Ad

Slider

အပူချိန်မြင့်သည့်အယ်လ်နီညိုဖြစ်စဉ် ဇွန်လတွင် ကုန်ဆုံးဖွယ်ရှိကာ မုတ်သုန် အ၀င်နောက်ကျမည်

ရန်ကုန်၊ ဧပြီ ၆

အပူချိန်မြင့်မားခြင်း၊ ရေခမ်းခြောက်ခြင်း ဖြစ်ရပ်များ ပါဝင်သည့် အယ်လ်နီညိုဖြစ်စဉ်မှာ လာမည့် ဇွန်လတွင် ကုန်ဆုံးဖွယ်ရှိကာ အနောက်တောင်လေ ၀င်ရောက်မှု နောက်ကျခြင်းကြောင့် မုတ်သုန်ရာသီအ၀င်မှာ တစ်ပတ်မှ နှစ်ပတ်ခန့်အထိ နောက်ကျဖွယ်ရှိကြောင်း မိုး/ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားသည်။

၂၀၁၅ ခုနှစ် ဇွန်လလကတည်းက စတင်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်မှာ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် အားအကောင်းဆုံးဖြစ်ခဲ့ကာ နှစ်ပေါင်း ၅၀၀ ကျော် ကြာမြင့်သည့် အယ်လ်နီညိုသမိုင်းတွင် အားအကောင်းဆုံးနှစ် ဖြစ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် အစပိုင်းတွင်မူ အယ်လ်နီညိုဖြစ်စဉ်မှာ အားလျော့လာကြောင်း၊ ၂၀၁၆ ခုနှစ် မေလ ၂ ရက် တိုင်းတာချက်အရမူ အားအနည်းဆုံး အဆင့်သို့ ရောက်ရှိလာခဲ့ကြောင်း မိုး/ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်မှတစ်ဆင့် မေလ ၆ ရက်တွင် ရေးသား ဖော်ပြထားသည်။
ဓာတ်ပုံ - Tun Lwin's Facebook
သို့သော် သင်္ချာပုံစံ အသုံးပြုတွက်ချက်မှုများအရ အယ်လ်နီညိုဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဇွန်လတွင် လုံးဝပြီးဆုံးသွားမည်ဟု ခန့်မှန်းထားသော်လည်း ယင်းဖြစ်စဉ်၏ ထိခိုက်မှုများကိုမူ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ ဆက်လက်ကြုံတွေ့ရဦးမည်ဖြစ်သည်ဟု ပညာာရှင်များက ခန့်မှန်းထားကြောင်း ဦးထွန်းလွင်က ဆိုထားသည်။

အလားတူ မုတ်သုန်ရာသီဥတုကို ဖြစ်ပေါ်စေသည့် အနောက်တောင်မုတ်သုန်လေမှာလည်း မြန်မာပြည်သို့ ၀င်ရောက်ရာတွင် ပုံမှန်ဝင်ရောက်မှုထက် အနည်းငယ် နောက်ကျ၍ မြန်မာနိုင်ငံတောင်ပိုင်းတွင် မေလ ၂၀ ရက်ခန့် (၁၅ ရက်ခန့် နောက်ကျ)၊ မြစ်ဝကျွန်းပေါ်ဒေသတွင် မေလ ၂၅ ရက်ခန့် (၁၀ ရက်ခန့် နောက်ကျ)၊ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် ဇွန်လ ၁ ရက်ခန့် (အလယ်ပိုင်းဒေသအတွက် ၇ ရက်ခန့်နောက်ကျ) မှသာ ၀င်ရောက်နိုင်သည့်အတွက် မုတ်သုန်ရာသီ အ၀င်နောက်ကျမည်ဟုလည်း မိုး/ဇလပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo