Ad

Slider

ရေစီးပြင်းထန်၍ ကလေး၊ ဆည်ကြီးချောင်းယာယီတံတား ရေလယ်တိုင် ကျိုး

ကလေး၊ သြဂုတ် ၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ ကလေးနှင့် ဆည်ကြီးကျေးရွာဆက် ဆည်ကြီး ယာယီတံတားမှာ ချောင်းရေစီးအား ပြင်းထန်မှုကြောင့် တံတားရေလယ်ဒေါက်တိုင် ကျိုးသွားခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေးအတွက် ခက်ခဲမှုများ ဖြစ်ပေါ်လျက် ရှိသည်။

အဆိုပါ ယာယီတံတား၏ ရေလယ်ဒေါက်တိုင်မှာ ဇူလိုင်လ ၃၁ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေစီးအား ပြင်းထန်လာမှုကြောင့် ကျိုးသွားခဲ့ခြင်းဖြစ်ကာ ကျန်တံတားဒေါက်တိုင်မှာလည်း စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိလျက် ရှိသည်။


ဆည်ကြီးကျေးရွာ ယာယီကြိုးတံတားကို ဒေသခံပြည်သူလူထုနှင့် 3D ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်ကာ ဆည်ကြီးကျေးရွာနှင့် ကလေးမြို့ ဆက်သွယ်ရန်အတွက် အဓိကကျသည့် ကြိုးတံတားလည်း ဖြစ်သည်။


ကျန်ရှိနေသည့် တံတားဒေါက်တိုင်ပါ ပျက်စီးသွားပါက ယင်းယာယီကြိုးတံတားအား အသုံးပြုရန် မဖြစ်နိုင်တော့သည့်အတွက် ကျေးရွာတွင်း စားသောက်ကုန် ပြတ်တောက်နိုင်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စများအတွက် သွားလာရေးတို့တွင် အခက်အခဲများ ကြုံရမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိသည်။

သန့်ဇင်ဆွေ (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo