Ad

Slider

ကလေးမြို့တွင် လျှပ်စစ်မီတာ ရပြီဖြစ်၍ လျှောက်ထားသူ များပြား

ကလေး၊ ဖေဖော်ဝါရီ ၂၀

ကလေးမြို့အား ၂၄ နာရီ မီးပေးနိုင်ရန်အတွက် ၆၆ ကေဗီအေဓာတ်ကြိုးလိုင်းအား ဂန့်ဂေါမှ သွယ်တန်းခြင်း ပြီးမြောက်ပြီဖြစ်၍ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစတင်ကာ မီတာဘောက် လျှောက်လွှာများ စတင်ရောင်းချပေးခဲ့ရာ မီတာလျှောက်ထားသူ များပြားလျက် ရှိသည်။
ဓာတ်ပုံ - ပိုင်စိုး

လျှောက်လွှာ ရောင်းချမှုကို ဖေဖော်ဝါရီ ၁၈၊ ၁၉ ရက် နှစ်ရက်တိုင် ရောင်းချပေးခဲ့သော်လည်း လျှောက်လွှာ လက်ခံခြင်း၊ မလျှောက်ထားရသေးသူများအား လျှောက်လွှာရောင်းချပေးခြင်းတို့ကို ..ဖေဖော်ဝါရီလ ၂၀ ရက်တွင် မဟာစည် သာသနာ့ရိပ်သာတွင် ဆက်လက် ပြုလုပ်ခဲ့ရသည်။

မီတာလျှောက်ထားရာတွင် Analog Meter နှင့် Digital (OMR) ဟူ၍ နှစ်မျိုးခွဲခြားထားပြီး အိမ်သုံးမီတာ သတ်မှတ်ကြေးအနေဖြင့် ကျပ် ၄၀၀၀၀ နှင့် ၆၅၀၀၀ ဟူ၍ ခွဲခြားထားသည်။ ထို့ပြင် မီတာပုံးခွံကြေး ၁၅၀၀၀ ကျပ်၊ အခြားကုန်ကျစရိတ်အမည်ဖြင့် ယင်းအမည်အောက်တွင် အာမခံစဘော်ငွေ ၄၀၀၀ ကျပ်၊ ကြိုးသွယ်ခ ၂၀၀၀ ကျပ်၊ မီးဆက်ခ ၂၀၀၀ ကျပ်၊ ကြီးကြပ်ခ ၁၀၀၀ ကျပ်၊ မီတာလျှောက်လွှာ မှတ်ပုံတင်ကြေး ၁၀၀၀ ကျပ်ဟူ၍ မီတာ နှစ်မျိုးစလုံးအတွက် သတ်မှတ်ထားသည်။
ဓာတ်ပုံ - ပိုင်စိုး

ကလေးမြို့အတွက် မဟာဓာတ်အားလိုင်း ဖွင့်ပွဲအား ဖေဖော်ဝါရီလ ၂၇ တွင် ပြုလုပ်ရန် တာဝန်ရှိသူများက စီစဉ်ထားသော်လည်း ကျင်းပသည့်ရက် အပြောင်းအလဲ ရှိနိုင်သည့်အတွက် ယခုအချိန်ကတည်းမှစ၍ စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

အောက်ချင်း သတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo