Ad

Slider

ကလေး-ကလေးဝမြို့ကြားတွင် အင်အားမပြင်းထန်သည့် မြေငလျင် လှုပ်ခတ် (Breaking News)

ကလေး၊ သြဂုတ် ၂၃

လမ်းမြေအက်ကွဲကာ၊ မြေသားပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ချောင်းကျဉ်းနှင့် သစ်ချောက်ကျေးရွာကြားတွင် သြဂုတ်လ ၂၃ ရက် နံနက်ပိုင်း အင်အား မပြင်းထန်သည့် မြေငလျင်တစ်ရပ် လှုပ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။

မိနစ်အနည်းငယ်ခန့် ကြာမြင့်သော အဆိုပါမြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု မည်ရွေ့မည်မျှရှိကြောင်းကိုမူ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

ယင်းဒေသတွင် သြဂုတ်လ ၁၁ ရက်ကလည်း လမ်းများ အက်ကွဲကာ လမ်းမြေသား လေးပေခန့် နိမ့်ကျပျက်စီးမှုဖြစ်ခဲ့သေးရာ ယင်းပြိုကျပျက်စီးမှုအား ငလျင်နိမ့်ဟု ဒေသခံများက ခေါ်ဝေါ်ခဲ့ကြသေးသည်။

ယင်းသို့ ခေါ်ဆိုရခြင်းမှာ အဆိုပါ ဒေသမှာ ငလျင်ကြောအတွင်း ကျရောက်နေသော ဒေသဖြစ်ပြီး နောက်ဆက်တွဲ ငလျင်များ ထပ်မံဖြစ်ပွားမည်ကိုလည်း ဒေသခံများ စိုးရိမ်လျက် ရှိသည်။

ကိုမောင် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo