ဖေဖော်ဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်စံပြကျေးရွာရှိ အေးငြိမ်းဦး စာကြည့်တိုက် ၁၀ နှစ်ပြည့်နှင့် စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ စာကြည့်တိုက်သစ် အဆောက်အဦအား အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဟေးဝပ်မြို့နေ ဦးအောင်ကျော်+ဒေါ်သန်း သန်းဌေးနှင့် သားသမီးများက မတည်လှူဒါန်းထားခြင်းဖြစ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ ဟပ်ဖ်ဖွန်းဘေး ဓမ္မနန္ဒ၀ိဟာကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော် ဦးသြသဓက သြ၀ါဒစကား မိန့်ကြားခဲ့သည်။
ယင်းနောက် အလှူရှင်များက စာကြည့်တိုက်အဆောက်အဦသစ်အား ဖွဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ စာကြည့်တိုက်တွင် စာကြည့်တိုက်အသင်းဝင်ထားသူပေါင်း ၅၀၀ ကျော် ရှိသည်။
အောက်ချင်း သတင်းအေဂျင်စီ

![]() |
ကလေးမြို့၊ သာစည်စံပြကျေးရွာရှိ အသစ်ဖွင့်လှစ်လိုက်သည့် အေးငြိမ်းဦး စာကြည့်တိုက် အဆောက်အဦသစ်။ ဓာတ်ပုံ - ပိုင်စိုး |
![]() |
အေးငြိမ်းဦး အဆောက်အဦသစ်အား မတည် အလှူရှင် မိသားစုမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်။ ဓာတ်ပုံ - ပိုင်စိုး |
![]() |
အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်၊ ဟပ်ဖ်ဖွန်းဘေး ဓမ္မနန္ဒ၀ိဟာကျောင်းတွင် သီတင်းသုံးနေသည့် ဆရာတော် ဦးသြသဓက သြ၀ါဒစကား မိန့်ကြားစဉ်။ ဓာတ်ပုံ - ပိုင်စိုး |
![]() |
အလှူရှင် မိသားစုနှင့် စာကြည့်တိုက် တာဝန်ရှိသူများ။ ဓာတ်ပုံ - ပိုင်စိုး |
![]() |
စာကြည့်တိုက် ဖြစ်တည်လာပုံနှင့် လစဉ်အလှူရှင်များ စာရင်းအား ကြေညာထားစဉ်။ ဓာတ်ပုံ - ပိုင်စိုး |
No comments
Post a Comment