Ad

Slider

နိုင်ငံ၏ ရည်ရွယ်ချက် (ပြည်သူ့နီတိ)

နိုင်ငံ၏ ရည်ရွယ်ချက်တွင် အယူအဆ နှစ်မျိုးရှိ၏။

တစ်မျိုးမှာ နိုင်ငံသည် နိုင်ငံ၏ ကောင်းကျိုးတစ်ခုတည်းဖို့သာ တည်ရှိသည်ဟူသော အယူအဆ ဖြစ်သည်။

ဤအယူအဆအရ နိုင်ငံသားသည် နိုင်ငံ့အဖို့သာ ဖြစ်၍ နိုင်ငံသည် နိုင်ငံသားအဖို့ မဟုတ်ချေ။ နိုင်ငံသားများ၏ နေမှုထိုင်မှုမှစ၍ အပြုအမူ အစခပ်သိမ်းတို့ကို နိုင်ငံက ဆုံးဖြတ်ပြဋ္ဌာန်းပေး၏။ နိုင်ငံသားသည် နိုင်ငံမှ မည်သည့်အခွင့်ရေးကိုမျှ တောင်းဆိုပိုင်ခွင့် မရှိချေ။ ဤကဲ့သို့သောအယူကို ယူဆသူတို့အဖို့ နိုင်ငံ၏ ရည်ရွယ်ချက်မှာ နိုင်ငံ့အင်အားနှင့် တန်ခိုးအာဏာကြီး၍ နယ်ချဲ့ရန် ဖြစ်သည်။

ဒုတိယအယူအဆမှာ လူများသည် သူတို့၏ ချမ်းသာမှု၊ ပျော်ရွှင်မှုအတွက် နိုင်ငံကို တည်ထောင်ထားသည်ဟူသော ယူဆချက် ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံသည် နိုင်ငံသားအဖို့ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် လူတိုင်းလူတိုင်း၏ ချမ်းသာမှု၊ ကြီးပွားမှုသာလျှင် အရင်းခံဖြစ်ခြင်းကြောင့်တည်း။ သို့သော် နိုင်ငံသည် လူတစ်ဦးတစ်ယောက်တည်းအဖို့သာ ဖြစ်သည်ဟု မဆိုလိုပေ။ နိုင်ငံဆိုသည်မှာ လူတစ်ယောက်တည်းအဖို့ မဟုတ်ဘဲ အများကောင်းကျိုး အဖို့သာ ဖြစ်သည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo