ပုသိမ်၊ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများကို မှုခင်းပညာပေးပြခန်းယာဉ်ဖြင့် ပြသ၍ မှုခင်းကျဆင်းရေး ပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မှုခင်းကျဆင်းရေးနှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းဖော်ဆောင်ရေး ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့ကစတင်ကာ ပုသိမ်မြို့တော် ခန်းမရှေ့တွင် မှုခင်းပညာပေးပြခန်း ယာဉ်ဖြင့် ပြည်သူလူထုအသိပညာပေးမှုများ လုပ်ဆောင်နေခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ လေ့လာစေခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပြခန်းယာဉ်တွင် မြို့ပေါ်ရဲစခန်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့တို့၏ ဆောင်ရွက်ချက်များ ပြသထားပြီး လာရောက်ကြည့်ရှုသည့် ကျောင်းသားများနှင့် ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာကြရန်၊ လူကုန်ကူးမှုများ၊ မှုခင်းများအားအား ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာကွယ်ကြရန် စသဖြင့်ရဲတပ်ဖွဲ့ဝင်များက ဟောပြောပညာပေးမှုများ ပြုလုပ်ခဲ့ကြသည်။
ကျုံသယ်လ် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)

No comments
Post a Comment