Forever Group တာဝန်ရှိသူများ တွေ့ဆုံပြီးနောက် ဆက်လက်မကြည့်လိုသူများကို စက်တန်ဖိုးနှင့် ၀ယ်ယူထားသော လက်ကျန် Package အလိုက် တန်ဖိုးငွေကို ပြန်အမ်းပေးမည် ဖြစ်ကြောင်း တွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် ဦးစီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုအခြေအနေများကို စားသုံးသူရေးရာ ဦးစီးဌာနက အောက်ဖော်ပြပါအတိုင်း ယခုကဲ့သို့ ထုတ်ပြန်ကြေညာထားသည်။
 
ပြည့်အောင်
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo