Ad

Slider

နိုင်ငံသားကောင်းနှင့် နိုင်ငံရေးအဖွဲ့ (၀ါ) ပါတီစိတ်ဓာတ် (ပြည်သူ့နီတိ)

ပါတီစိတ်ဓာတ်သည် ပြည်သူပြည်သားကောင်း ဖြစ်ရာ၌ အနှောင့်အယှက်ကြီးတစ်ခု ဖြစ်ပေသည်။ နိုင်ငံရေးပါတီစနစ်သည် ဒီမိုကရေစီနိုင်ငံ၌ မရှိလျှင် မဖြစ်၊ မုချ ရှိရပေမည်။ သို့ရာတွင် နိုင်ငံရေးပါတီများသည် လူတစ်မျိုးလုံး၊ တစ်နိုင်ငံလုံး ကောင်းရာကောင်းကျိုးအတွက် ဖွဲ့စည်းထားသော အဖွဲ့များဖြစ်ကြောင်းကို အများအားဖြင့် သတိမထားကြချေ။ အများအကျိုးအဖို့ ဖွဲ့စည်းထားသည်ကို သတိမထားသည်သာမက ပါတီဆိုသည်မှာ နိုင်ငံအဖို့ မဟုတ်ဘဲ (ပါတီဝင်) ပါတီသမားများအဖို့သာ ဖြစ်သည်ဟု ယူဆလာကြလေသည်။

ဤအယူအဆ၊ ဤ၀ါဒကြောင့် ရာထူးလုမှုများ၊ မသမာမှုများနှင့် ကြောက်စရာကောင်းသော အင်အားပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာလေသည်။ အများအကျိုးဟု ဆိုအပ်သော “ပြည်သူ့တာဝန်” ကို မေ့လျော့၍ တစ်ကိုယ်ကောင်းသမားသာလျှင် ခေတ်စားလာလေသည်။ လူအများ၏ ထိုသို့သော ဖောက်ပြန်မှုပင်လျှင် လူမျိုး၏ ပျက်စီးရာ ပျက်စီးကြောင်း၊ နိုင်ငံ၏ ပျက်စီးရာ ပျက်စီးကြောင်းပေတည်း။

ထို့ကြောင့် နည်းလမ်းမမှန်သော နိုင်ငံရေးပါတီစိတ်ဓာတ်သည် ပြည်သူပြည်သားကောင်း ဖြစ်ရာ၌ အနှောင့်အယှက်ကြီးတစ်ရပ် ဖြစ်ပေသည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo