Ad

Slider

NLD အမတ်သုံးဦးအား ပါတီတာဝန်အသီးသီးမှ ရပ်စဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၆

မည်သည့်အတွက်ကြောင့်ဟု သေချာစွာ ဖော်ပြထားခြင်းမရှိဘဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NL မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးအား ပါတီ၏ တာဝန်အသီးသီးမှ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က နိုဝင်ဘာလ ၂၆ ရက်က ကြေညာချက်ထုတ်လိုက်သည်။

ကြေညာချက်အမှတ် ၃/၁၀/၂၀၁၆ အရ တာဝန်အသီးသီးမှ ရုပ်သိမ်းခံရသည့် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှာ ဦးစိန်ဝင်း (မအူပင်မြို့နယ်)၊ ဒေါက်တာစိုးမိုးသူ (မြောင်းမြမြို့နယ်) နှင့် ဦးဥာဏ်လင်း (ရွှေပြည်သာမြို့နယ်) တို့ ဖြစ်သည်။

ဒေါက်တာစိုးမိုးသူမှာ လူမှုရေးပြဿနာများကြောင့် လူအများ အာရုံစိုက်ခံခဲ့ရသော ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဦးဥာဏ်လင်းမှာ ရွှေပြည်သာမြို့နယ်အတွင်းရှိ မိုတယ်တစ်ခုအတွင်း မိုတယ်ဝန်ထမ်းများနှင့် အချင်းပွားမှု ဖြစ်ပွားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အာရုံစိုက်ခံခဲ့ရသည့် ကိုယ်စားလှယ် ဖြစ်သည်။

ထို့ပြင် တာဝန်အသီးသီးမှ ရုပ်သိမ်းခံရသူ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းမှာ ပြည်သူ့လွှတ်တော် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo