Ad

Slider

NLD အစိုးရလက်ထက် သမ္မတရုံးဝန်ကြီး တစ်ခုသာ ရှိမည်

ရန်ကုန်၊ မတ် ၅

လာမည့် ငါးနှစ်သက်တမ်းအတွက် အစိုးရတာဝန် ထမ်းဆောင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် သမ္မတရုံး ၀န်ကြီးဌာနများ ကွဲပြားနေခြင်းကို တစ်ခုတည်းအဖြစ် ပြန်လည် ဖွဲ့စည်းမည်ဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ပြောကြားလိုက်သည်။

မတ်လ ၄ ရက်က ပြုလုပ်သည့် NLD ပါတီ ထိပ်ပိုင်းခေါင်ေးဆာင်များ အစည်းအဝေးကို နေပြည်တော်ရှိ နှင်းဆီစံအိပ်တွင် ပြုလုပ်ပြီးနောက် ပြောကြားလိုက်ခြင်းဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာ မျိုးအောင်တို့ ငါးဦးသာ ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။

“သမ္မတရုံးမှာ ဝန်ကြီးဌာန ၆ ခုရှိတယ်။ အဲဒီ ၆ ခုက ၁ ခုပဲဖြစ်သွားလိမ့်မယ်။ ၃ဝ ရှိတယ် ၂ဝ ပဲကျန်မယ်။ တူတာတူတာရွေးမယ်၊ ဥပမာဆိုရင်ပေါ့ဗျာ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး၊ လေကြောင်း ပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျွန်တော်တို့ တစ်ဖွဲ့တည်းလုပ်လို့ရတယ်၊ အဲဒီလိုလုပ်နိုင်အောင်လည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ ရွေးထားပြီးပြီ" ဟု ပါတီပြောရေးဆိုခွင့် ရှိသူ ဦးဝင်းထိန်က မီဒီယာများသို့ ပြောသည်။

လက်ရှိတွင် သမ္မတရုံးဝန်ကြီးများအဖြစ် သမ္မတဦးသိန်းစိန်နှင့် နီးစပ်သူများဖြစ်သည့် ဦးအောင်မင်း၊ ဦးလှထွန်းတို့ကို နေရာပေးထားခြင်းဖြစ်ပြီး ၀န်ကြီးဌာနများ များပြားနေခြင်းအပေါ် ပြည်သူများကလည်း ဝေဖန်လျက် ရှိသည်။

NLD ပါတီက ပြန်လည်ဖွဲ့စည်းမည့် ၀န်ကြီးဌာန ဖွဲ့စည်းပုံတွင် NLD ပါတီမှ ပုဂ္ဂိုလ်များလည်း ပါဝင်မည် ဖြစ်ကာ “ပညာရှင်တွေလည်းပါမယ်။ တခြား ပါတီတွေကလည်း ပါမယ်၊ ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ပြည်ထောင်စုအဆင့်က လူတွေက လူနည်းစုတောင် ဖြစ်နိုင် တယ်။ ၃ဝ ယောက်နဲ့ ၄ဝ ရာခိုင်နှုန်းကြားလောက် ပဲရှိမယ်” ဟု ဦးဝင်းထိန်က ဆိုသည်။

လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရတွင် သမ္မတရုံးဝန်ကြီး ခြောက်ခုအပြင် ၀န်ကြီးဌာနပေါင်း ၃၆ ခုရှိကာ ၀န်ကြီးနှင့် ဒုဝန်ကြီး ဦးရေ ၉၀ ကျော် ရှိသည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo