Ad

Slider

ရခိုင်အရေး တရုတ် ကူညီမည်

နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင်များ တွေ့ဆုံနေကြစဉ်
Photo : http://www.statecounsellor.gov.mm
ရန်ကုန်၊ အောက်တိုဘာ ၁၈

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကောင်းစွာ နားလည်သဘောပေါက်ကြောင်းနှင့် အပြုသဘော ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပြောဆိုလိုက်သည်။

အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့ရှိ Hotel Leela တွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၁၇ ရက်က တွေ့ဆုံစဉ် နိုင်ငံတော်အတိုင်ပင်ခံက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ နောက်ဆုံးဖြစ်ရပ်များနှင့် ဆက်စပ်၍ ရှင်းလင်းပြီးနောက် “တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ကောင်းစွာ နားလည်သဘောပေါက်ကြောင်းနှင့် အပြုသဘော ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်အပါအ၀င် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ပါတီဗဟိုကော်မတီ နိုင်ငံရေး ဗျူရိုအဖွဲ့ဝင်နှင့် မူဝါဒရေးရာ သုတေသနရုံး အကြီးအကဲ Mr.Wang Huning ၊ ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ပါတီအတွင်းရေးမှူးရုံးအဖွဲ့ဝင် Mr. Li Zhanshu ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် Mr. Yang Jiechi နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ယင်းတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံနယ်စပ်ဒေသများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးညှိနှိုင်းမှုများ စတင်ရေး အပါအ၀င် အခြားသော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo