Ad

Slider

ပြည်သူတို့၏ မူလအခွင့်အရေးနှင့် တာဝန် (ပြည်သူ့နီတိ)

Fundamental Right & Duty


နိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုခံထားရသော ပြည်သူများတွင် ရသင့်ရထိုက်သော အခွင့်အရေးများ ရှိသည်။ အခွင့်အရေးများတွင် တရားဥပဒေအရ ရယူနိုင်သော အခွင့်အရေးများနှင့် နိုင်ငံရေးအရ ရယူနိုင်သော အခွင့်အရေးဟူ၍ နှစ်ပိုင်း ရှိသည်။

တရားဥပဒေအရ ရယူနိုင်သော အခွင့်အရေးများတွင် (၁) အသက်ရှင်ခွင့် (၂) လွတ်လပ်မှု အခွင့်အရေး (၃) ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် (၄) လွတ်လပ်စွာ ပြောဆိုခွင့် (၅) လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေနိုင်ခွင့် (၆) သင်းပင်းအဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ခွင့် (၇) လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် တို့ ဖြစ်သည်။

နိုင်ငံရေးအရ ရယူနိုင်သော အခွင့်အရေးများတွင် (၁) အိုးအိမ်အတည်တကျ နေထိုင်ခွင့် (၂) ပြည်ပနိုင်ငံသို့ သွားရောက် နေထိုင်စဉ် အကာအကွယ် ရပိုင်ခွင့် (၃) မဲဆန္ဒပေးပိုင်ခွင့် (ယင်းအခွင့်အရေးသည် နိုင်ငံရေးရာ အခွင့်အရေးများတွင် အရေးအကြီးဆုံး ဖြစ်သည်) (၄) ပြည်သူ့ဝန်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်ပိုင်ခွင့် (၅) အသနား ခံပိုင်ခွင့်တို့ ဖြစ်သည်။

ပြည်သူတို့အနေနဲ့ ရပိုင်ခွင့် အခွင့်အရေးများစွာ ရှိသလို ပြည်သူ့တာဝန်ဝတ္တရာများလည်း ရှိပေသေးသည်။

အရေးကြီးသော ပြည်သူ့တာဝန်များမှာ (၁) တရားဥပဒေကို လေးစားလိုက်နာခြင်း၊ နိုင်ငံအပေါ် သစ္စာ စောင့်သိခြင်း၊ အခွန်ပေးဆောင်ခြင်း၊ မဲဆန္ဒကို မှန်ကန်စွာ အသုံးပြုခြင်း၊ သားသမီးများအား ပညာသင်ကြားပေးရေး၊ ပြည်သူ့ဝန်ထမ်း လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ခြင်း တို့ပင် ဖြစ်သည်။

ကိုးကား - ပြည်သူ့တာဝန် (ဦးကျော်မင်း - ဘီအေ၊ ဘီအီးဒီ)
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo