ရန်ကုန်၊ မတ် ၁၀
သမ္မတလောင်း ရွေးချယ်ရေးအတွက် လွှတ်တော်အစုအဖွဲ့များမှာ ကိုယ်စားလှယ်လောင်း တင်သွင်းရာတွင် ပြည်သူ့လွှတ်တော် အစုအဖွဲ့ သမ္မလောင်းအဖြစ် NLD မှ ဦးထင်ကျော်နှင့် ကြံ့ခိုင်ရေးဘက်မှ လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား ဒုသမ္မတလောင်းများအဖြစ် မတ်လ ၁၀ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အမည်စာရင်းများ အပြိုင် တင်သွင်းခဲ့သည်။
ဦးထင်ကျော်အား NLD ပါတီကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်မှ အမည်စာရင်း တင်သွင်းခြင်း ဖြစ်ပြီး ဒေါက်တာစိုင်းမောက်ခမ်းကိုမူ မိတ္ထီလာ မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးအမတ်က အမည်စာရင်း တင်သွင်းခြင်း ဖြစ်သည်။
ဒေါက်တာစိုင်းမောက်ခမ်းအား အမည်စာရင်း တင်သွင်းမှုကို ဗိုလ်ချုပ် (ဟောင်း) ဦးလှဌေးဝင်းက ထောက်ခံခဲ့သည်။
အောက်ချင်း သတင်းအေဂျင်စီ
(အစည်းအဝေး ဆက်လက်ကျင်းပဆဲဖြစ်၍ သတင်းများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက် ဖော်ပြပါမည်)

No comments
Post a Comment