![]() |
ဓာတ်ပုံ - ဦးအေးဝင်း |
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မိုးညိုမြို့နယ်၊ စံပယ်မြှောင်အုပ်စုရှိ အောက် စိန်တိုင်ကျေးရွာတွင် သြဂုတ်လ ၁၆ ရက် ညပိုင်းက လေဆင်နှာမောင်း တိုက်ခက်ခဲ့၍ နေအိမ် ၁၆ လုံး ပျက်စီးခဲ့ကာ ဒေသခံ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မိုးညိုမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးဝင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၁၆ ရက် ည ၉ နာရီခွဲခန့်က လေဆင်နှာမောင်း စတင်တိုက်ခတ်ခဲ့ခြင်းဖြစ်ကာ နေအိမ်များအပြင် သစ်ပင်များပါ ပြိုလဲခဲ့မှုကြောင့် ဒေသခံ ခြောက်ဦး ထိခိုက်ခဲ့ရာ နှစ်ဦးမှာ အတွင်းလူနာအဖြစ် ကုသခံနေရဆဲ ဖြစ်သည်။
![]() |
ဓာတ်ပုံ - ဦးအေးဝင်း |
![]() |
ဓာတ်ပုံ - ဦးအေးဝင်း |
လတ်တလောတွင် ပျက်စီးသွားသည့် နေအိမ်နှင့် ပြိုကျနေသည့် သစ်ပင်များကို အနီးအနားရှိ အခြားသော ကျေးရွာများမှ ပြည်သူများနှင့် စုပေါင်းကာ ရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး သွားလာရေးအတွက် အခက်အခဲများလည်း ဖြစ်ပေါ်လျက် ရှိသည်။
![]() |
ဓာတ်ပုံ - ဦးအေးဝင်း |
ဒေးဗစ်
No comments
Post a Comment