Ad

Slider

NLD ဒုသမ္မတများအား သူရဦးရွှေမန်း ဂုဏ်ပြု

ရန်ကုန်၊ မတ် ၁၁

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစုအဖွဲ့၏ ဒုသမ္မတများအဖြစ် ရွေးချယ်ခံခဲ့ရသည့် NLD ပါတီ ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူအား မတ်လ ၁၁ ရက် လွှတ်တော်အစည်းအဝေးများတွင် ဒုသမ္မတများအဖြစ် ရွေးချယ်ခံခြင်းအပေါ် ဂုဏ်ပြုပါကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ကြိုဆိုဂုဏ်ပြုအပ်ကြောင်း ၄င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာ၌ ကြေညာထားသည်။

အဆိုပါ ကြေညာစာတွင် “နိုင်ငံနှင့် နိုင်ငံသားတို့အပေါ် အမှန်တကယ် သစ္စာစောင့်သိ ရိုသေပြီး ပြည်သူများအတွက် အမှန်တကယ် အလုပ်အကျွေး ပြုနိုင်ပါစေ” ဟုလည်း ဖော်ပြထားသည်။
ယင်းသို့ NLD ဒုသမ္မတများအား ကြိုဆိုကြောင်း မဖော်ပြခင် မတ်လ ၁၀ ရက်ကတည်း လွှတ်တော်နှစ်ရပ် သမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခံရသူ NLD မှ ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူ၊ ကြံ့ခိုင်ရေးပါတီဘက်မှ အမည်စာရင်း တင်သွင်းခံရသူ ဒေါက်တာစိုင်းမောက်ခမ်း (ပြည်သူ့)၊ ဦးခင်အောင်မြင့် (အမျိုးသား) တို့ လေးဦးစလုံးအား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် အများအကျိုး ဆောင်ရွက်နိုင်ကြပါစေ ဟု လူမှုကွန်ရက် Facebook တွင် ဂုဏ်ပြု ဖော်ပြထားသေးသည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo