Ad

Slider

ကိုယ်ကျိုးရှာခြင်း (ပြည်သူ့နီတိ)

ကိုယ်ကျိုးရှာခြင်း၊ တစ်ကိုယ်ကောင်းကြံခြင်းသည် မကောင်းသော ပြည် သူပြည်သားဖြစ်ခြင်း အကြောင်းတစ်ရပ်ပေတည်း။ ကိုယ်ကျိုးရှာသူသည် မိမိ၏ အနည်းငယ်မျှသော ကောင်းကျိုးကို ဖယ်ရှား၍ အများအကျိုးအတွက် မဆောင်ရွက်နိုင်။

တစ်ကိုယ်ကောင်းသမားသည် မိမိ၏ ကိုယ်ကျိုးအလို့ငှာ နိုင်ငံ၏ အကျိုးကိုပင် ထောက်ထားမည် မဟုတ်ချေ။ အနည်းငယ်သော ရွှေငွေ ဥစ္စာအလို့ငှာ နိုင်ငံကိုပင် သစ္စာဖောက်ပေလိမ့်မည်။ သူ၏ ရာထူးဂုဏ် အင်အားဖြင့် မိမိ၏ အကျိုးတစ်ခုတည်းကို ဆောင်ရွက်ခြင်းကြောင့် အများ၏ အကျိုးကို ဆုတ်ယုတ်စေ၏။ မကောင်းသော ပြည်သူပြည်သားဖြစ်စေသည့် ကိုယ်ကျိုးရှာမှု အများအပြားပင် ရှိသေး၏။ မဲဆန္ဒကို ရောင်းစားခြင်း၊ ၀ယ်ယူခြင်းကြောင့် အရည်အချင်းမရှိသူ၊ မသင့်လျော် မလျောက်ပတ်သူ၊ မထိုက်တန်သူများသာ ရာထူးဌာနန္တရများကို ရကြ၏။

အခွန်အကောက်များကို လျှောပေါ့အောင် လုပ်မည်ဟု မဲဆန္ဒဆွယ်ခြင်း သည်လည်း ပြည်သူပြည်သားကောင်းကို ဖျက်ဆီးရာ ရောက်ပေသည်။ တိုင်းပြည်၏ ၀င်ငွေနှင့် မိမိရပ်ကွက် ကောင်းကျိုး၊ မိမိဆွေမျိုးတစ်စု ကောင်း ကျိုး၊ မိမိလုပ်ငန်းကောင်းကျိုး ဆောင်ရွက်ခြင်းသည်လည်း ပြည်သူပြည်သားကောင်းကို ဖျက်ဆီး၏။
Photo by roar.lk
ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - အီအေ၊ ဘီအီးဒီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo