Ad

Slider

မြန်မာ-အိန္ဒိယကြား တီယိုချောင်းကြိုးတံတား ရေထဲ မျောပါ

ကလေး၊ သြဂုတ် ၂၁

မြန်မာနိုင်ငံဘက်ခြမ်း ချင်းပြည်နယ်၊ ထန်တလန်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကျဲမ်ဖိုင်းခရိုင်အား ဆက်သွယ်ထားသည့် တစ်ခုတည်းသော ကြိုးတံတားဖြစ်သည့် တီယိုချောင်းကူး ကြိုးတံတားမှာ တောင်ကျချောင်းရေကြောင့် သြဂုတ်လ ၂၁ ရက်က မျောပါပျက်စီးသွားခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲလျက်ရှိကြောင်း ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တီယိုချောင်းကြိုးတံတားမှာ ထန်တလန်မြို့နယ်၊ တလန်လို (Tlanglo) ကျေးရွာနှင့် မီဇိုရမ်ပြည်နယ်၊ ကျဲမ်ဖိုင်းခရိုင်၊ ဖားရ်ကောန် (Farkawn) ကျေးရွာတို့အကြား ဆက်သွယ်ထားခြင်း ဖြစ်သည်။


အဆိုပါ ချောင်းရေမှာ သြဂုတ်လ ၂၁ ရက် နံနက်ပိုင်းကတည်းက ချောင်းရေတိုးခဲ့ခြင်းဖြစ်ကာ ရေတိုးမှုကြောင့် ချောင်းအနီးနေထိုင်ကြသည့် ဒေသခံ အိမ်ခြေငါးလုံးမှာလည်း ရေနစ်မြုပ်ခဲ့သည်။

ယင်းတီယိုချောင်း ကြိုးတံတားမှာ မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးအတွက် ဒေသခံများ အဓိကထား သုံးစွဲနေကြသည့် ချောင်းကူးတံတားလည်းဖြစ်ကာ ယင်း တံတားပျက်စီးသွားသည့်အတွက် ကုန်ပစ္စည်းစီးဆင်းမှုအပေါ် များစွာ ထိခိုက်မှု ဖြစ်ပေါ်စေကာ လမ်းပန်းဆက်သွယ်ရေးအတွက်လည်း ထိခိုက်စေခဲ့သည်။


ထို့ပြင် တီယိုချောင်းအတွင်းသို့ စီးဝင်လာသော လဗာ Lahva ချောင်းတွင်လည်း ချောင်းကူးတံတားတစ်စီး မျောပါပျက်စီးမှု ဖြစ်ခဲ့ပြီး ယင်းဒေသမှာ ချင်းအမျိုးသားတပ်ဦး CNF ၏ ၀ိတိုရိယကျေးရွာသစ် စီမံကိန်းတည်ရှိရာ နေရာလည်း ဖြစ်သည်။

ကိုမောင် (အောက်ချင်းသစ္စာ သတင်းအေဂျင်စီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo