Ad

Slider

AGD ဘဏ်တွင် ရွှေပေါင် လက်ခံပြီ

ရန်ကုန်၊ မတ် ၃

မြန်မာနိုင်ငံတွင် မည်သည့်ဘဏ်မှ လုပ်ဆောင်ခြင်း မရှိသေးသည့် ရွှေပေါင် အာမခံဖြင့် ငွေထုတ်ချေးခြင်းအား ပုဂ္ဂလိက ဘဏ်လုပ်ငန်းတစ်ခုဖြစ်သည့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး - AGD ဘဏ်က သတ်မှတ်အတိုးနှုန်း ၁၃ ရာခိုင်နှုန်းဖြင့် စတင် ၀န်ဆောင်မှု ပေးလိုက်ပြီ ဖြစ်သည်။

ရွှေအပေါင် ထားမည်ဆိုပါက အနည်းဆုံး ရွှေ ငါးကျပ်သား သတ်မှတ်ထားပြီး အတိုးနှုန်းအဖြစ် ငွေချေးသတ်မှတ်နှုန်း ဖြစ်သည့် ၁၂ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ ၁ ရာခိုင်နှုန်း၊ စုစုပေါင်း ၁၃ ရာခိုင်နှုန်းဖြင့် ချေးငွေသက်တမ်း တစ်နှစ် ခွင့်ပြုမည် ဖြစ်သည်။
ယင်းသို့ ရွှေပေါင်အာမခံ ပြုလုပ်ရခြင်းမှာ စီးပွားရေးလုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်ရာတွင် အရှိန်တိုးမြှင့် ဆောင်ရွက်နိုင်စေရန်၊ လုပ်ငန်း တိုးချဲ့ရန်တို့အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ရန်ကုန်မြို့အတွင်း ဖွင့်လှစ်ထားသည့် AGD ဘဏ်ခွဲများတွင် ယင်းဝန်ဆောင်မှု ပေးမည် ဖြစ်သည်။

ရွှေပေါင်အာမခံ ချေးငွေရယူလိုသူများအနေဖြင့် ဘဏ်တွင် စာရင်းရှင်ငွေအကောင့်ခ် ဖွင့်လှစ်ရမည်ဖြစ်ကာ ဘဏ်ရာဖြတ်တန်ဖိုး၏ ၇၅ ရာခိုင်နှုန်းအထိ ထုတ်ချေးပေးမည် ဖြစ်သည်။ အပေါင်ခံမည့် ရွှေများမှာ တရားဝင် သတ်မှတ်ထားသော ရွှေတုံးများသာ ဖြစ်ရမည်ဖြစ်ကာ စာရင်းပို ထုတ်ချေးငွေစနစ်ဖြင့် ဘဏ်မှ ထုတ်ချေးမည် ဖြစ်သည်။

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များတွင် ယခင်က အဆောက်အဦနှင့် မြေ စသည်တို့ကိုသာ အပေါင်ထား၍ ငွေချေးခြင်းများ ပြုလုပ်လေ့ရှိသော်လည်း ယခုကဲ့သို့ ရွှေပေါင်အာမခံဖြင့် ငွေထုတ်ချေးခြင်းမှာ ပထမဆုံးလည်း ဖြစ်သည်။

ယင်းကဲ့သို့ ရွှေအပေါင်ထား၍ ငွေထုတ်ချေးခြင်းများမှာ ယခင်က ပုဂ္ဂလိက အပေါင်ဆိုင်များတွင်သာ ရှိခဲ့ဖူးပြီး အတိုးနှုန်းအဖြစ် ၁၀၀ ကျပ်လျှင် အတိုး ၄ ကျပ်နှုန်း ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo