Ad

အစိုးရသည် ချင်းပြည်နယ် နယ်နိမိတ်တွင်းမှာ ရှိတဲ့ ချင်းတွေ အတွက်ပဲ တာဝန်ရှိတယ်လို့ ပြောရင် တော်တော်မှားတယ်

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံမေးမြန်းခြင်း (၃)

Photo by Salai Isaac Khen's Facebook

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည့် ချင်းပြည်နယ်၌ ဒေသ ရေရှည်ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်ချက်များစွာ ရှိနေပေသည်။ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး မှသည် အခြားသော အခြေခံအဆောက်အအုံများ ပြည့်စုံရေးအထိ များစွာ လုပ်ကိုင်ရဦးမည် ဖြစ်သည်။

ထို့ပြင် ပြည်နယ်၏ လူသားအရင်းအမြစ်များ ဆုံးရှုံးနေမှုအပါအ၀င် ပြည်ပရောက် ချင်းတိုင်းရင်းသားများ ပြန်လာရေးမှာလည်း ပြည်နယ်အစိုးရအတွက် စိန်ခေါ်ချက်တစ်ခုဖြစ်နေပြီး တိုင်းရင်းသားများကြား မျိုးနွယ်စု မတူညီမှု ပြဿနာများကလည်း မဖြစ်မနေ ဖြေရှင်းရမည့် အချက်တစ်ခု ဖြစ်နေပေသည်။

ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဖြည့်တင်း လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ စိန်ခေါ်ချက်များနှင့် ပြဿနာများစွာ ရှိသည့်အနက် မည်သည့်ကဏ္ဍအား စတင်ကိုင်တွယ်ရမည့်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်အား အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှာ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုအား ဖော်ပြလိုက်ပါသည်။

--------------------------------

မေး - နောက်တစ်ခုက ထင်သာမြင်သာ ရှိတဲ့ကိစ္စတစ်ခုပါ။ ပြည်နယ်မတိုးတက်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးထဲမှာ Migratation ဖြစ်တာလည်း ပါဝင်နေတာကို တွေ့ရတယ်။။ ဒီတော့ အစိုးရအနေနဲ့ ဒီကိစ္စကို ကုစားဖို့ အစိုးရအနေနဲ့ ဘယ်လိုမျိုး လုပ်ဖို့် စဉ်းစားထားတာ ရှိလား၊ ဘယ် လို စီမံကိန်းတွေ ချထားတာ ရှိသလဲ။

ဖြေ - တကယ့်တကယ်တော့ ဒါက အစိုးရသစ်မှာ အဓိက ထည့်သွင်းစဉ်းစားတဲ့ စဉ်းစားချက်တစ်ခု ဖြစ်တယ်။ ကျွန်တော်တို့ ဒီ ၂၀၁၄ UNHCR ရဲ့ ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များ မဟာမင်းကြီးရုံး ရဲ့ ထုတ်ပြန်ချက်အရ အရှေ့တောင်အာရှမှာ ဒုက္ခသည်ပေါ့၊ နိုင်ငံရေးအရပေါ့နော်။ ကိုယ့်တိုင်းပြည် ထဲ နေရပ်စွန့်ခွာပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အုပ်စုမှာ အဲဒီအရေအတွက်က ၁၀ သိန်း လောက် ရှိတယ်၊ တစ်သန်းပေါ့။ အဲဒီထဲမှာ ပထမအများဆုံးကတေ့ ဗီယက်နမ်ပေါ့။ ဒုတိယ အများဆုံးကတော့ မြန်မာပြည်က ဖြစ်တယ်။။ အဲဒီတော့ ဒုတိယအများဆုံးဖြစ်တဲ့အထဲမှာ အရေ အတွက် ပထမအများဆုံးကတော့ ဘင်္ဂါလီ။ ဒီဘက် ရခိုင်ပြည်ဘက်က အုပ်စုတွေ ဖြစ်တယ်။ ဒုတိယအများဆုံးကတော့ ချင်းတွေ ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ အရှေ့တောင်အာရှရဲ့ Refugee စာရင်းထဲမှာ မှတ်ပုံတင်ထားတဲ့ အထဲမှာကိုယ်၌က ချင်းတွေက တတိယ အများဆုံးထဲ မှာပါနေတယ်။ စနစ်တကျ မှတ်တမ်းမတင်ထားတဲ့ စာရင်းတွေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ဒီထက် ပိုများနိုင်စရာ အကြောင်းရှိတယ်။ ချင်းပြည်နယ်သည် ဒုက္ခသည်ကိစ္စ ပြောမယ်ဆိုရင် တော်တော် ကြီးကို ဦးစားပေးပြီးတော့ စဉ်းစားရမယ့် ကိစ္စ ရှိတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ အနေအထားကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒုက္ခသည် ရှိတာပေါ့လေ။ IDPs မဟုတ်ဘူးနော်။ IDPs ကတော့ နေရပ်စွန့်ခွာပြည်သူတွေကျတော့ ကိုယ့်တိုင်းပြည်ထဲမှာပဲ ကိုယ်ရွာကနေ နောက်တစ်နေ ရာ ပြောင်းတာ၊ ကိုယ့်ပြည်နယ်ထဲကနေ တခြားရွေ့ရတာ၊ အဲဒါက IDPs တွေ။ ဒုက္ခသည်တွေက ကိုယ့်တိုင်းပြည်ထဲကနေ အပြင်ကို ရောက်သွားတဲ့ အုပ်စုတွေ။ ဒုက္ခသည်တွေမှာက ကရင်မှာ ရှိတယ်၊ ရှမ်းမှာ ရှိတယ်၊ မွန်မှာ ရှိတယ်၊ တနင်္သာရီမှာ ရှိတယ်။ ဒါက ယိုးဒယားဘက်ကို ဒုက္ခသည် အနေနဲ့ သွားနေကြတာပေါ့။ အဲဒီဟာတွေက စစ်ကြောင့်၊ တိုက်ရိုက် ပစ်ခတ်တိုက်ခက်မှု ဖြစ်ကြလို့၊ တိုက်ပွဲတွေ ဖြစ်ကြလို့၊ စစ်ပွဲတွေ ဖြစ်ကြလို့ ပြေးကြတာ ဖြစ်တယ်။
Refugee Return ကို စဉ်းစားတဲ့အခါမှာ အရေးကြီးတဲ့အချက်က သူတို့ ကိုယ်တိုင်ပြန်လာဖို့ ရွေးချယ်ဆုံးဖြတ်တဲ့ဟာ ဖြစ်ဖို့ လိုတယ်။ တကယ့် ဂုဏ်သိက္ခာရှိတဲ့၊ အရှက်ရ စေသော သို့တည်းမဟုတ် မျက်နှာငယ်ရစေသော ပြန်လာမှုမျိုး မဖြစ်စေချင်ဘူး။ နောက်တစ်ခုက ဘာလဲဆိုလို့ရှိရင် Safe Return ပေါ့။ လုံခြုံစိတ်ချရတဲ့ နေရပ်ပြန်လာခြင်းမျိုး ဖြစ်ဖို့...
ဒါပေမဲ့ ချင်းမှာ ဖြစ်တာဥစ္စာက တိုက်ရိုက်ပစ်ကြ ခတ်ကြလို့ မဟုတ်ဘူး။ တိုက်ရိုက် ပစ်ကြခတ်ကြတဲ့အတွက်ကြောင့်မို့ ထွက်ပြေးကြတာ မဟုတ်ဘူး။ အဲဒါ အစောပိုင်း ကျွန်တော် ပြောတဲ့ နိုင်ငံရေးအရ ဖြတ်လေးဖြတ်ပေါ့။ နိုင်ငံရေးအရ ခွဲခြားဆက်ဆံမှု ပြုပြီးတဲ့အခါမှာ စီးပွားရေးစနစ်ကို ပျက်ထွက်သွားတယ်။ အဲဒီအချိန်အခါမှာ အဲဒီလူတွေ အလုပ်လက်မဲ့ ဖြစ်လာတယ်၊ အလုပ်အကိုင် မရှိကြတော့ဘူး။ မစားနိုင် မသောက်နိုင်။ အဲဒီအချိန်မှာ ဘာဖြစ် သလဲဆိုရင် နိုင်ငံရေးအရ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုဖြစ်လာတဲ့အခါ စီးပွားရေးက ချွတ်ခြုံကျတယ်။ အဲဒီအခါကျတော့ ဒီဒဏ်ကို တွေ့တဲ့သူတွေက ထွက်ပြေးပြီးတော့၊ ကိုယ့်တိုင်းပြည်က ထွက်ပြီး တော့မှ တစ်နေရာမှာ ခိုလှုံကြရတဲ့ သဘောမျိုးဖြစ်တယ်။ အဲဒီတော့ ချင်းလူမျိုးများရဲ့ ဒုက္ခသည် ဖြစ်တာသည် အဲဒီကိစ္စက One of the Root (ရေသောက်မြစ်တစ်ခု) ဖြစ်တယ်။ ဆိုတော့ တခြားနိုင်ငံရေးကြောင့်၊ ၈၈ အရေးအခင်းမှာ ပါလို့ ပြေးရတဲ့အရေအတွက်ထက် နိုင်ငံရေး ခွဲခြား ဆက်ဆံမှု နောက်ဆက်တွဲ ဖြစ်လာတဲ့ စီးပွားရေးချွတ်ခြုံကျမှုကို မခံနိုင်တော့တဲ့အတွက်ကြောင့် မို့လို့ ထွက်ပြေးရတဲ့ အရေအတွက်က အများဆုံးဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့ က ခုနက ပြောတဲ့ Refugee Retrun, ဒုက္ခသည်တွေ ပြန်လာမယ့် ကိစ္စကို အထူးအလေးအနက် ထားပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။ အဲဒီနေရာမှာ ဘာတစ်ခု ပြန်စဉ်းစားသလဲဆိုတော့ Refugee တွေ မလေးရှားမှာ အများဆုံး နေတယ်။ Third Country တတိယနိုင်ငံ ရောက်သွားတဲ့ အုပ်စုတွေ ကတော့ အမေရိကားတို့ သြစတြေးလျတို့ရောက်တဲ့ အုပ်စုတွေကတော့ အခြေအနေ ကောင်း တယ်။ သူတို့က ဟိုဘက်မှာ သက်ဆိုင်ရာ တတိယနိုင်ငံမှာ ပြန်လည် အခြေချခွင့်ရတယ်။ ဒါပေမဲ့ အဲဒီနေရာကို မရောက်ခင် လောလောဆယ် ကြားစခန်းပေါ့။ ကြားစခန်းဖြစ်တဲ့ မလေးရှားလိုမျိုး၊ အိန္ဒိယလိုမျိုး ရောက်တဲ့သူတွေအတွက်က အင်မတန် အခက်အခဲကြုံရတာ ဖြစ်တယ်။ မလေးရှား မှာဆိုရင် အလုပ်လုပ်လို့ ရတယ်၊ သို့သော် စာသင်တာတို့၊ ကျောင်းတက်တာတို့ လုပ်လို့ မရဘူး။ မလေးရှားမှာလည်းပဲ နေရာတိုင်း မသွား မရဘူး။ အများဆုံးက ကိုယ့်နေရာမှာ ကိုယ်နေရတယ်။ ဥပမာ ကွာလာလမ်ပူတစ်ဝိုက်မှာ နေတဲ့သူတွေက ဟိုဘက် ဘော်နီယိုတို့ဘက်၊ ဟိုဘက် မသွားရဘူး အစရှိသဖြင့်ပေါ့။ ဆိုတော့ သူတို့ထဲမှာ ကန့်သတ်ထားတာတွေ ရှိတယ်။ နောက် နိုင်ငံ တကာ လျှောက်သွားလို့ မရဘူး။ သို့သော်လည်းပဲ အိန္ဒိယက လူတွေကျတော့ ကျောင်းတက်လို့ ရတယ်။ ကျောင်းတက်ခွင့်ပေးတယ်။ ဒါပေမဲ့ အလုပ်လုပ်ခွင့် မရပြန်ဘူး။ ဆိုတော့ အဲဒါတွေ ပေါ့နော်။ အဲဒီလိုမျိုး အကန့်အသတ်တွေ အများကြီးရှိတဲ့အခါမှာ ဒီ Refugee Return ကိုလည်း စဉ်းစားတာ ဖြစ်တယ်။ ဒီ Refugee Return ကို စဉ်းစားတဲ့အခါမှာ အရေးကြီးတဲ့အချက်က သူတို့ ကိုယ်တိုင်ပြန်လာဖို့ ရွေးချယ်ဆုံးဖြတ်တဲ့ဟာ ဖြစ်ဖို့ လိုတယ်။ တကယ့် ဂုဏ်သိက္ခာရှိတဲ့၊ အရှက်ရ စေသော သို့တည်းမဟုတ် မျက်နှာငယ်ရစေသော ပြန်လာမှုမျိုး မဖြစ်စေချင်ဘူး။ နောက်တစ်ခုက ဘာလဲဆိုလို့ရှိရင် Safe Return ပေါ့။ လုံခြုံစိတ်ချရတဲ့ နေရပ်ပြန်လာခြင်းမျိုး ဖြစ်ဖို့ဆိုတာ ကျွန်တော်တို့ အထူး အလေးအနက်ထား ဆောင်ရွက်ဖို့ ရှိပါတယ်။ သို့သော် လောလောဆယ်မှာ ကျွန်တော်တို့ ဒီဟာကို မကိုင်တွယ်နိုင်သေးပါဘူး။ ရက် ၁၀၀ အတွင်းမှာတော့ မကိုင်တွယ်နိုင် သေးပါဘူး။ ဘာလို့ဆိုတော့ ဒါက သွားတဲ့အခါမှာ Resettlement, နေရာချထားရေး၊ ပြန်လည်ထူ ထောင်ရေးကိစ္စတွေ အများကြီး စဉ်းစားရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့။ သို့သော်လည်းပဲ ဒါတွေကို ပြည်နယ်အစိုးရသစ်အနေနဲ့ မလွဲမသွေ စဉ်းစားဖို့တော့ ရှိပါတယ်။

Photo by Salai Isaac Khen's Facebook

မေး - ၀န်ကြီး ပြောသွားတဲ့အထဲမှာလည်း ရှိပါတယ်။ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင် မယ့် ကဏ္ဍတွေ အများကြီး ရှိတယ်ပေါ့။ ဒီကဏ္ဍတွေမှာ ဘယ် Sector ကိုတော့ ချက်ချင်း လုပ်ရ မယ့် စသဖြင့် သီးခြားခွဲထားတာမျိုး ရှိရင် ပြောပါဦး။

ဖြေ - အဲဒါမျိုးကတော့ ကျွန်တော်တို့ အပြီးသတ် ရုပ်လုံးမပေါ်သေးဘူး။ အခု ကျွန်တော်တို့ ဖိုရမ်တွေ လုပ်နေတယ်။ ဆိုောတ့ အဲဒီဖိုရမ်တွေ ပြီးသွားတဲ့အခါ Paper တွေ ထွက်လာလိမ့်မယ်။ ဘယ်ကဏ္ဍကိုတော့ ရေတို၊ ဘယ်ဟာတော့ ရေရှည်၊ ဘယ်ဟာတော့ ရေလတ် စသဖြင့် ပေါ်လာလိမ့်မယ်။ အရေးကြီးတာက ချင်းပြည်နယ်ရဲ့ Development Plan ပေါ့။ ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ စီမံချက်တွေ ဒါလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာပါလိမ့်မယ်။ လောလောဆယ် ကျွန်တော်တို့ အများဆုံးအချိန်ပေးနေတာကတော့ အရင်အစိုးရလက်ထက်တုန်းက မပြီးပြတ်သေးတဲ့ လုပ်ငန်းကြွေးကျန်တွေပါ။ ဒါတွေကို လက်စသတ်နေတာ။ အဲဒီက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို၊ အရင်အစိုးရလက်ထက်က ဒီဘက်ကူးလာတဲ့ ကိစ္စတွေကို ပစ်ထားလို့ မရသေးဘူး။ ကျွန်တော်တို့ လုပ်ငန်းသစ်တွေ၊ မဟာဗျူဟာကျတဲ့ ကိစ္စတွေကို မကိုင်နိုင်သေးခင် အဲဒါတွေ ကိုင်ဖို့အတွက်က အခုလောလောဆယ် အရင်အစိုးရလက်ထက်က ပါလာတဲ့ အလုပ်ကြွေး ကျန်တွေ အရင်ဆုံး ဖြတ်နေရတဲ့သဘောဖြစ်တယ်။ အဲဒီဟာတွေကလည်း တချို့ကိစ္စက သတိကြီးစွာထားပြီးတော့ ဘယ်သူ့မှလည်း မထိခိုက်စေတဲ့နည်းနဲ့၊ အကောင်းဆုံး လူထုကို မထိခိုက်အောင် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တော်တော်လေး အချိန်ကုန်တယ်၊ အချိန်ပေးရ တယ်၊ ခေါင်းလည်း စားတယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့ အစိုးရအဖွဲ့သစ်အနေနဲ့ကတော့ ချင်းပြည်နယ်ရဲ့ Development Plan ပေါ့နော်။ Sector အလိုက် ထွက်လာလိမ့်မယ်။ ပြောမယ်ဆိုလို့ရှိရင် Tourism နဲ့ ပတ်သက်ပြီး ထွက်လာမယ်၊ SMEs နဲ့ ပတ်သက်ပြီး ထွက်လာမယ်။ SMEs လို့ ပြောတဲ့အခါမှာ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်တွေ ပါတယ်၊ အကြီးစားကျ တော့ ပြည်ထောင်စု ရောက်သွားပြီးပေါ့နော်။ ကျွန်တော်တို့က ဇယား ၂ မှာ ပါတဲ့ အချက်တွေပေါ့။ နောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ဥပဒေထဲမှာ ဖော်ပြထားတဲ့ ပြည်နယ်တွေကို ခွဲပေးလိုက်တဲ့ လုပ်ငန်းတွေ။ အဲဒီ လုပ်ပိုင်ခွင့်တွေ၊ အဲဒီလုပ်ငန်းတွေထဲက ပြည်နယ်တွေက လုပ်လို့ရတဲ့ကိစ္စတွေကို လုပ်နေရတာ ဖြစ်တယ်။ ဆိုတော့ ၂ လတောင်မှ မပြည့်သေးတဲ့ အချိန်မှာတော့ အများကြီး ဒိုင်းဒိုင်း ဒိုင်းဒိုင်း ချလို့ မရဘူး။ သို့သော် ကျွန်တော်တို့ဆီမှာ တစ်ဆင့်ပြီး တစ်ဆင့် ပြင်သွားမှာ ဖြစ်တယ်။ အထူးသဖြင့် ကျွန်တော် တာဝန်ယူတဲ့ စည်ပင် သာယာ၊ လျှပ်စစ်၊ စက်မှု၊ ဟိုတယ်/ခရီး၊ ဒါတော့ ငါးနှစ်တာအတွင်း ကောင်းကောင်းပြင်သွားဖို့ ရှိပါတယ်။

မေး - အခု ပြည်ထောင်စုလွှတ်တော်ထဲမှာ အမြဲတမ်းတွေ့နေရတာက ပြည်နယ်ဖွံ့ဖြိုးမှုလုပ်တဲ့ အခါမှာ ဗဟိုအစိုးရဘက်ဂျက်၊ ပြည်နယ်အစိုးရဘက်ဂျက် စသဖြင့် အမြဲတမ်း ပြောဆိုနေ ရတာတွေ ရှိတယ်။ ဒီနေရာမှာ ချင်းပြည်နယ်ကို ကြည့်မယ်ဆိုရင် ပြည်နယ်ဘက်ဂျက်က နည်းတာကို တွေ့ရတယ်။ မလုံလောက်တဲ့ဟာပေါ့။ အဲဒီတော့ အကန့်အသတ်တွေ ဖြစ်နေတယ်။ ဒီတော့ ပြည်နယ်ဖွံ့ဖြိုးဖို့အတွက် ဗဟိုအစိုးရဘက်ဂျက်ကို ယူတာလည်း ယူတာပေါ့။ ဒါပေမဲ့ တော်တန်ရုံ စီမံကိန်းတွေကို ကိုယ့်ဟာကို လုပ်နိုင်ဖို့အတွက် အစိုးရမှာ ဘက်ဂျက်ရှိလာအောင် ဘယ်လို လုပ်ဆောင်သွားဖို့ ရှိသလဲ။

ဖြေ - တကယ့်တကယ်တော့ ဒါက၊ ဒီဘက်ဂျက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုက်ရိုက်ပတ် သက်နေတယ်။ ကျွန်တော်တို့က ပြည်နယ်အစိုးရပဲ မကဘူး တိုင်းဒေသကြီးအစိုးရက ကိုယ့်ဟာကိုယ် သီးခြားရပ်တည်လို့ မရအောင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေက လုပ်ထားတာ ဖြစ် တယ်။ အဲဒီအတွက်ကြောင့်မို့ အဓိပ္ပာယ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်တစ်ခုခု ဖြစ်ဖြစ်၊ တိုင်းဒေသကြီး အစိုးရတစ်ခုခုဖြစ်ဖြစ် ပြည်ထောင်စုရဲ့ တာဝန်ယူ၊ ပြည်ထောင်စုရဲ့ ပါဝင်ဆောင်ရွက်မှု၊ ဒါနဲ့ သီးခြားကင်းလွတ်ပြီး ရပ်တည်လို့ မရဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ပြည်နယ်အစိုးရသည် ပြည်ထောင်စုက ရန်ပုံငွေ မယူဘဲနဲ့ ပြည်နယ် သီးသန့်၊ ကိုယ့်ဟာကိုယ် သီးသန့်ရပ်မယ်လို့ လုပ်လို့ မရဘူး။ ဒါသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့က စောနက ပြောတဲ့ ပြည်ထောင်စုဘက်ဂျက်ကို အားကိုး ရတာ ဒါတွေ ရှိတယ်။ ပြည်နယ်ဘက်ဂျက်နဲ့ လုပ်နိုင်တာတွေ အများကြီး ရှိတယ်။ လုပ်နေတာ လည်း ရှိတယ်။ ဆိုတော့ အရေးကြီးတာက ဘာလဲဆိုရင် ဖက်ဒရယ် Constitution ပေါ့။ ပီပြင်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာမယ်ဆိုရင် ဘက်ဂျက်စာရင်း က ပေါ်လာလိမ့်မယ်။ အဲဒီအခါမှာ ပြည်နယ်တွေရဲ့ ဘက်ဂျက်ပိုင်းဆိုင်ရာ တာဝန်ယူမှုက ပိုကြီးလာမယ်။ ဒီနေရာမှာ တစ်ခုရှိတာက ပြည်ထောင်စုနဲ့ ပြည်နယ် သီးခြားကင်းလွတ်ပြီးတော့ လုပ်လို့ ရချင်မှ ရမယ်။ ဘာလို့ဆိုရင် မြန်မာနိုင်ငံက ဆင်းရဲတဲ့အခါမှာ၊ နောက် ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေက GDP Good က တစ်နယ်နဲ့ တစ်နယ် မတူဘူး။ ဆိုလိုချင်တာက တစ်နယ်နဲ့ တစ်နယ် ပိုက်ဆံ ရှာနိုင်တဲ့ဟာ၊ ပိုက်ဆံစုနိုင်တဲ့ဟာ ပမာဏ မတူနိုင်ဘူး။ မတူတဲ့အတွက်ကြောင့် မို့လို့ ကိုယ့်ဘာသာ ကိုယ် ရပ်ပါလို့ ပြောရင် အဲဒါကလည်း တော်တော်ကြီးကို ခက်တာပေါ့လေ။ ရပ်နိုင်တဲ့သူ ရှိမယ်၊ မရပ်နိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေ ရှိမယ်။ အဲဒါအခါကျရင် ဘာဖြစ်လာမလဲ ဆိုရင် ယှဉ်ပြိုင်မှုစနစ် ဖြစ်ပေါ်လာပြီးတော့ “အဟ” ကြီးက ပိုထွက်လာလိမ့်မယ်။ အဲဒီတော့ လက်ရှိအနေအထားမှာ ဘာဖြစ်နေသလဲဆိုရင် ပြည်နယ်ဘက်ဂျက်က သူ့အတိုင်းအတာတစ်ခု အထိ သူ လုပ်သလို ပြည်ထောင်စုဘက်ဂျက် ဆိုတာလည်း ရှိတယ်ပေါ့နော်။ ဆိုတော့ အဲဒီအနေ အထားမျိုး ဖြစ်တယ်။

ကျွန်တော် မြင်တာကတော့ ပြည်ထောင်စုဘက်ဂျက်ပဲ ဖြစ်ဖြစ်၊ ပြည်နယ် ဘက်ဂျက်ပဲ ဖြစ်ဖြစ်၊ အရေးကြီးတာက Planing မှာ ကောင်းကောင်း လုပ်နိုင်ဖို့ပဲ လိုတာ။ ကျွန်တော်တို့ ကိုယ့်ပြည်နယ်ရဲ့ တစ်နှစ်စာ ကိုယ့်မြို့နယ်အလိုက် ဘာလုပ်ဖို့ လိုမလဲ၊ ငါးနှစ်စာ ဘာလုပ်ဖို့လိုမလဲ အဲဒါ Plaining ပဲ အရေးကြီးတာ။ Planing ကို ပထမနှစ်မှာ ဘာဦးစားပေးမလဲ၊ ဒုတိယနှစ် ဘာဦးစားပေးမလဲ၊ တတိယ စတုတ္ထနှစ် ဘာဦးစားပေးမလဲဆိုတဲ့ဟာကို၊၊ ဘယ်ဟာကို ဘယ်ထဲမှာ ထည့်မလဲ။ တချို့ လုပ်ပိုင်ခွင့်က ပြည်ထောင်စုထဲမှာ ရှိတယ်၊ တချို့ လုပ်ပိုင်ခွင့်တွေက ပြည်နယ် ထဲမှာ ရှိတယ်။ ဆိုတော့ ဒီတွေကို ကိုယ်က Planing လုပ်တဲ့အခါမှာ တိုက်ရိုက်သွားလိုက်ဖို့ လို တယ်။ အခုလောလောဆယ် မဟာဗျူဟာစီမံကိန်း ဆွဲတာမျိုး မဟုတ်ဘူး။ ဆိုတော့ကာ လူထုနဲ့ သွားတွေ့တယ်၊ လူထုက ဒါ လုပ်ပေးပါ တောင်းတယ်။ ဆိုတော့ လူထုတောင်းဆိုတဲ့ဟာ ချပေးတယ်။ အဲဒီတော့ တချို့ စီမံကိန်းတွေက ဟိုဘက် ဒီဘက် လွဲနေတာတွေတောင် ဖြစ်တယ်။
ဟိုလို လုပ်ပေးပါ၊ ဒီလို လုပ်ပေးပါ။ လူကြီးလာရင် တွေ့တုန်းတောင်းသွားတယ်။ အဲဒီတော့ လူကြီးက On the Spot ကဲ လုပ်ပေးလိုက်ဆိုပြီးတော့။ သေချာ မစဉ်းစားဘူး၊ မြေပြင်ကို ကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ဘူး။ လူမျက်နှာကြည့်ပြီး ဆုံးဖြတ်နေကြတာ ဖြစ်တယ်။ စီမံကိန်း တော်တော်များများသည် လွဲတာ ချော်တာ၊ မလိုအပ်တာတဲ့ကိစ္စတွေ ဖြစ်တယ်...
ဆိုတော့ ဘက်ဂျက်တော်တော်များများသည် ကျွန်တော်တို့ ချင်းမှ မဟုတ်ဘူး၊ ပြည်နယ်၊ တိုင်းတော်တော်များများသည် တကယ့် မဟာဗျူဟာစီမံကိန်းအရ သွားတာမျိုး မဟုတ်ဘူး။ လူတစ်ယောက်က ငါ့ဒေသမို့ လုပ်ပေးလိုက်၊ လုပ်ပေးပါဆိုတာမျိုး။ တချို့က နိုင်ငံရေးအရ ဆွဲဆောင်စည်းရုံး ချင်တဲ့အတွက်ကြောင့် ငါ ဒါလုပ်ပေးမယ်ဆိုပြီး သွားတဲ့ဟာမျိုး ဖြစ်တယ်။ အရေးကြီးတာက ပြည်နယ်ဘက်ဂျက်က Full Authority ရှိခြင်း၊ မရှိခြင်း၊ ပြည်ထောင်စုရဲ့ ဘက်ဂျက်ကို မှီခိုနေရခြင်း၊ မမှီခိုနေရခြင်းထက် အရေးအကြီးဆုံးက ပိုက်ဆံ ဘယ်က လာလာ၊ သုံးတဲ့အခါ တကယ့် စနစ်တကျ မဟာဗျူဟာစီမံချက်နဲ့ သွားဖို့ပဲ လိုတာ။ ပြည်ထောင်စုက လာလည်း ဒီပိုက်ဆံပဲ၊ ပြည်နယ်က လာလည်း ဒီပိုက်ဆံပဲ။ ကိုယ့်အိတ်ထဲမှာ ကိုယ့်စိတ်ကြိုက် ကိုယ်သုံးရလည်း ဒီပိုက်ဆံပဲ။ သူများဆီက လာလည်း ပိုက်ဆံပဲ။ ဆိုတော့ ပိုက်ဆံချင်းအတူတူ အရေးအကြီးဆုံးက ကိုယ့်ပြည်နယ်အတွက် ဘာလို သွားမယ်၊ ဘယ်လို လုပ်မယ်၊ ဘာတွေပေး မယ်။။ တောင်းစရာ မလိုဘူး။ တောင်းလို့ ပေးတာ မဟုတ်ဘူး။

ကျွန်တော် မကြာခဏ ပြောတာ ရှိတယ်။ ခင်ဗျားတို့ တောင်းလို့ ပေးတာ မဟုတ်ဘူး။ တောင်းတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ စဉ်းစားစရာတော့ ရှိတယ်။ ဒါပေမဲ့ လုပ်ပေးသင့်၊ မသင့်ဆိုတဲ့ကိစ္စက ဒီဟာ မဟာဗျူဟာမြောက် ဖြစ်-မဖြစ်၊ လိုအပ်-မလိုအပ် အဲဒါတွေ သုံးသပ်ပြီး တော့မှ လုပ်တာ အကောင်းဆုံးပဲလို့ အမှန်အတိုင်း မြင်တယ်။ အဲဒီတော့ တစ်လျှောက်လုံးက ဘာလဲဆိုရင် ဟိုလို လုပ်ပေးပါ၊ ဒီလို လုပ်ပေးပါ။ လူကြီးလာရင် တွေ့တုန်းတောင်းသွားတယ်။ အဲဒီတော့ လူကြီးက On the Spot ကဲ လုပ်ပေးလိုက်ဆိုပြီးတော့။ သေချာ မစဉ်းစားဘူး၊ မြေပြင်ကို ကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ဘူး။ လူမျက်နှာကြည့်ပြီး ဆုံးဖြတ်နေကြတာ ဖြစ်တယ်။ စီမံကိန်း တော်တော်များများသည် လွဲတာ ချော်တာ၊ မလိုအပ်တာတဲ့ကိစ္စတွေ ဖြစ်တယ်။

အဲဒီတော့ အရေးကြီးဆုံးက ပြည်ထောင်စုဘက်ဂျက်က လာလို့၊ ပြည်နယ်ဘက်ဂျက်က မလောက်လို့ မဟုတ်ဘူး။ ဘယ်ကပဲ လာလာ ပိုက်ဆံ ပိုက်ဆံပဲ။ ဒီပိုက်ဆံကို မဟာဗျူဟာ ကျကျ စီမံကိန်း၊ မဟာဗျူဟာစီမံချက် သေချာဆွဲထားပြီးတော့ ဒီနှစ်မှာတော့ ငါတို့ ဘယ်ဟာကို ရအောင်လုပ်ပေးမယ်၊ ဒီနှစ်မှာတော့ ဘယ်ဟာကို ရအောင်ထည့်မယ် ဆိုတဲ့ဟာ။ အဲဒီထဲမှာ လူထုက တောင်းဆိုလာတဲ့ဟာ ငါတို့ လုပ်ကြမယ်ဆိုတဲ့ဟာမျိုး လုပ်ချလိုက်ပြီဆိုရင် ဒီဥစ္စာက ပြတ်သွားပြီ။ ဒါကလည်းပဲ ဒီဘက်ဂျက်ထဲမှာ မထွက်နိုင်ဘူး။ နောက်နှစ် နောက်နှစ် တွေမှာ ဒါတွေ လုပ်သွားဖို့ ရှိပါတယ်။

မေး - ချင်းပြည်နယ်မှာ မျိုးနွယ်စု မတူကွဲပြားမှုက အားကောင်းတာကို တွေ့နေရတယ်။ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုဆိုရင် အားလုံးရဲ့ Mind Set ကို ချိန်းဖို့ လိုတယ်ပေါ့။ ၀န်ကြီး ယူထားတဲ့ ကဏ္ဍတွေဆိုရင် လူအများနဲ့ ထိတွေ့နေရတဲ့ ကဏ္ဍတွေ ဖြစ်တယ်။ အဲဒီတော့ ဒီလိုမျိုး နေရာမှာ မတူကွဲပြားမှုတွေကို ပြေလည်အောင် ကိုင်တွယ်နိုင်ဖို့အတွက် ၀န်ကြီးအနေနဲ့ ကြိုတင်ပြင် ဆင်ထားတာတွေ ရှိသလား။ ဘယ်လိုမျိုး ပြင်ဆင်ထားသလဲ။
အရေးကြီးတာ လူတိုင်းကို တန်ဖိုးပေးဖို့၊ လူတိုင်းကို အသိအမှတ်ပြုဖို့ပဲ။ ပြီးတော့မှ ကျွန်တော်တို့သည် ခွဲလို့ ခွာလို့မရတဲ့ မိသားစုတစ်ခုတည်းပါ ဆိုတဲ့ဟာကို နားလည်ဖို့ လိုတယ်...
ဖြေ - အဓိကတော့ ကျွန်တော်က စောစောကတည်းက ချင်းသန်းခေါင်စာရင်းကိစ္စတို့ ဘာတို့ တောက်လျောက်ကိုင်တွယ်လာခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ချင်းလူမျိုးတွေထဲက မတူကွဲပြား မှုကို သိသလို သူတို့ထဲက ဒဏ်ရာတွေကို ကျွန်တော် သိတယ်။ အဲဒီတော့ အဲဒီအတွက်ကြောင့်မို့ လို့ ကျွန်တော်တို့ထဲမှာ ကျွန်တော့်အနေနဲ့ ဘယ်လို ကိုင်တွယ်ရမလဲဆိုတာထက် အရေးကြီးတာ လူတိုင်းကို တန်ဖိုးပေးဖို့၊ လူတိုင်းကို အသိအမှတ်ပြုဖို့ပဲ။ ပြီးတော့မှ ကျွန်တော်တို့သည် ခွဲလို့ ခွာလို့မရတဲ့ မိသားစုတစ်ခုတည်းပါ ဆိုတဲ့ဟာကို နားလည်ဖို့ လိုတယ်။ အရေးကြီးတာက ကျွန်တော်အနေနဲ့ များသောအားဖြင့်က ကိုယ့်ရဲ့ Idenity, ကိုယ်က ပလက်ဝက ဖြစ်တယ်၊ ကိုယ်က ခူမီး မျိုးနွယ်စုကဖြစ်တယ် ဆိုတဲ့ဟာချည်းကိုပဲ မလိုအပ်ဘဲနဲ့ အတင်းကြီးကို ဖော်နေတဲ့ ကိစ္စမျိုး ကျွန်တော် မလုပ်ဘူး။ ဘာလို့ဆိုတော့ ကျွန်တော် တာဝန်ယူတာသည် ချင်းပြည်နယ် တစ်ခုလုံးကို တာဝန်ယူရတာ ဖြစ်တယ်။ ကျွန်တော်သည် ပလက်ဝ ၀န်ကြီး မဟုတ်ဘူး။ ချင်းပြည် နယ် ၀န်ကြီး ဖြစ်တယ်။ အဲဒီ Mind Set ပဲ။ အဲဒီတော့ ဒီနေရာမှာ အရေးကြီးတဲ့ သတ်မှတ်ချက် ရှိတယ်။ ဟို ကိုးမြို့နယ်မှာ ဘယ်ဒေသကို ဦးစားပေးရမယ်ဆိုတဲ့ Principle ရှိထားတယ်။ မြောက်ဘက်ခြမ်းကလည်း ဖြစ်ချင်ဖြစ်မယ်၊ တောင်ဘက်ခြမ်းကလည်း ဖြစ်ချင် ဖြစ်မယ်။ တချို့ကျ တော့ တောင်ခြမ်း မြောက်ခြမ်း မပြောနဲ့လို့ ပြောတာ ရှိတယ်။ ဟို အဲဒီတော့ လောလောဆယ် တော့ တောင်ခြမ်း မြောက်ခြမ်းဆိုတာ ဖြစ်နေဦးမှာပဲ။ သွေးခွဲတဲ့အနေနဲ့ မဟုတ်ဘူး။ ပထ၀ီအရ ပြောရတာ။ ကျွန်တော်တို့က တီးတိန်၊ တွန်းဇံလို့ ပြောမနေချင်ဘူး။ တီးတိန်၊ တွန်းဇံလို့ ပြောတဲ့အခါ လူမျိုးပိုဆန်တယ်။ ဆိုတော့ ဘယ်ဘက်အခြမ်းလဲ၊ အလယ်ပိုင်းခြမ်း၊ တောင်ခြမ်း၊ မြောက်ခြမ်း မျှအောင်လုပ်ပါလို့ ကျွန်တော်တို့ ပထ၀ီကို ကြည့်ပြီး ပြောတာ ဖြစ်တယ်။ အဲဒီပထ၀ီ က ဘာလဲဆိုလို့ရှိရင် တကယ့်တကယ်မှာ ဒီမြေပုံနဲ့ အလုပ်လုပ်ရတဲ့အခါမှာ ဘယ်နားမှာ ပိုလို တယ်၊ ဘယ်နားမှာတော့ ရသေးတယ်ဆိုတဲ့ကိစ္စတွေက ကျွန်တော်တို့ အသိဆုံး ဖြစ်တယ်။

ဥပမာ မနှစ်တုန်းက Support လာတဲ့အခါမှာ အလယ်ပိုင်းဒေသမှာ အများဆုံး လာတယ်။ ဒီ ဟားခါး၊ ထန်တလန်၊ ဖလမ်းတို့က Support တွေ အများဆုံးပဲ။ ဘာလို့ ဆိုရင် နိုင်ငံခြားရောက် တဲ့သူတွေမှာ သူတို့က အများဆုံးဖြစ်တယ်။ အဲဒီတော့ တောင်ပိုင်းခြမ်း မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝတွေမှာက အနည်းဆုံးပဲ။ ကျွန်တော် အဲဒါကို အမြဲတမ်း Hight Light လုပ်ပေးလေ့ ရှိတယ်။ ငါတို့ ကူပေးလိုက်တဲ့အရာတစ်ခုက သူတို့အတွက် ငြိမ်းချမ်းစေချင်တယ်၊ ငါတို့ ကူပေး လိုက်တဲ့အရာတစ်ခုကြောင့် သူတို့ကြားမှာ နောက်ထပ် ဒဏ်ရာတွေ၊ သွေးကွဲမှုတွေ မဖြစ်ဖို့ အရေး ကြီးတယ်။ ဒါ ကျွန်တော် အမြဲတမ်း ပြောတယ်။

ကျွန်တော့်အနေနဲ့ ဘယ်လိုပြင်သလဲလို့ ပြောရင် ကျွန်တော်သည် မျိုးနွယ်စုတစ်ခုကို ကိုယ်စားပြုတဲ့ဟာ မဟုတ်ဘူး။ ကျွန်တော့်ကို ခန့်ထားတဲ့ဟာ ကိုယ်၌ကလည်း ပြည်နယ်တစ်ခုလုံး အတွက် ဆိုပြီးတော့ တိုက်ရိုက်ခန့်တာ ဖြစ်တယ်။ ဆိုတော့ အားလုံးအတွက် တစ်ပြေးညီ သုံးတယ်၊ စဉ်းစားတယ်။ တစ်ချိန်တည်းမှာပဲ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေရဲ့ သူတို့ရဲ့ ထူးခြားတဲ့ ၀ိသေသတွေကို ကျွန်တော် အမြဲတမ်း တန်ဖိုးထားတယ်။ အခုဆိုလို့ရှိရင် ကျွန်တော် ကန်ပက်လက်ကို နှစ်ခေါက် ရောက်ပြီးပြီ။ ဇွန်လထဲလည်း တစ်ခေါက် ထပ်သွားဦးမယ်။။ ပလက်ဝကိုတော့ ကျွန်တော် တစ်ခေါက်ပဲ ရောက်တယ်။ နောက်တစ်ခေါက်ဆိုရင်တော့ ဘယ်တော့ လာမလဲ မသိဘူး။ အဲဒီတော့ ကျွန်တော်တို့ ဟိုဘက် ဖလမ်းတို့ဘက်၊ ဒါလည်း ဒီအတိုင်းပဲ။

အရေးကြီးတာက ကျွန်တော်တို့ဆီမှာ အရေးအကြီးဆုံးက Principle သွားနေဖို့ပဲ။ တာဝန် ယူတဲ့သူတွေ Principle ။ ကျွန်တော်တို့ တာဝန်သည် ကိုယ့်လူမျိုး၊ ကိုယ့်မျိုးနွယ်စုကိုပဲ ဦးစားပေး ကြည့်ဖို့ မဟုတ်ဘူး။ အလိုအပ်ဆုံးက ဘယ်သူလဲ၊ ချင်းပြည်နယ်တစ်ခုလုံးရဲ့ Stress ကြီးကို ကိုယ် ကိုင်ရတာ။ အဲဒါကို ကျွန်တော်တို့က နားလည်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့အချက်က ဘာလဲဆိုရင် ချင်းပြည်နယ် ပြင်ပမှာရှိတဲ့ ချင်းတွေ အတွက် လုပ်မယ်ဆိုတဲ့ဟာပဲ။ ချင်းလူမျိုးများသည် ချင်းပြည်နယ်မှာပဲ နေထိုင်တာ မဟုတ်ဘူး။ အဲဒီတော့ ချင်းပြည်နယ်အစိုးရသည် ချင်းပြည်နယ်တွင်းက ချင်းတွေအတွက်ဘဲ တာဝန်ရှိတယ်လို့ ပြောရင် တော်တော်မှားတယ်။ ချင်းပြည် အပြင်ဘက်ရှိတဲ့လူတွေလည်း အများကြီး ရှိသေးတယ်။ ကျွန်တော် အမှတ်မမှားဘူးဆိုလို့ရှိရင် လက်ရှိ မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြင်ပမှာ နေတဲ့လူက တစ်ဝက်လောက်ရှိတယ်။ ချင်းလူမျိုးရဲ့ တစ်ဝက်လောက် ရှိတယ်။ စာရင်းအဟောင်းအရ ၁၂ သိန်း ရှိတယ်လို့ ကျွန်တော် သိထားရတယ်။ ဒါ ဟုတ်လား မဟုတ်လားတော့ မသိဘူး။ ဒါက စာရင်းက မထွက်သေးတော့ ကျွန်တော် မသိသေးဘူး။ အဲဒီလိုမျိုး ဖြစ်မယ်ဆိုရင် ချင်းပြည်နယ် ပြင်ပရှိတဲ့ ၇ သိန်းရှိမယ်။ ပိုများတယ်။ ဒါပေမဲ့ အဲဒီလောက် ဖြစ်လား၊ မဖြစ်လားတော့ မသိဘူး။ သေချာတာ အနည်းဆုံးကတော့ သုံးသိန်း၊ လေးသိန်းထက် မလျော့ဘူး ချင်းပြည်နယ် ပြင်ပမှာ ရှိတာ။ အဲဒီ တော့ ချင်းပြည်နယ် ပြင်ပမှာရှိတဲ့ အရေအတွက်သည် ချင်းပြည်နယ်အတွင်းမှာ ရှိတဲ့အရေအတွက် နဲ့ မတိမ်းမယိမ်း ဖြစ်တယ်။ ဆိုတော့ ချင်းပြည်နယ် အစိုးရသည် ချင်းပြည်နယ်နယ်နိမိတ်တွင်းမှာ ရှိတဲ့ ချင်းတွေ အတွက်ပဲ တာဝန်ရှိတယ်လို့ ပြောရင် တော်တော်မှားတယ်။
ချင်းပြည်နယ်ကို ကောင်းအောင် မပြင်နိုင်ဘူးဆိုရင် ချင်းပြည်နယ် အပြင်ဘက်ကို ရောက်သွားတဲ့လူတွေက ပြန်မလာဘူး။ ကျွန်တော်တို့က ချင်းပြည်နယ်အပြင်ဘက်မှာ ရောက်နေတဲ့လူတွေကို ချင်းပြည်နယ်ထဲ ပြန်လာဖို့အတွက်က ချင်းပြည်နယ်အစိုးရ လုပ်သမျှက အပြင်ဘက်ကလူတွေ စိတ်ဝင်တစားနဲ့ ဘယ်လောက် ပြန်လာနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်...
ကိုယ့်နယ်နိမိတ်စည်းရဲ့ အပြင်ဘက်မှာ နေသောသူများအတွက် ချင်းပြည်နယ်အစိုးရ အနေနဲ့ ဘာကူပေးနိုင်မလဲ။ ဆိုတော့ အဲဒါသည် ချင်းပြည်နယ်အစိုးရအတွက် စိန်ခေါ်မှု ဖြစ်တယ်။ ချင်းပြည်နယ်အစိုးရသည် ချင်းပြည်နယ်ကို ကောင်းကောင်း မောင်းနှင်နိုင်တယ်၊ ကောင်းကောင်း ဦးဆောင်နိုင်တယ်၊ လုပ်နိုင်တယ်ဆိုရင် ချင်းပြည်နယ်ပြင်ပမှာ ရောက်နေတဲ့ ချင်းများသည် ချင်းပြည်နယ်ထဲကို ပြန်လာမှာ ဖြစ်တယ်။ အခုက ဘာဖြစ်နေသလဲဆိုရင် ချင်းပြည်နယ်က အဆင်မပြေလို့ အပြင် ထွက်ကြတာ။ ဟားခါး၊ ဖလမ်း၊ တီးတိန်ကလူတွေ ကလေးမှာ အခြေချကြတယ်၊ စစ်ကိုင်းတိုင်းမှာ လာဆင်းကြတယ်။ မတူပီ၊ မင်းတပ်ဘက်ကလူတွေ ဂန့်ဂေါတို့၊ ဆောတို့မှာ လာအခြေချကြတယ်။ ပလက်ဝတို့ဘက်က လူတွေက ရန်ကုန်ကို လာထွက်ကြတယ်။ ဆိုတော့ ရှိသမျှလူတွေက အပြင်ဘက် ထွက်ကြတယ်။ ဆိုတော့ ချင်းပြည်နယ်အစိုးရအနေနဲ့ နယ်နိမိတ်းစည်းပြင်ပ နေသူများလို့ ပြောတဲ့အခါမှာ ချင်းပြည်နယ်ကို ကောင်းအောင် မပြင်နိုင်ဘူးဆိုရင် ချင်းပြည်နယ် အပြင်ဘက်ကို ရောက်သွားတဲ့လူတွေက ပြန်မလာဘူး။ ကျွန်တော်တို့က ချင်းပြည်နယ်အပြင်ဘက်မှာ ရောက်နေတဲ့လူတွေကို ချင်းပြည်နယ်ထဲ ပြန်လာဖို့အတွက်က ချင်းပြည်နယ်အစိုးရ လုပ်သမျှက အပြင်ဘက်ကလူတွေ စိတ်ဝင်တစားနဲ့ ဘယ်လောက် ပြန်လာနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ အဲဒီတော့ အခု ကျွန်တော်တို့ မြို့သစ်တွေ လုပ်နေတယ်။ ဟားခါးမှာ၊ ဖလမ်းမှာ၊ ပလက်ဝမှာ။ နေရာတော်တော်များများကို မြို့သစ်ကိစ္စတွေ လုပ်တယ်။ ဒီမြို့သစ်တွေက အကုန်လုံး အဘက်ဘက် Infrastructure ကောင်းတယ် ဆိုရင် ပြန်လာမှာပဲ။ ပြန်လာကြဆိုတဲ့ဟာ ဖြစ်မယ်။ ဒါက ဒီငါးနှစ်မှာ ကျွန်တော်တို့ လုပ်မယ့် အပိုင်း။

ဆိုတော့ ချင်းပြည်နယ်က Isolated Area ဖြစ်တယ်။ ချင်းပြည်နယ်သည် ချင်းလူမျိုးအတွက် ပြန်လာရမယ့် နေရာ၊ ပြန်လာဖို့ သိပ်ကောင်းတယ်ဆိုတဲ့နေရာ ဖြစ်အောင် ကျွန်တော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ပြည်နယ်ပြင်ပမှာ ရှိတဲ့လူတွေက ချင်းပြည်နယ်ကို ပြန်လည်စိတ်ဝင်စားပြီးတော့ ပြန်လာချင်အောင်၊ ဟားခါးမှာ နေရာတစ်နေရာ ယူထားမှ ဖြစ်မယ်၊ ဖလမ်းမှာ အိမ်ဆောက်ထားမှ ဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ငါတို့ ချင်းပြည်ကို ပြန်လာကြမယ်ဆိုတာမျိုး ဖြစ်အောင် ဒီငါးနှစ်အတွင်း လုပ်မှာ ဖြစ်ပါတယ်။

အောင်ထွန်းလင်း

အမြန်ပြုပြင်ပေးစေလို (ပေးစာကဏ္ဍ)


စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပြည်သူ့ဆေးရုံကြီး အရှေ့မြောက်ဘက် သြဘာလမ်းပေါ်ရှိ တံတားမှာ တံတားချဉ်းကပ် ကွန်ကရစ်ဘောင် အောက်ခြေ ပျက်စီးမှုကြောင့် နိမ့်ကျလျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အလျင်အမြန် ပြုပြင်ပေးစေလိုကြောင်း ကလေးမြို့ခံ ပြည်သူများက ပြောကြားလျက် ရှိသည်။

"တံတားနိမ့်ကျတာ အတော်ကြာပြီဗျ။ စိတ်ချလက်ချတော့ မသွားဝံ့ဘူး။ ကိုယ်လျှောက်သွားတုန်း ပြိုကျမှာ စိုးရိန်စွာနဲ့ သွားနေရတာ။ သက်ဆိုင်ရာက လာကြည့်ပြီး ခိုင်ခံ့မှုမရှိရင် အမြန်ပြုပြင်ပေးရင် ကောင်းမယ်" ဟု အဆိုပါ တံတားအား နေ့စဉ် အသုံးပြုနေရသည့် ကလေးမြို့ခံတစ်ဦးက ဆိုသည်။

အခြားမြို့ခံ လူငယ်တစ်ဦးကမူ "ကျွန်တော်တော့ အမြန်ဖြတ်ကူးတယ်ဗျ။ ဖြတ်ကူးနေတုန်း တံတားကျိုးမှာ ကြောက်လို့"ဟု ပြောသည်။




အဆိုပါ တံတားကို တမူးမြို့ခံ ဒေါက်တာတင်အောင်ဆွေနှင့် ဒေါ်ခင်မြင့်ဆွေတို့၏ လှူဒါန်းမှုဖြင့် ၂၀၀၅ ခုနှစ်အတွင်းက တည်ဆောက်ထားခြင်းဖြစ်ကာ ယခုအခါ တံတားကြံ့ခိုင်မှု နည်းပါးလာကာ တံတားချဉ်းကပ် ကွန်ကရစ်ဘောင် အောက်ခြေ ပျက်စီးမှုကြောင့် အဆိုပါတံတားအား သက်ဆိုင်ရာမှ အလျင်အမြန် ပြုပြင်ပေးစေလိုကြောင်း ယင်းတံတားအား နေ့စဉ် အသုံးပြုနေသည့် ဒေသခံများက အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှတစ်ဆင့် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် ၇၁ နှစ်ပြည့် မွေးနေ့ ကလေးမြို့ ထိုမာ၌ သစ်ပင်စိုက်ပွဲ ကျင်းပ


ကလေး၊ ဇွန် ၁၉

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၁ နှစ်ပြည့် မွေးနေ့အဖြစ် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာစံပြကျေးရွာ၌ ဇွန်လ ၁၉ ရက်က စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို NLD ပါတီဝင်များ၊ ထိုမာရွာရှိ ပညာထက်ဘော်ဒါဆောင်မှ ကျောင်းသးကျောင်းသူများ ပါဝင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ကုန်းတမာ၊ ရေတမာ၊ ကန့်ကော်ပင် စုစုပေါင်း ၈၅ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျေးရွာဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက သဲကားများ အလှူခံ၍ ရွာအဝင်လမ်း ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း ပြုလုပ်ခဲ့သေးသည်။





ဓာတ်ပုံ - သန့်ဇင်ဆွေ

“စီးပွားရေးချွတ်ခြုံကျမှု၊ စီးပွားရေးပထ၀ီ ပြောင်းလဲသွားမှု ဆိုတဲ့ဥစ္စာတွေက နိုင်ငံရေးဆုံးဖြတ်ချက်တွေနဲ့ ဆိုင်တယ်”

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံမေးမြန်းခြင်း (၂)

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည့် ချင်းပြည်နယ်၌ ဒေသ ရေရှည်ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်ချက်များစွာ ရှိနေပေသည်။ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး မှသည် အခြားသော အခြေခံအဆောက်အအုံများ ပြည့်စုံရေးအထိ များစွာ လုပ်ကိုင်ရဦးမည် ဖြစ်သည်။

ထို့ပြင် ပြည်နယ်၏ လူသားအရင်းအမြစ်များ ဆုံးရှုံးနေမှုအပါအ၀င် ပြည်ပရောက် ချင်းတိုင်းရင်းသားများ ပြန်လာရေးမှာလည်း ပြည်နယ်အစိုးရအတွက် စိန်ခေါ်ချက်တစ်ခုဖြစ်နေပြီး တိုင်းရင်းသားများကြား မျိုးနွယ်စု မတူညီမှု ပြဿနာများကလည်း မဖြစ်မနေ ဖြေရှင်းရမည့် အချက်တစ်ခု ဖြစ်နေပေသည်။


ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဖြည့်တင်း လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ စိန်ခေါ်ချက်များနှင့် ပြဿနာများစွာ ရှိသည့်အနက် အဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍတို့တွင် ပြည်နယ်အစိုးရအနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်သွားမည်ဆိုသည်နှင့် ပတ်သက်၍ စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်အား အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှာ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုအား ဖော်ပြလိုက်ပါသည်။

-------------------------------------

မေး - ချင်းပြည်နယ် မဖွံ့ဖြိုးရတဲ့အထဲမှာ ထင်သာမြင်သာရှိတဲ့ကိစ္စက လမ်းပန်း ဆက်သွယ်ရေးကိစ္စပေါ့။ ဆိုတော့ ဒီလမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး လုပ်သင့်တယ်၊ ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ ရှိသလဲ။

ဖြေ - နံပါတ် ၁ ကတော့ ချင်းပြည်နယ် မကဘူးပေါ့။ ပြည်နယ်တွေ တော်တော်များများက ဦးနေ၀င်း လုပ်ခဲ့တဲ့ ဖြတ်လေးဖြတ်ဒဏ်ကို ဒီကနေ့အထိ ခံစားနေရတယ်။ ဦးနေ၀င်းလက်ထက် တုန်းက ဖြတ်လေးဖြတ်ပေါ့။ သွားလာရေးကို ဖြတ်တယ်၊ စာပေတတ်မြောက်မှုကို ဖြတ်တယ်၊ ဆက်သွယ်ရေးတွေ ဖြတ်တယ်၊ ရိက္ခာတွေ ဖြတ်တယ် အစရှိသဖြင့်ပေါ့။ နောက်ပြီး Recruitment ဖြတ်တယ် အစရှိသဖြင့်ပေါ့။ ဒီနေရာမှာ ဖြတ်လေးဖြတ်ရဲ့ ဒဏ်ပေါ့။ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ပစ်လိုက်တာ။ အဲဒီတော့ တိုင်းပြည်က တစ်ချိန်တုန်းက အရှေ့ တောင်အာရှမှာ ထိပ်ကနေ ရှိခဲ့တဲ့ တိုင်းပြည်ပေါ့။ Development Potential ပေါ့။ ဥပမာ ကယား ပြည်နယ်က ဗမာပြည်နဲ့ ပူးပေါင်းပြီးတော့ လွတ်လပ်ရေး ယူမလား သို့တည်းမဟုတ် ဆီရွမ် (ထိုင်း)နဲ့ ပူးပေါင်းမလားဆိုပြီးတော့ သူတို့ မေးတဲ့အခါမှာ သူတို့က ဗမာပြည်နဲ့ တွဲပြီး လွတ်လပ်ရေး ယူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖွံ့ဖြိုးမှုတိုးတက်မှု အလားအလာကောင်းက ဗမာပြည်မှာ ရှိတယ်လို့ ယုံခဲ့တာကိုး။ အဲဒီအတွက်ကြောင့်မို့ ကယားပြည်နယ်က ကျပူကျီစော်ဘွား က ဗမာပြည်နဲ့တွဲပြီး ပူးပေါင်းလိုက်တာပေါ့။ ဟို အားလုံး ကြားနေတဲ့ ဇာတ်လမ်းဟောင်းကြီးပေါ့။ စင်ကာပူက နောက် နှစ် ၅၀ ဆိုရင် ရန်ကုန်မြို့လောက်ဖြစ်ရင် ကျေနပ်ပါပြီလို့ဆိုတဲ့ မစ္စတာ လီကွမ်ယူး ပြောတဲ့ စကား။

ဆိုတော့ လွတ်လပ်ရေးရတဲ့ ၁၀ နှစ်အတွင်းမှာတော့ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှရဲ့ တကယ့် စီးပွားရေးပိုင်းဆိုင်ရာ Economic Prospect မှာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အင်မတန် အားကျဖွယ်ရာကောင်းတဲ့ ကျားတစ်ကောင် ဖြစ်ခဲ့တယ်။ သို့သော်လည်းပဲ ၁၉၆၂ မှာ ဦးနေ၀င်းတက်ပြီးတဲ့နောက် ဖြတ်လေးဖြတ် လုပ်ပစ်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ Economic Geography သည် လုံးဝကို ပြောင်းပြန်ဖြစ်သွားတယ်။ မြန်မာနိုင်ငံသည် ဒီဘက် တောင်အာရှရော၊ အရှေ့တောင်အာရှရော၊ တရုတ်နဲ့ကော တကယ့်သုံးပွင့်ဆိုင် ဖိုခနောက်နေရာမျိုးမှာ ကိုင်ထားတဲ့ Political Geography နိုင်ငံရေးပထ၀ီအရရော၊ Economic Geography စီးပွားရေးပထ၀ီအရရော အချက်အချာကျတဲ့ နေရာမှာ ရှိနေပေမယ့် အဲဒီအနေအထားကို မထိန်းနိုင်ခဲ့ဘူး။ မထိန်းနိုင်ဘဲနဲ့ နောက်ဆုံး ကိုယ့်အချင်းချင်း ဖြတ်လေးဖြတ် ဆင်နွှဲပစ်လိုက်တဲ့အခါကျတော့ မြန်မာပြည်သည် ချွတ်ခြုံကျသွားတယ်။ အဲဒီဒဏ်ကို ချင်းအပါအ၀င် ပြည်နယ်တွေ အားလုံးက ခံစားရပါတယ်။ ဆိုတော့ အဲဒီအတွက်ကြောင့်မို့လို့ လမ်းမရှိပါဘူး။ အဲဒါ ခုနက ပြောတဲ့ဟာက ဖြတ်လေးဖြတ်ပဲ။ လက်တွေ့ ကွင်းမြေပြင်မှာ လမ်းမရှိဘူး။ လမ်းမရှိတဲ့အတွက်ကြောင့်မို့လို့ တစ်နေရာ တစ်နေရာကို သွားလာဖို့ ခက်တယ်ပေါ့။

တကယ့်တကယ် ပြောမယ်ဆိုရင် ဟားခါးက အင်မတန်မှ သွားရေး လာရေး ခက်တဲ့နေရာ မျိုး ဖြစ်တယ်။ အဲဒီမှာ နိုင်ငံရေးခေါင်းဆောင်တွေက သူ့အုပ်စု၊ သူ့အုပ်စုဆိုပြီးတော့ ရှိကြတဲ့ အခန်း ကဏ္ဍလည်း ရှိပါတယ်။ တကယ်လို့ ဟားခါးမြို့က တချို့ကလည်း ပြောတာပေါ့။ တချို့က ဟားခါး မြို့က ချင်းဦးစီးကတော့ အရင်တုန်းက ချင်းပြည်နယ်မြို့တော်ကို ကလေးကို သွားတည်တာပေါ့။ နောက်ပိုင်းမှ ကလေးကနေ ဟားခါးကို ပြောင်းသွားတာပေါ့လေ။ တချို့က မြို့သာ ကလေးမှာ ဆက်ရှိနေမယ်ဆိုရင် ချင်းပြည်နယ်သည် ဒီထက်မက ပိုဖွံ့ဖြိုးတိုးတက်နိုင်တယ်လို့ ပြောဆိုချက်တွေ ရှိတယ်။ ဒါတော့ ထားပါ။ ဒါက အရင်တုန်းက ဖြစ်ခဲ့တာတွေ။
စီးပွားရေးချွတ်ခြုံကျမှု၊ စီးပွားရေးပထ၀ီ ပြောင်းလဲသွားမှု ဆိုတဲ့ဥစ္စာတွေက နိုင်ငံရေးဆုံးဖြတ်ချက်တွေနဲ့ ဆိုင်တယ်။ Political Decision မှားတဲ့အခါမှာ၊ ဒါမှ မဟုတ်ရင် မှားမှန်းသိသိရဲ့သားနဲ့ တစုံတခုအတွက် အတင်းကို ထိုးကျွေးတဲ့ဟာမျိုးလုပ်ရင် အဲဒီ အချိန်မျိုးမှာ အဲဒီ နိုင်ငံရေးဆုံးဖြတ်ချက် နောက်ဆက်တွဲရလဒ်နေနဲ့ စီးပွားရေးမှာ ထိတာဖြစ်တယ်။ သူက နိုင်ငံရေးနဲ့ စီးပွားရေးက အမြဲတမ်း ချိတ်ဆက်နေတယ်...
ဆိုတော့ ပြန်ပြောမယ်ဆိုလို့ရှိရင် စီးပွားရေးချွတ်ခြုံကျမှု၊ စီးပွားရေးပထ၀ီ ပြောင်းလဲသွားမှု ဆိုတဲ့ဥစ္စာတွေက နိုင်ငံရေးဆုံးဖြတ်ချက်တွေနဲ့ ဆိုင်တယ်။ Political Decision မှားတဲ့အခါမှာ၊ ဒါမှ မဟုတ်ရင် မှားမှန်းသိသိရဲ့သားနဲ့ တစုံတခုအတွက် အတင်းကို ထိုးကျွေးတဲ့ဟာမျိုးလုပ်ရင် အဲဒီ အချိန်မျိုးမှာ အဲဒီ နိုင်ငံရေးဆုံးဖြတ်ချက် နောက်ဆက်တွဲရလဒ်နေနဲ့ စီးပွားရေးမှာ ထိတာဖြစ်တယ်။ သူက နိုင်ငံရေးနဲ့ စီးပွားရေးက အမြဲတမ်း ချိတ်ဆက်နေတယ်။ နိုင်ငံရေးဆုံးဖြတ်ချက် မှားတယ် ဆိုရင် စီးပွားရေးရလဒ်က မှားတာ၊ ဆိုးတာပေါ့။ စီးပွားရေးအရ ကောင်းတယ်ဆိုတဲ့ဥစ္စာကလည်း နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုတစ်ခုကို သူ့စနစ်ကတည်းက မှန်ကန်အောင် ထိန်းနိုင်တဲ့ အနေအထားမျိုး ဖြစ်အောင်လုပ်ခဲ့ရင် ဒါ စီးပွားရေးက တက်တာပဲ။ သူက ဒီမိုကရေစီဖြစ်မှတော့ မဟုတ်ဘူးနော်။ သူက နိုင်ငံရေး တည်ငြိမ်မှု ရှိလေလေ စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်လေလေ။ ဥပမာ တရုတ်ရဲ့ စီးပွားရေး။ တရုတ်က ကွန်မြူနစ်ပဲ။ ဒါပေမဲ့ နိုင်ငံရေး တည်ငြိမ်တဲ့အတွက်ကြောင့်မို့လို့ စီးပွားရေးမှာ ထောင်တက်လာတယ်၊ အဲဒီ သဘောပဲ။ ဥပမာ ဗီယက်နမ်ပေါ့။ သူက ဒီမိုကရေစီ မဟုတ်ဘူး။ ဒီနှစ်ပိုင်းမှာ သူက နိုင်ငံရေး တည်ငြိမ်မှု ရှိတယ်၊ အဲဒီအတွက်ကြောင့် စီးပွားရေးအရ တက်လာတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီဖြစ်တိုင်း ဟို စီးပွားရေးကောင်းသွားတာ မဟုတ် ဘူး။ ဆိုတော့ ဒီမိုကရေစီနိုင်ငံတွေ တော်တော်များများ၊ အိန္ဒိယလည်း ဒီမိုကရေစီနိုင်ငံ။ ဒါပေမဲ့ အိန္ဒိယသည် ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှု တော်တော် ရှိနေသေးတဲ့ တိုင်းပြည် ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ် ဒါလည်းပဲ ဒီမိုကရေစီနိုင်ငံ။ သို့သော်လည်းပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆင်းရဲ နွမ်းပါးမှု တော်တော်များနေသေးတဲ့ နိုင်ငံ ဖြစ်တယ်။


အဲဒီတော့ ဆိုလိုချင်တာက အရင်တုန်းက ရှိခဲ့တဲ့ နိုင်ငံရေးဆုံးဖြတ်ချက် အမှားတွေပေါ့။ တကယ်တော့ ဦးနေ၀င်းလက်ထက်မှာ တိုင်းပြည်တည်ငြိမ်တယ်လို့ ပြောလို့ မရဘူး၊ မငြိမ်ဘူး။ အဲဒီတော့ အဲဒီအတွက်ကြောင့်မို့လို့ နံပါတ်တစ် ခံစားရတာသည် လမ်းပန်းဆက်သွယ်ရေး ဖြစ်တယ်။ အဲဒီအတွက် ချင်းပြည်နယ်မှာ လမ်းမရှိဘူး။ ဥပမာ ကျွန်တော်တို့ ၀န်ကြီးချုပ်ကို မကြာခဏ ပြောလေ့ရှိတယ်။ မြို့တော် ဟားခါးကနေ တောင်ပိုင်းမြို့ဖြစ်တဲ့ ပလက်ဝကို ရောက်ဖို့အတွက် သွားရတဲ့လမ်းက ဟားခါးကနေ အမေရိကားကို သွားတဲ့သူက အရင်ရောက် တယ်ဆိုပြီးတော့ ပြောခဲ့တာ ရှိတယ်။ ပြောချင်တာက ဟားခါးကနေ ပလက်ဝကို ရောက်ဖို့အတွက် ပြည်မဘက်ကို ထွက်ရတယ်။ ထွက်ပြီးတော့ ပြန်ဝင်ရတယ်။ ဆိုတော့ ဒါက ဥပမာ တစ်ခုပေါ့။ နောက်ပြီးတော့မှ မြို့နယ်တစ်ခုတည်းမှာပဲ။ ပလက်ဝမြို့နယ်ထဲကနေ တောင်ဘက်ဖြစ်တဲ့ သံတောင်ကို နှစ်ရက်၊ သုံးရက်လောက် လမ်းလျှောက်ပြီး ခရီးသွားရတယ်။ နောက်ပြီးတော့ ပလက်ဝကနေ ဟိုးနယ်စပ် သူ့မြို့နယ်ထဲကို ရောက်ဖို့အတွက်ပဲ အနည်းဆုံး တစ်ညအိပ်၊ နှစ်ရက်ခရီးလောက် သွားရတာမျိုး ရှိတယ်။ ဆိုတော့ Transportation က တော်တော်လေး ခက်ခဲတယ်။ Transportation ခက်တဲ့အပြင် နောက်ထပ်တစ်ခုက Communication ပေါ့။ လက်ရှိမှာ ကျွန်တော်တို့ ခုန Transportation အပိုင်းကို ပြောရရင် ချင်းပြည်နယ်မှာ ပြည်နယ်တွင်း အကုန်လုံး ချိတ်ဆက်ပြီး သွားနိုင်တဲ့ လမ်းတွေ မရှိသေးဘူး။ နောက်ပြီးတော့ လမ်းကောင်းကောင်းပေါ့နော်။ ၁၂ ရာသီ ကောင်းကောင်း သွားနိုင်တဲ့၊ ဘယ်အချိန်မဆို သွားနိုင်တဲ့ လမ်းတွေဆိုတာမျိုးက ချင်းတောင်မှာ မရှိသေးဘူး။ မိုးတွင်းကျရင် ပြိုတာနဲ့ ဖြစ်နေတယ်။ အဲဒီတော့ လမ်းပန်းမှာ မကောင်းဘူး။

Communication အပိုင်းကြည့်မယ်ဆိုရင်လည်း တယ်လီဖုန်းရှိတဲ့ အိမ်တွေ၊ အင်တာ နက်ရှိတဲ့ အိမ်တွေ၊ ဒါက အင်မတန်နည်းတယ်။ ဒါက Less than 1 % လောက် ဖြစ်သွားတယ်။ ဆိုတော့ ချင်းပြည်နယ်မှာ ရေဒီယိုရှိတဲ့အိမ်၊ ရေဒီယိုရှိတဲ့အိမ် မိသားစုပေါ့။ ရေဒီယို ရှိတယ်၊ ကက် ဆက်ရှိတယ်၊ တီဗီရှိတယ်ဆိုတဲ့ မိသားစုက ၅၈ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ၄၂ ရာခိုင်နှုန်းက အဲဒါတွေ မရှိဘူး။ Communication Facility မရှိဘူး။ ဆက်သွယ်ရေးနဲ့ ဆိုင်တဲ့ဟာ။ ရေဒီယိုပဲ ဖြစ်ဖြစ်၊ ဖုန်းပဲ ဖြစ်ဖြစ်၊ တီဗီပဲ ဖြစ်ဖြစ်။ သတင်းဆက်သွယ်ပြန်ကြားမှုမှာ ဘာမှ မရှိဘူး။ အဲဒီတော့ အဲဒီအတွက်ကြောင့်မို့လို့ သွားရေးလာရေးမှာလည်း ခက်တယ်၊ ဆက်သွယ်ရေးမှာလည်း ခက်လာ တဲ့အခါမှာ ဘာဖြစ်လဲဆိုတော့ နောက်မှာ ရောက်သွားတယ်။ နောက်ဆုတ်သွားတယ်။ ကျောက် ခေတ်လို့တော့ မဆိုလိုပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့က ဘာဖြစ်လဲဆိုလို့ရှိရင် ဟို ဥပမာအားဖြင့် ပြောင်းလဲချိန်တန်ပြီ။ ချင်းခေါင်းဆောင်တွေ ပြောကြဆိုကြ၊ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် တိုင်းပြည်ခေါင်းဆောင်တွေ ပြောကြဆိုကြ၊ ရွာမှာ ဘာမှ မသိဘူး။ ဆိုတော့ ရန်ကုန်မှာ ဘာပြောသလဲ၊ နေပြည်တော်မှာ ဘာပြောသလဲ၊ တရားဝင် သတင်းစာတောင်မှာ ဟားခါးကို ရောက်တဲ့အခါမှာ အနည်းဆုံး သုံးရက်၊ လေးရက်လောက် နောက်ကျပြီးတော့ ရောက် တယ်။ Update သတင်းဆိုတာ ကျွန်တော်တို့ ဘာမှ မသိဘူး။ အချိန်နဲ့တစ်ပြေးညီဆိုတဲ့ဟာက ကျွန်တော် တို့ဆီမှာ ဘာမှ မသိဘူး။ Facebook သုံးတယ်ဆိုတဲ့ဟာလည်း လိုင်းလေးကောင်းတဲ့ အချိန်မှာ သုံးကြတာ။ ဒါတောင် Facebook သုံးတယ်ဆိုတဲ့ဟာကလည်း တကယ့်ကို အီလစ် (Elite) တွေပေါ့။ အီလစ်တွေပဲ သုံးတဲ့ပုံစံမျိုး ဖြစ်လာတယ်။ အဲဒီမှာ နေရာတိုင်းမှာ အခြေခံ လူတန်းစားတွေက အီးမေးလ်တို့ ဘာတို့ Facebook တို့ ဘာတို့ မသုံးနိုင်ကြပါဘူး။ ဒါတောင် အခု အခြေအနေနော်။ ဆိုတော့ အဲဒီလို ဖြစ်တဲ့အခါမှာ ချင်းပြည်နယ်ကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုရင် နံပါတ်တစ် Infrastructure ဖြစ်တယ်။ လမ်းပိုင်း၊ ဆက်သွယ်ရေးပိုင်း၊ လျှပ်စစ်မီး၊ အဲဒါ ဖြစ်တယ်။

လျှပ်စစ်မီးကလည်းပဲ ကျွန်တော်တို့ လက်ရှိ ချင်းပြည်နယ်မှာ အလင်းအတွက် အသုံးပြုတဲ့ ဥစ္စာက ၁၅ ရာခိုင်နှုန်းပဲ ရှိတယ်။ ချက်ဖို့ ပြုတ်ဖို့အတွက် သုံးတာက တစ်ရာခိုင်နှုန်းပဲ ရှိတယ်။ ဆိုတော့ အဲဒီလိုမျိုး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ချင်းပြည်နယ်ရဲ့ လျှပ်စစ်မီးသုံးစွဲမှု က ဒီထက်ပို အနည်းဆုံး ၈၅ ရာခိုင်နှုန်းလောက်ထိ မတင်နိုင်ဘဲနဲ့ ချင်းပြည်နယ်ရဲ့ သစ်တော ပြုန်းတီးမှုတွေ၊ နောက်ပြီးတော့ တခြား တခြား တခြားကဏ္ဍတွေက ဒါတွေအားလုံးက ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့က ဟို အစိုးရသစ်အနေနဲ့ အဓိက ဦးစားပေးပြီးတော့ လုပ်ဖို့ ရှိတဲ့နေရာမှာ နံပါတ်တစ် လမ်းပန်းဆက်သွယ်ရေး ဖြစ်တယ်။


လမ်းပန်းဆက်သွယ်ရေးမှာ ဒီငါးနှစ်အတွင်းမှာပေါ့နော်။ ကလေး-ဖလမ်း-ဟားခါးလမ်းကို ၁၂ ရာသီသွားနိုင်တဲ့ နှစ်လမ်းသွား ကတ္တရာခင်းလမ်းဖြစ်အောင် လုပ်ဖို့ဆိုတာ ရှိတယ်။ နောက်ပြီး ဂန့်ဂေါ-ဟားခါးပေါ့။ ဂန့်ဂေါ-ဘုံဆင်း-ဟားခါး ဒီလမ်းကို ၁၂ ရာသီ သွားနိုင်တဲ့ လမ်းပေါ့။ ပြီးတော့မှ ဟားခါး-မတူပီ-ပလက်ဝကို ၁၂ ရာသီသွားနိုင်တဲ့ လမ်းဖြစ်အောင်။ နောက်ပြီးတော့ ဟားခါး-ဖလမ်း-တီးတိန်-တွန်းဇံလမ်းပေါ့။ ဒါကို ၁၂ ရာသီ သွားနိုင်တဲ့လမ်းဖြစ်အောင်။ ဒါကို ဒီ ငါးနှစ်အတွင်းမှာ။ သုံးနှစ်နဲ့ ပြီးသွားမယ့် ကိစ္စလည်း ရှိတယ်။
မြောက်ပိုင်း ကျီခါးကနေပြီးတော့မှ တောင်ပိုင်း ပလက်ဝအထိ။ ဒီဘက် အိန္ဒိယ-မြန်မာ ကော်ရစ်တာပေါ့။ ဒါကိုလည်း အဆိုပြုထားတယ်။ ဒါလည်း ကုန်ကျစရိတ် တော်တော်များ တယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျီခါးကနေ ပလက်အထိ နယ်စပ်ကော်ရစ်တာ လမ်းမကြီးတစ်ခုဖြစ် အောင်၊ အနည်းဆုံး ကျောက်ခင်းလမ်းပဲ ဖြစ်ဖြစ် လုပ်နိုင်အောင်တော့ အပေါ်ကို တင်ပြထားတာ ရှိတယ်...
ပြီးတော့မှ မြောက်ပိုင်း ကျီခါးကနေပြီးတော့မှ တောင်ပိုင်း ပလက်ဝအထိ။ ဒီဘက် အိန္ဒိယ-မြန်မာ ကော်ရစ်တာပေါ့။ ဒါကိုလည်း အဆိုပြုထားတယ်။ ဒါလည်း ကုန်ကျစရိတ် တော်တော်များ တယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျီခါးကနေ ပလက်အထိ နယ်စပ်ကော်ရစ်တာ လမ်းမကြီးတစ်ခုဖြစ် အောင်၊ အနည်းဆုံး ကျောက်ခင်းလမ်းပဲ ဖြစ်ဖြစ် လုပ်နိုင်အောင်တော့ အပေါ်ကို တင်ပြထားတာ ရှိတယ်၊ နိုင်ငံတော်ကို တင်ပြထားတာ ရှိတယ်။ ဆိုတော့ အဲဒီ Transportation ကောင်းသွားတယ် ဆိုလို့ရှိရင် ကလေးကနေ ဟားခါးကို အခုအခြေအနေအရဆိုရင် လေး၊ ငါးနာရီလောက် မောင်းရတယ်။ ဒါပေမဲ့ ခုနက ပြောတဲ့ ကတ္တရာခင်း Highway လမ်းမကြီး ဖြစ်သွားမယ်ဆိုရင် နှစ်နာရီလောက်နဲ့ ရောက်နိုင်မယ်။ နောက်ပြီး ဟားခါးကနေ ပလက်ဝကို ၁၂ နာရီအတွင်း ကျွန်တော်တို့ ရောက်နိုင်မယ်။ ကျွန်တော်တို့က ချုံ့တာပေါ့နော်။ ဒါက လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးပေါ့။

နောက်တစ်ခုက လျှပ်စစ်ပိုင်းနဲ့ ပတ်သက်ရင် လျှပ်စစ်ပိုင်းကတော့ မဟာဓာတ်အားလိုင်း ကနေ ဒီဘက် ဆော၊ ဒီဘက် ဂန့်ဂေါပေါက်ကနေ မင်းတပ်၊ မတူပီ၊ ဒီဘက်ကနေ ပြန်တက်လာ ပြီးတော့ ဟားခါး၊ ဖလမ်း၊ တီးတိန် နောက်ပြီးတော့ တွန်းဇံ။ ဒီဘက်ကလည်း ကျောက်တော် ဘက်ကနေ ပလက်ဝအထိ မဟာဓာတ်အားလိုင်း ချိတ်သွားဖို့ ရှိတယ်။ ဒါကတော့ တစ်ပိုင်း။ နောက်ထပ်တစ်ခုက ရေအားလျှပ်စစ် လုပ်နိုင်တဲ့နေရာမှာ ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက်ဖို့ ရှိတယ်။ ဒါတွေက ဘာလဲဆိုရင် Infrastructure ပိုင်းတွေ ပြင်တာ။ Infrastructure ပိုင်း အဲဒီလိုဖြစ်ပြီဆိုရင်၊ လမ်းပန်းဆက်သွယ်ရေးက ပွင့်သွားပြီဆိုလို့ရှိရင် ခုနက ပြောတဲ့ Information Flow က မြန်သွားပြီ။ Information Flow မြန်တာနဲ့ ကျွန်တော်တို့က ဈေးကွက်။ ဈေးကွက် Information ရတာနဲ့ အဲဒီလို ဖြစ်သွားတာနဲ့ တောင်ယာစနစ်၊ လယ်ယာစနစ်ကို အခြေခံတာကနေ Service Oriented ၀န်ဆောင်မှုကို အားပြုတဲ့ လုပ်ငန်းတွေက ဖြစ်ထွန်းလာမယ်။

မေး - ချင်းတောင်မှာ လေကနေ စွမ်းအင်ထုတ်နိုင်တဲ့ အနေအထားမျိုးအတွက် ကောင်းတဲ့ ရေခံမြေခံတွေရှိတာ တွေ့ရတဲ့ လေအားလျှပ်စစ်စီမံကိန်း လုပ်ဖို့တွေအတွက်ကော ပြင်ဆင်ထားတာ ရှိလား။

ဖြေ - ကျွန်တော် အဲဒီ Wind Power ကိစ္စကတော့ မကြာခဏ ကြားရတယ်ပေါ့လေ။ အခုလည်း တောက်လျောက် ကျွန်တော့်ကို ပြောဆိုနေတာ ရှိတယ်။ ဒါပေမဲ့လည်း တစ်ဘက်ကလည်း တချို့နေရာမှာကျတော့ လေတိုက်မှုပုံစံက မတူဘူး ပြောတယ်။ မတူဘူးဆိုတာ Direction တစ်ခု တည်း တိုက်တာ မဟုတ်ဘူး။ ပတ်ချာလည် တိုက်တာဆိုတော့ လျှပ်စစ်ဓာတ်အား ထုတ်နိုင် လောက်တဲ့ အနေအထားမျိုး မရှိဘူးလို့ တချို့ကလည်း ပြောတယ်။ တချို့ကတော့လည်း Wind တာဘိုင်၊ Wind Power ကို လုပ်ချင်တာလည်း ရှိတယ်။ ဆိုတော့ လောလောဆယ် ကျွန်တော် သေသေချာချာ လေ့လာချင်သေးတယ်။ ဖြစ်နိုင်-မဖြစ်နိုင်၊ ကုန်ကျစရိတ်ကအစပေါ့နော်။ အဲဒါတွေ လေ့လာချင်သေးတယ်။ နောက်ပြီး Wind တာဘိုင်၊ Wind Power အများဆုံး အလုပ်လုပ်တဲ့ ဆွီဒင်တို့၊ နော်ဝေတို့လည်း ကျွန်တော် ကိုယ်တိုင် မကြာခဏ ရောက်တာဖြစ်တဲ့အတွက် ကြောင့်မို့လို့ အဲဒီတုန်းကတော့ ကိုယ်ကတော့ ဒီရာထူး မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ ချင်းတစ်ယောက်အနေနဲ့ စိတ်ဝင်တစား လိုက်လေ့လာတဲ့အခါမှာ သူတို့ဆီမှာ လုပ်နိုင်တဲ့ အနေအထားနဲ့ ကိုယ့်ဆီမှာ လုပ်နိုင်တဲ့အနေအထားနဲ့က အများကြီး လိုသေးတယ်။ သူတို့ဆီမှာကျတော့ Energy Friendly ဖြစ်တာပေါ့။ Energy Friendly ဖြစ်တယ်။ Energy နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး ဘယ်လောက်ထိအောင် ဖြစ်သလဲဆိုရင် ရွာတစ်ရွာမှာ တာဘိုင်တစ်ခုထောင်ထားတယ်။ ပြီးတော့မှ ရွာသားတွေက ၀ိုင်းရင်းနှီးမြှုပ်နှံကြတယ်၊ သမ (သမ၀ါယမ) စနစ်ပေါ့။ ပြီးမှ အစိုးရကို ပြန်ရောင်းတဲ့အထိ သူတို့ ရှိတယ်။ အဲဒီဝင်ငွေနဲ့ မိသားစုလည်း သားစဉ်မြေးဆက် Income က ရနေတာပေါ့။ သူတို့ Income အဲဒီလိုမျိုးပေါ့လေ။ နောက်တစ်ခုကလည်း Energy ကလည်း တကယ့် Renewable Energy ပြန်ပြည့်မယ့်စွမ်းအင်။ ခုနက ပြောတဲ့ Wind Power ဆိုတဲ့ကိစ္စက ပြန်ပြည့်မယ့် Renewable စွမ်းအင်။ ပြန်ပြည့်မယ့် စွမ်းအင်လို့ ပြောတဲ့အခါမှာ လေ၊ နောက်ပြီး တော့ နေ ပေါ့။ ဆိုလာ။ ဆိုလာကိုလည်း ကျွန်တော်တို့ စဉ်းစားတယ်။

ဆိုလာက ချင်းပြည်နယ် မြောက်ပိုင်းဘက်မှာ လုပ်တာထက် တောင်ပိုင်းဘက်မှာ လုပ်တာ က ပိုအဆင်ပြေတယ်။ မြောက်ပိုင်းဘက်မှာက နေရောင်ခြည်က တချို့လတွေမှာ အား မကောင်းဘူး။ ရတဲ့ အချိန်က နည်းတယ်၊ အဲဒါမျိုးတွေ ရှိတယ်။ အဲဒီတော့ သို့သော်လည်းပဲ တောင်ပိုင်းကော၊ မြောက်ပိုင်းကော ဆိုလာကို အများကြီး သုံးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဆိုလာကို တစ်အိမ်ချင်းအလိုက် မဟုတ်ဘဲနဲ့ ဆိုလာအများကြီး စုပြီးတော့မှ ရွာတစ်ရွာဆိုရင် တစ်ရွာအလိုက် ပေးထားနိုင်မယ့်၊ လျှပ်စစ်မီး ပေးနိုင်မယ့်အထိ စဉ်းစားတယ်။ စောနက ပြောတဲ့ Wind Power ပဲ မကဘူးပေါ့။ ဆိုလာပါဝါကိုလည်း လုပ်နိုင်ဖို့ စဉ်းစားတာ ရှိတယ်။ အဲဒါတွေ အား လုံးကတော့ လောလောဆယ် မစရသေးဘူး။ စဉ်းစားချက်တွေပဲ ရှိတယ်။ အခုက နှစ်လပဲ ရှိသေးတယ် အစိုးရသစ်က။ လာမယ့် ၈ ရက်နေ့ကျမှ နှစ်လပြည့်မှာ။
ဘယ်လိုအနေအထားရှိတယ်ဆိုတာလည်း ပြည်သူတွေကို ချပြမယ်။ အရင်တုန်းက ဘယ်လိုရှိသလဲဆိုရင် ဟိုလူ လာကြည့်တယ်၊ ဒီလူ လာကြည့်တယ်။ ကြည့်တာပဲ ရှိတယ်။ နောက်ဆုံး Result တွေ ဘာတွေသွားလဲ လူတွေ မသိဘူး။ ဟိုလူလည်း လာကြည့်တာပဲ၊ ဂျာမနီကလည်း လာကြည့်တာပဲ၊ ဂျပန်ကလည်း လာကြည့်တာပဲ။ လုပ်သွားတာက မစားရ ၀ခမန်းလို ဖြစ်နေတယ်။ သူတို့က ဘယ်လိုအကြံပေးသွားသလဲ၊ လုပ်လို့ ရလောက်လား မလောက်လားဆိုတာ မသိလိုက်ဘူး...
သို့သော် ဒီအတောအတွင်းမှာ အထူးသဖြင့် အာရုံစိုက်တဲ့အပိုင်းကတော့ SME ခေါ်တဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းပိုင်း၊ Tourism ပိုင်းနဲ့ Town Development ပိုင်း။ ဒါကို ဦးစားပေးမယ် ရက် ၁၀၀ အတွင်း။ ဒါပေမဲ့ လျှပ်စစ်ပိုင်းမှာဆိုရင် Wind Power, Solar Power တွေကို တိုးချဲ့အသုံးပြုနိုင်ဖို့ကိစ္စ။ နောက် အဆင်ပြေလောက်တဲ့နေရာတွေမှာ Hydro Power လုပ်နိုင်ဖို့ ကိစ္စ။ ပြီးတော့ ဘယ်လိုအနေအထားရှိတယ်ဆိုတာလည်း ပြည်သူတွေကို ချပြမယ်။ အရင်တုန်းက ဘယ်လိုရှိသလဲဆိုရင် ဟိုလူ လာကြည့်တယ်၊ ဒီလူ လာကြည့်တယ်။ ကြည့်တာပဲ ရှိတယ်။ နောက်ဆုံး Result တွေ ဘာတွေသွားလဲ လူတွေ မသိဘူး။ ဟိုလူလည်း လာကြည့်တာပဲ၊ ဂျာမနီကလည်း လာကြည့်တာပဲ၊ ဂျပန်ကလည်း လာကြည့်တာပဲ။ လုပ်သွားတာက မစားရ ၀ခမန်းလို ဖြစ်နေတယ်။ သူတို့က ဘယ်လိုအကြံပေးသွားသလဲ၊ လုပ်လို့ ရလောက်လား မလောက်လားဆိုတာ မသိလိုက်ဘူး။ တစ်ခါတစ်လေကျတော့လည်း လာလေ့လာတဲ့ အတွက်ကြောင့်မို့လို့ လုပ်လို့ရမယ်လို့ အဓိပ္ပာယ် မထွက်ဘူး။ အဲဒီတော့ ကောက်ချက်က မျိုးစုံဖြစ်နေတာ။ လုပ်စေချင်တဲ့ စိတ်ထက်သန်တဲ့လူတွေကျတော့ ဟာ… လာလေ့လာသွားတယ်၊ သူတို့က လုပ်လို့ ရတယ်လို့ ပြောတယ်။ စိတ်မပါတဲ့ တချို့ကျတော့လည်း လာလေ့လာသွားတယ်၊ သူတို့ကျတော့ အဆင်မပြေလောက်ဘူး၊ ကုန်ကျစရိတ်များမယ်။ ဆင်ကြီးကို လိုက်စမ်းသပ်တဲ့ မျက်မမြင်ပုဏ္ဏား ခြောက်ယောက်လို ဖြစ်နေတယ်။ အဲဒီကျတော့ ကျွန်တော်ကလည်း ဒါတွေကို ကြားတဲ့အနေ အထားအရဆိုတော့ ကျွန်တော့်မှာ လာလေ့လာတဲ့ စာရင်းပဲ ရှိတယ်။ Research ပါရှိတယ်ဆိုတဲ့ Proper၊ တကယ့်စာရွက်စာတမ်းနဲ့ စိတ်တိုင်းကျတဲ့ အနေအထားမျိုးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက် ချနိုင်လောက်တဲ့ အထောက်အထားတွေ၊ တင်ပြချက်တွေ၊ အကြံပြုချက်တွေ ကျွန်တော့် စားပွဲပေါ်မှာပဲ ရှိသေးတယ်။ ဆိုတော့ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ လုပ်လည်း လုပ်ချင်တယ်။ ဒါပေမဲ့ လုပ်လို့ ရ၊ မရဆိုတဲ့ကိစ္စ သေချာပြန်စဉ်းစားမယ်။ ဆင်ဖိုးထက် ချွန်းဖိုး မကြီးစေချင်ဘူး။ မြန်မာနိုင်ငံမှာက ဖြစ်နိုင်ခြေ လေ့လာမှုကို သေသေချာချာ မလုပ်ဘဲနဲ့ လူကြီးတွေက လုပ်ချင်တယ်ဆိုတဲ့ Motivation တစ်ခုတည်းနဲ့ သွားလိုက်ကြတာ များတယ်။ နောက်ဆုံးမှာ ပိုက်ဆံ သိန်း၊ သန်း၊ ပိုက်ဆံကုဋေနဲ့ချီ ကုန်ပြီးတော့မှ နောက်ဆုံးမှာ ဘာမှမထွက်တဲ့၊ ရလဒ် ဘာမှ မထွက်တဲ့ဟာလည်း ရှိတယ်။ တကယ့်တကယ် ကျွန်တော်တို့ အရေးကြီးတာက ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှု။ တကယ် ဖြစ်၊ မဖြစ်ဆိုတာကို သေသေချာချာ လုပ်ပြီးတော့မှပဲ ဒါကို ဘယ်လိုလုပ်မယ်ဆိုတာကို ကျွန်တော်တို့ ဆုံးဖြတ်ကြမှာ ဖြစ်တယ်။

အောင်ထွန်းလင်း

အခြားကဏ္ဍများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းထားမှုများကိုလည်း ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

“ချင်းပြည်နယ်က လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍနဲ့ ချမ်းသာအောင် လုပ်လို့မရဘူး”

ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဖြစ် သတ်မှတ်ခံထားရသည့် ချင်းပြည်နယ်၌ ဒေသ ရေရှည်ဖွံ့ဖြိုးရေးအတွက် စိန်ခေါ်ချက်များစွာ ရှိနေပေသည်။ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး မှသည် အခြားသော အခြေခံအဆောက်အအုံများ ပြည့်စုံရေးအထိ များစွာ လုပ်ကိုင်ရဦးမည် ဖြစ်သည်။

ထို့ပြင် ပြည်နယ်၏ လူသားအရင်းအမြစ်များ ဆုံးရှုံးနေမှုအပါအ၀င် ပြည်ပရောက် ချင်းတိုင်းရင်းသားများ ပြန်လာရေးမှာလည်း ပြည်နယ်အစိုးရအတွက် စိန်ခေါ်ချက်တစ်ခုဖြစ်နေပြီး တိုင်းရင်းသားများကြား မျိုးနွယ်စု မတူညီမှု ပြဿနာများကလည်း မဖြစ်မနေ ဖြေရှင်းရမည့် အချက်တစ်ခု ဖြစ်နေပေသည်။


ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ဖြည့်တင်း လုပ်ဆောင်ရမည့် ကိစ္စရပ်များ၊ စိန်ခေါ်ချက်များနှင့် ပြဿနာများစွာ ရှိသည့်အနက် မည်သည့်ကဏ္ဍအား စတင်ကိုင်တွယ်ရမည့်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်အား အောက်ချင်းသစ္စာ သတင်းအေဂျင်စီမှာ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့မှုအား ဖော်ပြလိုက်ပါသည်။

--------------------------------

မေး - ချင်းပြည်နယ်က တိုင်းနဲ့ ပြည်နယ်အသီးသီးထဲမှာဆိုရင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ပြည်နယ်အဖြစ် အားလုံးကလည်း သိထားတယ်။ ဒီတော့ ၀န်ကြီးအနေနဲ့ ချင်းပြည်နယ် မြန်မြန်ဆန်ဆန် တိုးတက်ဖို့ဆိုရင် ဘယ် Sector (ကဏ္ဍ) ကို စပြီး ကိုင်တွယ်ရမယ်လို့ သုံးသပ် ထားတာ ရှိပါသလဲ။

ဖြေ - ကျွန်တော်တို့ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးမှုအတွက်ပေါ့နော်။ စတင်ကိုင်တွယ်ဖို့ လိုအပ် တဲ့ Sector ပေါ့။ ကဏ္ဍကို မပြောချင်မှာ လက်ရှိ ချင်းပြည်နယ်ရဲ့ Development Context ပေါ့။ ဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့အခါမှာ လက်ရှိဖြစ်နေတဲ့၊ ကြုံနေတဲ့အနေအထားလေး၊ ဒါကို အရင် ပြောချင်တယ်။

ကျွန်တော်တို့ အားလုံးသိတဲ့အတိုင်းပဲ။ ချင်းပြည်နယ်သည် မြန်မာပြည်မှာ ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး ပြည်နယ်ထဲမှာ ရှိတယ်။ သဘာဝသယံဇာတ အင်မတန်မှ နည်းပါးတယ်ပေါ့လေ။ သဘောက တွင်းထွက်ပေါ့နော်။ သို့သော်လည်းပဲ ကျွန်တော်တို့ဆီမှာ နောက်ထပ် အလားအလာ ကောင်းတဲ့ ကိစ္စက ကျွန်တော်တို့ရဲ့ သဘာဝအရင်းအမြစ်လို့ ပြောတဲ့အခါမှာ တွင်းထွက်ဘဲ မဟုတ်ဘဲနဲ့ သစ်တောတို့၊ သဘာဝပတ်ဝန်းကျင်တို့ Natural Landscape ပေါ့နော်။  ဒါတွေက ကျွန်တော်တို့ရဲ့ သဘာဝရင်းမြစ်အနေနဲ့ ရှိနေတာ ဖြစ်တယ်။ သို့သော်လည်းပဲ ရှိနေတဲ့ တွင်းထွက် မဟုတ်ဘဲနဲ့ ဒီ သစ်တောတို့၊ တောတောင်တို့၊ ရာသီဥတုတို့၊ Landscape တို့ အစရှိတဲ့ သဘာဝ ရင်းမြစ်တွေကို ငွေကြေးဆိုင်ရာ အကျိုးအမြတ်အတွက် ပြောင်းလဲအသုံးပြုနိုင်တဲ့ အနေအထား ကတော့ မရှိသေးဘူး။ နောက် ချင်းပြည်နယ်သည် အများစု သစ်တောဖုံးလွှမ်းတဲ့ ဒေသဖြစ်ပေမယ့် လည်း တကယ့်တကယ် သစ်ထုတ်ဖို့အတွက်ဆိုရင်လည်း ကျွန်တော်တို့စီမှာ ဒီလောက် သစ် ထုတ်လုပ်ငန်းကြီးတစ်ခုလုံးကို ဆောင်ရွက်နိုင်တဲ့ အနေအထားတွေ၊ အလားအလာကောင်းတဲ့ သစ်တောဆိုတာမျိုးလည်း မရှိတော့ဘူး။ ဆိုတော့ နှစ်ပေါင်းများစွာ တောခုတ်လာတဲ့ဒဏ်တွေ၊ တရားမ၀င် သစ်ခိုးထုတ်တဲ့ဒဏ်တွေ။ နောက်ပြီးတော့ ချင်းတောင်ရဲ့ ရာသီဥတုက အေးသမရာသီ ဥတုဖြစ်တဲ့အတွက် အပင်စိုက်တဲ့အခါ အလွယ်တကူ ရှင်သန်ဖို့ ခက်တယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့က ခုတ်ပြီးတော့ ပြန်စိုက်တာထက် မခုတ်တဲ့နည်းက အကောင်းဆုံး ဖြစ်တယ်ပေါ့ ဗျာ။ ဆိုတော့ အဲဒီအနေအထားမျိုး ရှိသလို တစ်ဖက်ကလည်း လူဦးရေနဲ့ ပြောမယ်ဆိုရင် လူဦးရေ က ငါးသိန်းမပြည့်ဘူး။ အဲဒီတော့ အစာရေစာ ဖူလုံမှုက အင်မတန် နည်းတယ်။ တချို့နေရာမှာ ဆိုရင် ၃၃၊ ၃၄ ရာခိုင်နှုန်းပဲ ရှိတယ်။ ပလက်ဝလိုဟာမျိုးကျတော့ အစားအစာ ဖူလုံမှုက ၇၀ ရာခိုင် နှုန်းလောက် ရှိတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ ရေရှည် ပြည်နယ်တစ်ခုလုံးအနေနဲ့ အစာရေစာဖူလုံမှုကို ပြောရင် ပြည်နယ်တွင်းရဲ့ ရိက္ခာနဲ့၊ ပြည်နယ်တွင်းထွက်ကုန်နဲ့ လုံလောက်အောင် မပံ့ပိုးနိုင်ဘူး။ အဲဒီတော့ ချင်းပြည်နယ်သည် တစ်ဖက်ကလည်းပဲ တွင်းထွက် သယံဇာတအနေနဲ့ ထုတ်ယူသုံးစွဲနိုင်တဲ့ အနေအထားမျိုး မရှိသေးသလို တစ်ဖက်ကလည်း သဘာဝရင်းမြစ်တွေနဲ့ပတ်သက်ပြီး အကျိုးအမြတ်အနေနဲ့ အသွင်ပြောင်းနိုင်တဲ့ အနေအထားမျိုး လည်း မရှိသေးဘူး။ တစ်ဖက်ကလည်းပဲ ခုနပြောတဲ့ ဒေသ ထွက်ကုန်၊ ရိက္ခာတွေကလည်းပဲ ပြည်နယ်တွင်းကို ဖူလုံအောင် မလုပ်နိုင်သေးတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

 လူဦးရေနဲ့ ပြောမယ်ဆိုရင် လူဦးရေ က ငါးသိန်းမပြည့်ဘူး။ အဲဒီတော့ အစာရေစာ ဖူလုံမှုက အင်မတန် နည်းတယ်။ တချို့နေရာမှာ ဆိုရင် ၃၃၊ ၃၄ ရာခိုင်နှုန်းပဲ ရှိတယ်။ ပလက်ဝလိုဟာမျိုးကျတော့ အစားအစာ ဖူလုံမှုက ၇၀ ရာခိုင် နှုန်းလောက် ရှိတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ ရေရှည် ပြည်နယ်တစ်ခုလုံးအနေနဲ့ အစာရေစာဖူလုံမှုကို ပြောရင် ပြည်နယ်တွင်းရဲ့ ရိက္ခာနဲ့၊ ပြည်နယ်တွင်းထွက်ကုန်နဲ့ လုံလောက်အောင် မပံ့ပိုးနိုင်ဘူး...

ဆိုတော့ ဒီနေရာမှာ ဘယ်ကဏ္ဍကို ဦးစားပေးပြီးတော့ လုပ်ရမလဲလို့ ပြောတဲ့အခါမှာ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကတော့ တစ်ခုပေါ့လေ။ ထည့်သွင်းစဉ်းစားထိုက်တဲ့ အရာတစ်ခု ဖြစ်တယ်။ သို့သော်လည်းပဲ ချင်းပြည်နယ်မှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍလို့ ပြောတဲ့ အခါမှာ အများဆုံးအသုံးပြုတဲ့နည်းက ရွှေ့ပြောင်းတောင်ယာစနစ် ဖြစ်တယ်။ ရွှေ့ပြောင်းတောင် ယာစနစ် လုပ်တဲ့အတွက်ကြောင့်မို့လို့ တောခုတ်ရတယ်၊ တောပြုန်းတယ်၊ သစ်တောကုန်တယ် ပေါ့လေ။ တစ်ဖက်မှာလည်း တောင်ယာလုပ်တဲ့အတွက်ကြောင့်မို့လို့ လုံလောက်တဲ့ ဆန်စပါး၊ ကောက်ပဲသီးနှံ ရိတ်သိမ်းနိုင်တဲ့အနေအထားရှိသလားဆိုတော့ မရှိဘူး။ တစ်နှစ်စာ တစ်နှစ်စာ တောင်မှ မလုံလောက်နိုင်တဲ့ အနေအထား ဖြစ်တယ်။ အဲဒီတော့ နောက်ထပ် လယ်ယာစိုက်ပျိုး ရေးကဏ္ဍကို အများကြီး မြှင့်တင်ပြီးတော့မှ ဆောင်ရွက်မလားလို့ ပြောပြန်ရင်လည်း ကျွန်တော် တစ်ယောက်တည်း သုံးသပ်ချက်ကတော့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားပြုပြီးတော့မှ ချင်းပြည်နယ် ရိက္ခာဖူလုံအောင်၊ ထိုထက်မက ရင်းနှီးမြှုပ်နှံမှု ရရှိပြီးတော့မှ ချင်းပြည်နယ် ချမ်းသာအောင် လုပ်ဖို့က တော်တော်လေး ခက်မယ်လို့ အဲဒီလိုပဲမြင်တယ်။ အဲဒီတော့ လယ်ယာကဏ္ဍပေါ့နော်၊ နောက် ဒီစိုက်ပျိုးရေးကဏ္ဍက ချင်းပြည်နယ်ကို ချမ်းသာအောင် လုပ်ဖို့ ခက်တယ်။ တစ်ဖက်ကလည်း သားငါးကိစ္စပေါ့နော်။ သားငါး၊ တိရစ္ဆာန် မွေးမြူတဲ့ကိစ္စက ဒါကလည်းပဲ ဒေသရိက္ခာအတွက် ဖူလုံတဲ့ အနေအထားလောက်ပဲ ဖြစ်မယ်၊ အလွန်ဆုံး ဖြစ်နိုင်ရင်တောင်မှ။ Export လုပ်နိုင်တဲ့ အနေအထားမျိုးကတော့ တော်တော်လေး အခက်အခဲ ရှိတယ်။ ဘာဖြစ်လို့လည်းဆိုရင် နွားနောက်မွေးမယ်၊ ဆိတ်မွေးမယ်၊ နွားမွေးမယ် စသည်ဖြင့် လုပ်ရင်လည်းပဲ စားကျက်က လိုလာပြီ။ ဆိုတော့ အခုတောင်မှ နွားနောက်မွေးကြတဲ့ နေရာမှာ၊ အများကြီး မွေးတဲ့နေရာမှာ စားကျက်ကိစ္စ ပြဿနာ ရှိတယ်။

 ပြည်နယ် ဖူလုံနိုင်တဲ့ အနေအထားမျိုးထိ၊ သူများ ပြည်နယ်အထိ ပြန်တင်ပို့နိုင်တဲ့ အနေအထားအထိ လယ်ယာကဏ္ဍ၊ သစ်တောကဏ္ဍမှာ မဖြစ်နိုင်ဘူး။ နောက် သားငါးကဏ္ဍလည်း ထိုနည်းတူပဲ။ အဲဒါကြောင့်မို့လို့ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍမှာ အလွန်ဆုံး တင်နိုင်ရင်တောင်မှ ဒေသ၀မ်းစာ ဖူလုံနိုင်ဖို့ အတွက် ၀ိုင်းပြီးတော့ ထောက်ကူပေးတဲ့ အနေအထားပဲ ရှိတယ်

ဆိုတော့ လယ်ယာ၊ သစ်တော၊ သားငါး ဒီကဏ္ဍမှာကိုက ကျွန်တော်တို့ ဘာရှိသလဲဆိုရင် ချင်းပြည်နယ်သည် တောင်ပေါ်ဒေသ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လယ်ယာစိုက်ပျိုးဖို့၊ ပြည်နယ် ဖူလုံနိုင်တဲ့ အနေအထားမျိုးထိ၊ သူများ ပြည်နယ်အထိ ပြန်တင်ပို့နိုင်တဲ့ အနေအထားအထိ လယ်ယာကဏ္ဍ၊ သစ်တောကဏ္ဍမှာ မဖြစ်နိုင်ဘူး။ နောက် သားငါးကဏ္ဍလည်း ထိုနည်းတူပဲ။ အဲဒါကြောင့်မို့လို့ လယ်ယာ၊ သားငါး၊ သစ်တောကဏ္ဍမှာ အလွန်ဆုံး တင်နိုင်ရင်တောင်မှ ဒေသ၀မ်းစာ ဖူလုံနိုင်ဖို့ အတွက် ၀ိုင်းပြီးတော့ ထောက်ကူပေးတဲ့ အနေအထားပဲ ရှိတယ်။ အဲဒီလို ဆိုလို့ရှိရင် ချင်းပြည်နယ်မှ ၀မ်းစာ ဖူလုံရမယ်၊ ဖွံ့ဖြိုးရမယ်။ ဆိုလိုချင်တာ ဖွံ့ဖြိုးတယ်ဆိုတဲ့ အခါမှာ သူ့ရဲ့ အဓိပ္ပာယ်က တတိယအဆင့်လောက် ဖြစ်တယ်။ ကျွန်တော်တို့ ပြောနေတာ တတိယအဆင့် ဖြစ်တယ်။

ပထမအဆင့်ကတော့ လိုအပ်တဲ့ စားဖို့အတွက် ရိက္ခာဖူလုံဖို့ ဖြစ်တယ်။ ဆန်စပါး၊ ဟင်း။ ရိုးရိုးလေး ပြောမယ်ဆိုရင် မနက်တိုင်း၊ ညတိုင်း ထမင်းကောင်းကောင်းနဲ့၊ ဟင်းအမယ် ဖွယ်ဖွယ် ရာရာနဲ့ တစ်ရက်စာ၊ တစ်ပတ်စာ၊ တစ်လစာ၊ တစ်နှစ်စာ ဖူလုံနေတဲ့ အနေအထားမျိုး၊ လုံလောက်တဲ့အနေအထားမျိုး၊ ၀ယ်စရာ ပြုစရာ မလိုတဲ့အနေအထားမျိုး။ ဒါက ပထမအဆင့်ပေါ့။ အဲဒီကနေပြီးတော့မှ ငွေပိုငွေလျှံ ဖြစ်လာတယ်၊ ငွေပိုငွေလျှံ ရလာတယ်။ အိမ်မှာ စားဖို့အတွက် ကိုယ်က ၀ယ်ထားနိုင်တယ်၊ လှောင်ထားနိုင်တယ်။ နောက် ပညာရေး၊ ကျန်းမာရေးသုံးနိုင်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှု။ ကိုယ့်မှာ ငွေပိုငွေလျှံ ဖြစ်လာပြီးတောာ့ ရင်းနှီးမြှုပ်နှံရတော့မယ်။ ဘဏ်မှာ ထားတာက အစ၊ နောက်ဆုံး စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာက အလယ်၊ နောက်ထပ် တခြားပြည်နယ်၊ ပြင်ပမှာ သွားပြီးတော့ ရင်းနှီးမြှုပ်နှံရတာပေါ့လေ။ စမ်းသပ်လုပ်ကိုင်တဲ့တာမျိုး။  စွန့်ဦးတီထွင်တဲ့ ကိစ္စ။ အဲဒီလိုမျိုး လုပ်ပြီးတဲ့အခါကျတော့မှပဲ အဲဒီက တိုးပွားလာတဲ့အမြတ်။ အဲဒီဟာ များတဲ့အခါကျတော့မှပဲ ပြည်နယ်ရဲ့ GDP၊ ပြည်နယ်ရဲ့ ၀င်ငွေ၊ ပြည်နယ်က ချမ်းသာလာတယ်ဆိုတာ ဖြစ်လာမယ်။ အဲဒီ တတိယအဆင့်။

အဲဒီအတွက်ကြောင့်မို့လို့ အခု ကျွန်တော်တို့က နံပါတ်တစ်က စားဖို့အတွက် ဆန်၊ ရေ၊ ရိက္ခာ ဖူဖူလုံလုံ ရာနှုန်းပြည့် ရှိနိုင်ဖို့ကိစ္စက နံပါတ်တစ် သွားရမှာ ဖြစ်တယ်။ အဲဒါပြီးတဲ့အခါမှာ အိမ်တိုင်း အိမ်တိုင်း၊ လူတိုင်း လူတိုင်းသည် ရင်းနှီးမြှုပ်နှံနိုင်တဲ့ အနေအထားမျိုးပေါ့။ ငွေပိုငွေလျှံ ရှိလာရမယ်။ နံပါတ် ၃ ငွေပိုငွေလျှံ ရှိလာပြီးတော့ ပြည်နယ်တွင်းမှာ ဖြစ်ဖြစ်၊ ပြည်နယ် ပြင်ပမှာ ဖြစ်ဖြစ် သူ့မှ အကျိုးအမြတ် ရတဲ့လုပ်ငန်းမှာ ဟို…ရင်းနှီးမြှုပ်နိုင်တဲ့ အခြေအနေပေါ့နော်။ စီးပွားရေး လုပ်ငန်းကောင်း၊ အဲဒီလိုမျိုး ကျွန်တော်တို့က စဉ်းစားတယ်။

 တောတောင်ရေမြေ။ ကျွန်တော်တို့ဆီမှာ သဘာဝ ခရီးသွားလုပ်ငန်းတွေအတွက် အခြေအနေကောင်းတွေ ရှိတယ်။ နောက်ပြီး ရာသီဥတု ကောင်း တယ်။ ကျွန်တော်တို့ ခေါနုသုမ်၊ ကန်ပက်လက်မှာ ရှိတဲ့ ခေါနုသုမ်၊ Mount Victoria, ရိဒ်ရေကန် လိုမျိုး အစရှိသဖြင့်ပေါ့လေ။ ဆိုတော့ ဒီလိုမျိုး သဘာဝခရီးသွားလုပ်ငန်းတွေ မြှင့်တင်နိုင်မယ် ဆိုရင် အဲဒါတွေက  နောက်ထပ် ကျွန်တော်တို့ရဲ့ ၀င်ငွေကောင်းဖြစ်တယ်။ ဆိုတော့ အဲဒါကလည်း ချင်းပြည်နယ်ရဲ့ မီးခိုးတိတ် စီးပွားရေးပေါ့နော်

ဆိုတော့ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်လိုကဏ္ဍမျိုးမှာ ကျွန်တော်တို့က ဖွံ့ဖြိုး ရေးကိစ္စ လုပ်မယ်ဆိုလို့ရင်၊ အရင်ဆုံး ဦးစားပေး အားပေးရမလဲဆိုရင် ကဏ္ဍတိုင်း ကျွန်တော် လုပ်နိုင်မှာတော့ မဟုတ်ဘူး။ အဲဒီတော့ ခုနက ပြောတဲ့ လယ်ယာ၊ သစ်တော၊ သားငါးကဏ္ဍ မှာကတော့ သူဌေးဖြစ်အောင် လုပ်လို့ မရဘူး။ အဲဒီတော့ ဒါသည် အခြေခံလိုအပ်ချက် ဖူလုံအောင် လုပ်တဲ့ အနေအထားပဲ ရှိမယ်။ အဲဒါတွေ ပြေလည်သွားပြီဆိုရင် နောက်ထပ်ရင်းနှီးမြှုပ်နှံနိုင် တဲ့ကိစ္စကတော့ အခု ဘာလဲဆိုရင် Natural Resource. အခု ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ အရင်း အမြစ်တွေ ဖြစ်တယ်။ အဲဒါက ဘာလဲဆိုရင် တောတောင်ရေမြေ။ ကျွန်တော်တို့ဆီမှာ သဘာဝ ခရီးသွားလုပ်ငန်းတွေအတွက် အခြေအနေကောင်းတွေ ရှိတယ်။ နောက်ပြီး ရာသီဥတု ကောင်း တယ်။ ကျွန်တော်တို့ ခေါနုသုမ်၊ ကန်ပက်လက်မှာ ရှိတဲ့ ခေါနုသုမ်၊ Mount Victoria, ရိဒ်ရေကန် လိုမျိုး အစရှိသဖြင့်ပေါ့လေ။ ဆိုတော့ ဒီလိုမျိုး သဘာဝခရီးသွားလုပ်ငန်းတွေ မြှင့်တင်နိုင်မယ် ဆိုရင် အဲဒါတွေက  နောက်ထပ် ကျွန်တော်တို့ရဲ့ ၀င်ငွေကောင်းဖြစ်တယ်။ ဆိုတော့ အဲဒါကလည်း ချင်းပြည်နယ်ရဲ့ မီးခိုးတိတ် စီးပွားရေးပေါ့နော်။ ရှိတဲ့ Natural Resource ကို တစ်ဖက်ကလည်း ထိန်းမယ်၊ ထိန်းရင်းနဲ့ ဒါတွေကို ရောင်းနိုင်တဲ့ဥစ္စာပေါ့။ အဲဒါက ပထမအချက်။ ဆိုတော့ ပြောမယ်ဆိုရင် အဲဒါက Service Industry ဖြစ်တယ်။ ၀န်ဆောင်မှု။ အဲဒီဟာကို အကြောင်းပြုပြီး တော့ ခရီးသွားလုပ်ငန်းတွေ တိုးတက်ဖြစ်ထွန်းလာတယ်ဆိုရင် ချင်းပြည်နယ်သည် ဒေသတွင်းခရီး သွားလုပ်ငန်း၊ နိုင်ငံတကာခရီးသွားလုပ်ငန်းတွေရဲ့ Head တစ်ခုပေါ့နော်။ မဖြစ်မနေ မြန်မာပြည် ရောက်ရင် ချင်းပြည်နယ်ကို မတက်ရင် မဖြစ်ဘူးဆိုတဲ့ဟာမျိုး၊ အဲဒီလို အနေအထားမျိုး သွားနိုင်တယ်ဆိုလို့ရှိရင် ပြည်နယ်ဝင်ငွေက ဒီထက်မက ရလာနိုင်စရာအကြောင်း ရှိတယ်။ လူတစ်ဦးချင်းမှာလည်း သူ တတ်ရင် တတ်သလို၊ ကျွမ်းကျင်ရင် ကျွမ်းကျင်သလို ရလာနိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ ဆိုတော့ Tourism ပေါ့နော်။ Tourism သည် မီးခိုးတိတ် စီးပွားရေးအနေနဲ့ ကျွန်တော်တို့ နောက်ထပ် အာရုံစိုက်သင့်တဲ့ကဏ္ဍ ဖြစ်တယ်။


လောလောဆယ်မှာ ကျွန်တော်တို့ အများကြီး မလုပ်နိုင်သေးဘူး။ ချင်းပြည်နယ် တစ်ခုလုံး မှာမှ ဟိုတယ်ပြောရင် မင်းတပ်၊ ကန်ပလက်မှာပဲ ရှိသေးတယ်။ အဲဒီတော့ ပြင်ဆင်ရမယ့်ကဏ္ဍ တော့ အများကြီးရှိတယ်။ သို့သော်လည်း ဒီကဏ္ဍကို အားမစိုက်ဘူးဆိုရင် ဖွံ့ဖြိုးရေးအပိုင်းမှာ ကျွန်တော်တို့က မဖြစ်နိုင်ဘူး။ လောလောဆယ် Primary ပေါ့နော်။ စားဝတ်နေရေး အတွက် ရုန်းနေရတယ်။ အဲဒါပြီးတော့မှ Investment ကို သွားနိုင်မယ်။ အဲဒီကနေမှ စီးပွားရေး လုပ်ငန်းပေါ့နော်။ ဒါတွေ ဆောင်ရွက်နိုင်မယ်မှသာလျှင် အဆင်ပြေမယ့်သဘောရှိတယ်။ ဒါက လတ်တလော။

နောက်တစ်ခုက ပြည်နယ်တစ်ခုလုံးသည် Service Head ဖြစ်အောင်။ Service Head ဖြစ်အောင်ဆိုလို့ရှိရင် တစ်ဖက်က အိန္ဒိယ ရှိတယ်။ တစ်ဖက်က အာဆီယံ ရှိတယ်၊ တရုတ် ရှိတယ်။ ဆိုတော့ အိန္ဒိယက အာဆီယံကို ကုန်သွယ်ရေးအရ ကူးလူးဆက်ဆံမယ်ဆိုရင် ချင်းပြည်နယ်က မဖြတ်လို့ မရဘူး။ အခု ကျွန်တော်တို့ ကုလားတန်မြစ်ကြောင်း ဘက်စုံပို့ဆောင် ရေးစီမံကိန်းဆိုတာလည်းပဲ ဒီနှစ်ကုန်ပြီဆိုရင် ပြီးတော့မယ်။ အဲဒီတော့ အိန္ဒိယ အရှေ့မြောက် ဘက်ပြည်နယ်တွေကနေတစ်ဆင့် အာဆီယံကို ဖြတ်သွားမယ့် လမ်းကြောင်း။ နောက်ပြီးတော့ အရှေ့မြောက် ထွက်ကုန်တွေ တင်ပို့နိုင်တဲ့ဟာ၊ အရှေ့မြောက်ကို တင်ပို့မယ့်ဟာ။ ဒါလည်း အရှေ့မြောက်ကလည်း ဈေးကွက်တစ်ခုပဲ။ အရှေ့တောင်အာရှဘက်က ဈေးကွက်ကလည်း ၀င်လာနိုင်တယ်။ တစ်ဖက်ကလည်း တရုတ်နဲ့ အိန္ဒိယ ဆက်ဆံတဲ့ လမ်းကြောင့်ပေါ့နော်။ ဆိုတော့ အဲဒီနေရာမှာ ချင်းပြည်နယ်သည် ဖြတ်ကို ဖြတ်သန်းရမယ့် နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီ ကုန်သွယ်ရေး၊ Regional Trade ထဲမှာ ကျွန်တော်တို့က ၀င် Play နိုင်တဲ့ အနေအထားအထိ လုပ်သွားနိုင်တယ်ဆိုရင် ကျွန်တော်တို့ ချင်းတောင်အတွက်က သိပ်ပူစရာမလိုဘူး၊ ပူစရာမရှိဘူး။ အဲဒါအတွက်ကြောင့်မို့လို့ ဒီငါးနှစ်မှာ ဦးစားပေးပြီး အာရုံစိုက်ရမယ့်ကိစ္စပေါ့နော်။ အာရုံစိုက်ဖို့ရန် ကိစ္စကတော့ Tourism ကို တင်နိုင်မယ်။

နောက်တစ်ခုက Regional Trade ထဲမှာ ၀င်သွားနိုင်တဲ့ အနေအထားပေါ့။ လောလော ဆယ်က ချင်းပြည်နယ်က Neglected Area ဖြစ်နေတယ်။ မျက်ကွယ်ပြုခံထားရတယ်။ အရေး မကြီးဘူးလို့ ထင်တယ်။ အဲဒီနေရာမှာ ချင်းပြည်နယ်သည် Economic Geography စီးပွားရေး ပထ၀ီမှာ အရေးကြီးတဲ့နေရာ တစ်ခုအနေနဲ့ အိန္ဒိယနဲ့ အာဆီယံ၊ အိန္ဒိယနဲ့ တရုတ်၊ ဒီလိုမျိုး ကစား နိုင်တယ်ဆိုရင် ချင်းပြည်နယ်အတွက် အများကြီး ပူစရာ မရှိဘူး။ ဆိုတော့ ဒါက ကျွန်တော့်အနေနဲ့ ဆိုလို့ရှိရင် ဒီဟာ ချင်းပြည်နယ်အနေနဲ့ ဒါကို ဦးစားပေး လုပ်သင့်တယ်ပေါ့လေ။

အောင်ထွန်းလင်း

အခြားကဏ္ဍများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းထားမှုများကိုလည်း ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

SMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ဖြေလျော့မှုများ လုပ်ပေးရမည်ဟု ချင်းဝန်ကြီး ပြော

ရန်ကုန်၊ ဇွန် ၁၅

ချင်းပြည်နယ်အတွင်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း SMEs များအတွက် ပြည်နယ်အစိုးရအနေဖြင့် ဖြေလျော့မှုများစွာ ပြုလုပ်ရမည်ဖြစ်ကာ ယင်း ဖြေလျော့မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဇွန်လ ၁၅၊ ၁၆ ရက်များတွင် ဆွေးနွေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SMEs ဆိုသည့် စကားရပ်အဓိပ္ပာယ် အပါအ၀င် ယခင်အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ဖြေလျော့ပေးရမည် ဖြစ်သည်ဟု ၀န်ကြီးက သုံးသပ်ထားသည်။

“လွဲနေတဲ့ဟာပေါ့။ တစ်ဖက်ကလည်း ဖြစ်စေချင်တယ်၊ တစ်ဖက်ကလည်း ဖြစ်လို့မရအောင် ပိတ်ဆို့ထားတဲ့ဟာတွေ ရှိတယ်။ ဆိုတော့ ဒီဟာတွေကို ပြန်ဖြေလျော့ဖို့ ဖြစ်တယ်။ ဖြေလျော့ဖို့လည်း လိုတယ်။ အရင်တုန်းကတော့ လုံခြုံရေးအမြင်တို့၊ စစ်ရေးအမြင်တို့နဲ့ အဲဒါတွေနဲ့ကြည့်ပြီးတော့မှ တချို့ကန့်သတ်မှုတွေ အများကြီး လုပ်ထားတယ် ကိုး။ ဒါပေမဲ့ တစ်ဖက်ကလည်း အခုက တကယ့်တကယ် ပြည်နယ်ဖွံ့ဖြိုးအောင်လုပ်မယ်ဆိုရင် တချို့ စည်းမျဉ်းစည်းကမ်းတွေကို ပြန်လည်ဖြေလျော့ရမှာ ဖြစ်တယ်။ ဘယ်လိုဟာတွေ ဖြေလျော့ ရမလဲဆိုတာတွေကို လောလောဆယ် မပြောလိုသေးဘူး။ ဘာလို့ဆိုတော့ အခုလာမယ့် ဇွန်လ ၁၅၊ ၁၆ မှာ အသေးစိတ်ဆွေးနွေးမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တချို့ Regulation တွေကို မဖြေလျော့လို့ မရဘူး။ ဖြေလျော့ပေးရမယ့် ကိစ္စတွေ ရှိတယ်။ ဥပမာအားဖြင့် SMEs လို့ဆိုရင် SMEs ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုက အကန့်အသတ် ဖြစ်နေတဲ့ကိစ္စတွေ ရှိတယ်။ SMEs ဆိုတာ ဘာလဲ။ ဘယ်လောက် ပမာဏရှိတဲ့ လုပ်ငန်းတွေလဲဆိုတာကအစ လက်တွေ့ကျကျ ပြန်လည် အဓိပ္ပာယ် ဖွင့်ရမယ့်သဘော ဖြစ်တယ်။ ဆိုတော့ ငွေချေးတဲ့နေရာမှာလည်း SMEs လို့ ပြောရင် လူတစ်ဦးချင်းရဲ့ လုပ်ငန်းတွေပဲ သွားသလား၊ သို့တည်းမဟုတ် ရွာအလိုက် Co-operate သ/မပုံစံမျိုး။ သ/မကို ပြောချင်တာ မဟုတ်ဘူးနော်။ သ/မပုံစံနဲ့ စုဖွဲ့ပြီးတော့ ၀ိုင်းကြီးချုပ် လုပ်တဲ့စနစ် ဖြစ်မလား၊ ဖြစ်နိုင်မလား အစရှိသဖြင့်ပေါ့လေ” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ချင်းပြည်နယ်သို့ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံလိုစိတ်ရှိရန်အတွက် စိတ်ဝင်စားမှု ရှိရန်မှာ ပြည်နယ်အစိုးရ၏ ကဏ္ဍဖြစ်ပြီး ယင်းလုပ်ငန်းများ အကောင်အထည်ဖော်နိုင် ရန်အတွက်မူ အချို့သော ကဏ္ဍများတွင် ဖြေလျော့မှုများစွာ ပြုလုပ်ရမည် ဖြစ်သည်။

“ဥပမာအားဖြင့် Tourism Sector မှာ ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် လိုအပ်တယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ နင်လားငါလား စဉ်းစားရမယ့်ကိစ္စက ပိုက်ဆံလာပြီး ရင်းနှီးမြှုပ်နှံမယ့် လူတွေအတွက် ဘာဆွဲဆောင်မှု ရှိသလဲ။ အဲဒီတော့ ကိုယ်ကတော့ လက်ကြီးပိုက်ပြီးတော့ ငါ့ဘက်က တစ်ပြားတောင် မလျော့ဘူး၊ မင်းတို့ လာလုပ်ကြဆိုတဲ့ပုံစံတော့ မရဘူး။ အဲဒီတော့ စီးပွားရေးသမားတွေက သူ့ပိုက်ဆံနဲ့ သူ၊ သူ့ရွေးချယ်မှုနဲ့ သူ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရဖြစ်လို့လည်း အရင်လိုမျိုး လာခဲ့၊ လာလုပ်လို့ ပြောလို့ရတဲ့ဟာမျိုး မဟုတ်ဘူး။ အခုက စီးပွားရေးသမားတွေ လာမယ်၊ လုပ်ငန်းရှင်တွေ လာမယ်၊ ရင်းနှီးမြှုပ်နှံ မယ့်သူတွေ လာမယ်။ သူတို့ကို ဆွဲဆောင်မယ့်ကိစ္စက ဘာလဲ၊ သူတို့ စိတ်ဝင်စားမယ့်ကိစ္စက ဘာလဲ။ ဒါက ပြည်နယ်အစိုးရမှာ စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်” ဟု ၀န်ကြီး အိုက်ဇက်ခင်က ဆိုသည်။

ယခင်က နိုင်ငံခြားသားများအနေဖြင့် ချင်းပြည်နယ်သို့ သွားမည်ဆိုပါက ၂၁ ရက် ကြိုတင် အကြောင်းကြားရပြီး ယခုအခါ ဖြေလျော့မှုတစ်ရပ်အနေဖြင့် ၂၁ ရက်မှ ၁၄ ရက်သို့ ဖြေလျော့ ပြောင်းလဲထားပြီး ဖြစ်သည်။

အောက်ချင်းသစ္စာ သတင်းအေဂျင်စီ

ပိတ်ထားသည့် ဆေးရုံတံခါးပေါက်နှင့် လမ်း ပြန်ဖွင့်ပေးရေး တောင်းဆို

ကလေး၊ ဇွန် ၎

မြို့နယ် ပြည်သူ့ဆေးရုံဝင်ပေါက်နှင့် ၀င်ပေါက်လမ်းအား ဖျက်သိမ်းကာ ယင်းလမ်းနယ်မြေ နေရာအား ပုဂ္ဂလိကသို့ ရောင်းချထားခြင်းအပေါ် ပြန်လည်စိစစ် အရေးယူပေးရန်နှင့် အဆိုပါ ဆေးရုံဝင်ပေါက်အား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း စစ်ကိုင်း တိုင်း၊ ကလေးမြို့ ဒေသခံ ပြည်သူတချို့က မြို့နယ်အာဏာပိုင်များထံ ဇွန်လ ၂ ရက် နေ့စွဲဖြင့် အကြောင်းကြားစာပေးပို့ တောင်းဆိုထားသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့သည့် အဆိုပါ အကြောင်းကြားစာတွင် “ယခင်ရှိခဲ့ပြီးသော လမ်း/တံခါးဟောင်းအား ပြန်လည်ဖွင့်လှစ် ပေးနိုင်ပါရန်” ဆိုသည့် အကြောင်းကြားစာတွင် လမ်းနှင့် တံခါးဟောင်းအား ပိတ်ဆို့ထားသဖြင့် ရပ်ကွက်နေပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အခြားကိစ္စရပ်များအတွက် သွားလာကြရာတွင် ဗိုလ်ချုပ်လမ်းနှင့် ပတ္တမြားလမ်း (မိုးဇလလမ်း) အား တစ်ကွေ့တစ်ပတ် အသုံးပြုနေရသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိပါသည်” ဟု ဖော်ပြထားသည်။

“ကျွန်တော်တို့ ညောင်ပင်သာရပ်ကွက်မှာ နေထိုင်သူတွေနဲ့ ပြည်သူလူထုအတွက် ကျန်းမာရေး၊ လူမှုရေး၊ မီးရေးထင်းရေးအတွက် တင်ပြတာပါဗျ။ အရင်လည်း ဒီတံခါးဟာ ရှိပြီးသားဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုအတွက် ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ။ ကျွန်တော် ကတော့ ၁၉၇၂ ခုနှစ်က စနေထိုင်ခဲ့တာပါ။ အဲဒီအချိန်က တံခါးဖွင့်ထားပါတယ်။ ၂၀၀၂ ခုနှစ် လောက်မှာ တံခါးပိတ်သွားတယ်” ဟု အကြောင်းကြားစာ ပေးပို့တောင်းဆိုရာတွင် ဦးဆောင်သူ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်နေ ဦးကိုလေးက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

ပိတ်ဆို့လိုက်သည့် ဆေးရုံတံခါးပေါက်နှင့် လမ်းနေရာမှာ စည်ပင်ပိုင်မြေနေရာဖြစ်ကာ လက်ရှိတွင် အဆိုပါမြေနေရာ၌ ဦးစန်းလင်းနှင့် ဒေါ်ကေသီတို့မှ နေအိမ်များ ဆောက်လုပ်ထားကြသည်။

အဆိုပါ တံခါးပေါက် မြေနေရာကို ၂၀၀၂ ခုနှစ်က ညောင်ပင်သာရပ်ကွက် ရပ်ကွက်ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက ရပ်ကွက်ရုံးဖွံ့ဖြိုးရေးအကြောင်းပြကာ ကျပ် ၈၀၀၀၀ ဖြင့် စာချုပ်စာတမ်းပြုလုပ်ကာ ဦးစန်းလင်းနှင့် ဒေါ်ကေသီတို့အား ရောင်းချထားခြင်း ဖြစ်သည်။

“၂၀၀၂ ခုနှစ်မှာ ညောင်ပင်သာ ရ၀တ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဒီလမ်းကို ရောင်းမယ်လို့ ရပ်ကွက်ထဲ ပြောနေတာကြောင့် ကျွန်တော်၊ လမ်းမြောက်ဘက်က ဦးစီဗာလား၊ ဒေါ်ကေသီတို့ နှစ်ဦးပေါင်းပြီး ရ၀တ ဥက္ကဋ္ဌ ဦးမြင့်သိန်းစီကနေ ၂၇.၉.၂၀၀၂ မှာ အစည်းအဝေးထိုင်၊ ညောင်ပင်သာ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ဆိုပြီး ငွေ ၈၀၀၀၀ စာချုပ်နဲ့ ၀ယ်ယူခဲ့ပါတယ်” ဟု မြေ၀ယ်ထားသူ ဦးစန်းလင်းက အောက်ချင်းသစ္စာ သတင်းအေဂျင်စီသို့ ပြောသည်။

လတ်တလောတွင် ပိတ်ဆို့ထားသည့် ဆေးရုံတံခါးပေါက်နေရာတွင် ပြည်သူ့ဆေးရုံ စုပေါင်းခွဲစိတ်ဆောင်ကို ဆေးရုံအာဏာပိုင်များက ထပ်မံတည်ဆောက်နေပြီဖြစ်ရာ အဆိုပါ တံခါးပေါက်နှင့် လမ်းအား ပြန်လည် ဖွင့်လှစ်မည်ဆိုပါက အကြောင်းကြောင်းကြောင့် ဆေးရုံလာကြသည့် ဒေသခံပြည်သူများအတွက် ပိုမိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်လျက် ရှိသည်။
အသစ်ဆောက်လုပ်နေသည့် စုပေါင်းခွဲစိတ်ဆောင်
“ဦးလေးကတော့ ဆေးရုံဝန်ထမ်း တစ်ယောက်အနေဖြင့် ဒီတံခါးပေါက်ကို ပြန်ဖွင့်ပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်လည်း ရှိခဲ့ပြီးသားလေ။ ဆေးရုံအတွက်၊ မီးရေး ထင်းရေးအတွက် အဆင်ပြေသလို ပြည်သူလူထုအတွက်လည်း အစစအရာရာ အဆင်ပြေမှာ မို့လို့ပါ။ အရင် ဒီတံခါးဟာ အနောက်ဘက် ရင်ခွဲရုံအပေါက်အထိ ထုတ်ချင်းပေါက် သွားလို့ ရပါတယ်။ ကျူးကျော်တွေ ပြောင်းသွားပြီးနောက်ပိုင်း ဆေးရုံတွေ ဆောက်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီတံခါးက ရှိခဲ့ပါသေးတယ်။ နယ်မြေမှူး ဦးမြင့်သိန်းလက်ထက် ၂၀၀၂ ခုနှစ်လောက်မှ တံခါးက ပိတ်သွားခဲ့တာပါ” ဆေးရုံဝန်ထမ်းတစ်ဦးဖြစ်သူ ဦးတင်လှက ဆိုသည်။

သန့်ဇင်ဆွေ
© all rights reserved
made with by templateszoo