Ad

Slider

အမြန်ပြုပြင်ပေးစေလို (ပေးစာကဏ္ဍ)


စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး အရှေ့မြောက်ဘက် သြဘာလမ်းပေါ်ရှိ တံတားမှာ တံတားချဉ်းကပ် ကွန်ကရစ်ဘောင် အောက်ခြေ ပျက်စီးမှုကြောင့် နိမ့်ကျလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အလျင်အမြန် ပြုပြင်ပေးစေလိုကြောင်း ကလေးမြို့ခံ ပြည်သူများက ပြောကြားလျက် ရှိသည်။

"တံတားနိမ့်ကျတာ အတော်ကြာပြီဗျ။ စိတ်ချလက်ချတော့ မသွားဝံ့ဘူး။ ကိုယ်လျှောက်သွားတုန်း ပြိုကျမှာ စိုးရိန်စွာနဲ့ သွားနေရတာ။ သက်ဆိုင်ရာက လာကြည့်ပြီး ခိုင်ခံ့မှုမရှိရင် အမြန်ပြုပြင်ပေးရင် ကောင်းမယ်" ဟု အဆိုပါ တံတားအား နေ့စဉ် အသုံးပြုနေရသည့် ကလေးမြို့ခံတစ်ဦးက ဆိုသည်။

အခြားမြို့ခံ လူငယ်တစ်ဦးကမူ "ကျွန်တော်တော့ အမြန်ဖြတ်ကူးတယ်ဗျ။ ဖြတ်ကူးနေတုန်း တံတားကျိုးမှာ ကြောက်လို့"ဟု ပြောသည်။




အဆိုပါ တံတားကို တမူးမြို့ခံ ဒေါက်တာတင်အောင်ဆွေနှင့် ဒေါ်ခင်မြင့်ဆွေတို့၏ လှူဒါန်းမှုဖြင့် ၂၀၀၅ ခုနှစ်အတွင်းက တည်ဆောက်ထားခြင်းဖြစ်ကာ ယခုအခါ တံတားကြံ့ခိုင်မှု နည်းပါးလာကာ တံတားချဉ်းကပ် ကွန်ကရစ်ဘောင် အောက်ခြေ ပျက်စီးမှုကြောင့် အဆိုပါတံတားအား သက်ဆိုင်ရာမှ အလျင်အမြန် ပြုပြင်ပေးစေလိုကြောင်း ယင်းတံတားအား နေ့စဉ် အသုံးပြုနေသည့် ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှတစ်ဆင့် တောင်းဆိုထားသည်။
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo