![]() |
တွီလွီချောင်းဖျားတွင် ဖြစ်ပေါ်နေသည့် သဘာဝ မြေပြိုကန်။ ဓာတ်ပုံ - ပူးတွဲ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ |
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟန်ကင်းကျေးရွာအနီး တွီလွီချောင်း တွင် ဖြစ်ပေါ်နေသည့် သဘာဝ မြေပြိုကန်များနှင့် ပတ်သက်၍ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ဒေသခံပြည်သူများ စိုးရိမ်မကင်း ဖြစ်ပေါ်လျက် ရှိသည်။
ယင်းသို့ စိုးရိမ်မှုများ ဖြစ်ပေါ်နေချိန်တွင် အစိုးရ တာဝန်ရှိသူများက လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ သတ္တုတွင်း ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးတို့၏ လေ့လာချက် စစ်တမ်းများကို ဖော်ပြပေးခဲ့ပြီး ဖြစ်သည်။
အဆိုပါ ၀န်ကြီးဌာနများနည်းတူ လျှပ်စစ်ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတို့ကလည်း ဇန်န၀ါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီ လဆန်းပိုင်းတို့တွင် ပူးတွဲ လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီး အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သေးသည်။
ယင်းအစီရင်ခံစာတွင် အခြားသော ၀န်ကြီးဌာနများ၏ ထုတ်ပြန်ချက်များ နည်းတူ လက်ရှိ အနေအထားအရ တစုံတရာ အန္တရာယ် မရှိသေးသော်လည်း လာမည့် မိုးရာသီတွင် ရွာသွန်းမည့် ရေပမာဏနှင့် မြေပြိုကန်အတွင်းရှိ မူလရေများ စုစည်းမိပါက ကန်ကျိုးပေါက်ခြင်း ဖြစ်နိုင် သည်ဟု ဖော်ပြထားသည်။
![]() |
သဘာဝ မြေပြိုကန်အတွင်းသို့ ရေ၀င်ရောက်မှုနှင့် ရေ၀ပ်ဧရိယာ မျက်နှာပြင် အခြေအနေ။ ဓာတ်ပုံ - ပူးတွဲ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ |
![]() |
သဘာဝ မြေပြိုကန်၏ တောင်ပြိုကျောက်များနှင့် တမံတည်ရှိမှု အနေအထား။ ဓာတ်ပုံ - ပူးတွဲ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ |
ချင်းပြည်နယ်၊ တွန်းဇန် (တွန်းဇံ) မြို့နယ်၊ ဟန်ကင်ကျေးရွာ၏အနောက်ဘက်(၃)မိုင်ခန့်အကွာ တွီးလွီး (တွီလီ) ချောင်းပေါ်၌ တည်ရှိသော တောင်ပြိုဆည် (Landslide Dam) များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မြေပြင်ကွှင်းဆင်း စစ်ဆေးလေ့လာတွေ့ရှိချက် (အစီရင်ခံစာ)
သုံးသပ်ချက်
တွီလွီချောင်းပေါ်တွင် တည်ရှိသော တောင်ပြိုဆည် (Landslide Dam) များသည် ပွင့်လင်းရာသီ ကာလများတွင် တမံအတွင်း သိုလှောင် ထားသော ရေများကျဆင်းမှုကြောင့် တမံအောက်ဘက်တွင် အန္တရာယ် ကျရောက်နိုင်ခြင်း မရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။ နောင်လာမည့် မိုးရာသီ Flood Period များတွင် တမံအတွင်းသို့ စီးဝင်ရေများနိုင်ပြီး မူလသိုလှောင်ထားသော ရေနှင့် ပေါင်းပါက ရေပမာဏ ပိုမိုလာနိုင်ပါသည်။ ပိုမိုလာသော ရေများသည် တမံထိပ် အနိမ့်ဆုံးအမြင့်အမှတ် (Level) မှ ရေကျော်ပြီး (Spill) တမံအားတိုက်စား၍ တမံ Failure ဖြစ်ပေါ်နိုင်သည်ဟု သုံးသပ်ရပါသည်။
![]() |
သဘာဝ မြေပြိုကန်၏ ရေစိမ့်ထွက်နေမှု အခြေအနေ။ ဓာတ်ပုံ - ပူးတွဲ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ |
တောင်ပြိုဆည် (Landslide Dam) သည် ပွင့်လင်းရာသီကာလတွင် အန္တရာယ်ကျရောက်နိုင်မှု မရှိသော်လည်း မိုးရာသီ (Flood Period) ကာလများတွင် ရေကျော် (Spill) မှုများ ဖြစ်ပွားနိုင်သောကြောင့် တမံ၏ ရေဆင်းဧရိယာ (Catchment Area) အသေးစိတ် တိုင်းတာခြင်း၊ စီးဝင်ရေ (Inflow) ၏ ရေထုစီးနှုန်း (Discharge) တိုင်းတာပြီး တမံအတွင်း ရေသိုလှောင်နိုင်သော Maximum Storage Capacity တွက်ချက်ခြင်းများကို Design ပညာရှင် များမှ ဆောင်ရွက်သင့်ပြီး Dam Body ပေါ်မှ Spill Out ဖြစ်မည့် ပမာဏကြောင့် Dam ၏ Down Stream Erosion ဖြစ်နိုင်သည့်ပမာဏ၊ Dam Failure ဖြစ်နိုင်သည့် ပမာဏများအား တွက်ချက် ဆန်းစစ်သင့်ပါသည်။
![]() |
သဘာဝ မြေပြိုကန်၏ ဆင်ခြေလျှော တည်ရှိမှု အနေအထား။ ဓာတ်ပုံ - ပူးတွဲ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ |
![]() |
တွီလွီချောင်း ညာဘက်ရှိ ချောင်းလက်တက်ပေါ်တွင် ဖြစ်ပေါ်နေသည့် သဘာဝမြေပြိုကန်ငယ်။ ဓာတ်ပုံ - ပူးတွဲ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ |
![]() |
တွီလွီချောင်းအောက် ဘယ်ဘယ်ခြမ်းရှိ တွီလွီချောင်းလက်တက်တွင် ဖြစ်ပေါ်နေသည့် သဘာဝမြေပြိုကန်ငယ်။ ဓာတ်ပုံ - ပူးတွဲ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ |
No comments
Post a Comment