Ad

Slider

ပြည်သူ့လွှတ်တော် သမ္မတလောင်း အမည်စာရင်း တင်သွင်းခံရသူများ၏ ကိုယ်ရေးအကျဉ်း

ရန်ကုန်၊ မတ် ၁၀

ဒုတိယသမ္မတလောင်းအဖြစ် ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ NLD ပါတီမှ ဦးထင်ကျော်နှင့် ကြံ့ခိုင်ရေးပါတီမှ လက်ရှိ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းတို့အား မတ်လ ၁၀ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်သည်။

အမည်စာရင်း တင်သွင်းခံထားရသူများနှင့် ပတ်သက်၍ မည်သူမည်ဝါတို့ ဖြစ်သည်ကို စာဖတ်ပရိသတ်များ သိရှိနိုင်စေရန်အတွက် ၄င်းတို့၏ ကိုယ်ရေးအချက်အလက် (အကျဉ်း) အား ဖော်ပြလိုက်ပါသည်။

ဦးထင်ကျော် (NLD မှ အမည်စာရင်းတင်သွင်းခံရသူ)

၁၉၆၂ ခုနှစ် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ မဟာစီးပွားရေးဘွဲ့ ရရှိခဲ့သူ ဦးထင်ကျော်မှာ ရန်ကုန် ကွန်ပျူတာဌာန၏ ပထမဆုံး နိုင်ငံခြားပညာတော်သင် လွှတ်ခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် အစိုးရ၀န်ထမ်းဘ၀မှ အနားယူကာ NLD ပါတီသို့ ၀င်ရောက်ခဲ့သူဖြစ်သည်။

ဦးထင်ကျော်မှာ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်ပြီး နာမည်ကျော် စာရေးဆရာကြီး မင်းသုဝဏ်၏ ဒုတိယမြောက် သားလည်း ဖြစ်သည်။ ဦးထင်ကျော်မှာ ဖခင်၏ ကလောင်ခွဲဖြစ်သည့် ဒလဘန်းအမည်ဖြင့် စာပေများ ရေးသားနေသူလည်း ဖြစ်ကာ ပါတီဥက္ကဋ္ဌ၏ ယုံကြည်ခြင်းခံရသူ လက်ရှိပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်၏ ခင်ပွန်းလည်း ဖြစ်သည်။

ဒုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရသူ ဦးထင်ကျော်မှာ NLD ပါတီထက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေး ပိုမိုနီးစပ်သူဖြစ်ကာ NLD ပါတီ အနိုင်ရစဉ်ကတည်းက သမ္မတလောင်းအဖြစ် ထင်ကြေးပေးခံရသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ် ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ပေးခဲ့သူ လူနည်းစုထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး အကျယ်ချုပ်လွတ်မြောက်၍ လူထုအား ပထမဆုံးအကြိမ် လူထုအား မိန့်ခွန်းပြောစဉ်ကလည်း ဒေါ်အောင်ဆန်းစုကြည် နံဘေးတွင် ရှိနေခဲ့သူတစ်ဦး ဖြစ်သည်။

ဒေါက်တာ စိုင်းမောက်ခမ်း (ကြံ့ခိုင်ရေးပါတီမှ အမည်စာရင်းတင်သွင်းသူ)

လက်ရှိ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို ၁၉၅၀ ခုနှစ်တွင် မူဆယ်မြို့၌ မွေးဖွားကာ မန္တလေး တက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရခဲ့သူတစ်ဦး ဖြစ်သည်။ မိသားစု စီးပွားရေးအနေဖြင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် “ယူလီခ” အထူးကုဆေးခန်း ဖွင့်လှစ် လုပ်ကိုင်လျက် ရှိသည်။

ကြံ့ခိုင်ရေးပါတီဝင် ဖြစ်သူ ဒေါက်တာစိုင်းမောက်ခမ်းမှာ ဗဟို ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ လားရှိုးမြို့နယာ် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ ဒုသမ္မတအဖြစ် အားကစားနှင့်သက်ဆိုင်သည့် လုပ်ငန်းများတွင် အများအားဖြင့် ပါဝင်ဆောင်ရွက် လျက်ရှိသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြုလုပ်စဉ်က ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုအဖြစ် အမျိုးသားလွှတ်တော် ရှမ်းပြည် မဲဆန္ဒနယ် (၃) တွင် ၀င်ပြိုင်ကာ ရွေးချယ် ခံခဲ့ရသူဖြစ်ပြီး ယင်းအချိန် မဲဆွယ်ကာလက အခမဲ့ ဆေးကုသပေးမည်ဟူ၍ လူထုကျန်းမာရေး အကြောင်းပြချက်ဖြင့် စည်းရုံးခဲ့သဖြင့် ဝေဖန်ခံခဲ့ရဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်လည်း နောက်ကျ ဆန္ဒမဲများဖြင့် အနိုင်ယူခဲ့သည်ဟု စွပ်စွဲခဲ့မှုများ ခံခဲ့ရပြီး ကော်မရှင်က ၎င်းအား အနိုင်ပေးခဲ့သည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo