Ad

Slider

အာဏာလွှဲပြောင်းပေးရေး အစည်းအဝေး မတ်လဆန်းတွင် ထပ်လုပ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

သက်တမ်းအနည်းငယ်သာ ကျန်ရှိနေသော လက်ရှိသမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့က နောင်တက်လာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရထံသို့ နိုင်ငံတော်အကြီးအကဲ တာဝန် လွှဲပြောင်းပေးရေးအတွက် စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို မတ်လဆန်းတွင် ဆက်လက် လုပ်ဆောင်ဦးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တတိယအကြိမ်မြောက် အစည်းအဝေးတွင် နှစ်ဘက် သဘောတူညီထားသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အပြုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကော်မတီဝင်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဘက်မှ ဗဟိုကော်မတီဝင် ဦးဝင်းထိန်း၊ ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာအောင် သူတို့ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်အကြီးအကဲ လွှဲပြောင်းရေး အခမ်းအနားကို မတ်လ ၃၀ သို့မဟုတ် ၃၁ ရက်တွင် သမ္မတအိမ်တော်၌ ပြုလုပ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မီဒီယာများသို့ ပြောကြားထားပြီး အစည်းအဝေးတွင် တာဝန်လွှဲပြောင်းရေး အစီအစဉ် လျာထားချက်များအား ဆွေးနွေးခြင်းနှင့် မတ်လဆန်းတွင် စတုတ္ထအကြိမ် အစည်းအဝေး ထပ်မံပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ နှစ်ဖက် စလုံးက ထုတ်ဖော် ပြောဆိုထားခြင်း မရှိသေးသလို လွှတ်တော်နှစ်ရပ်ဖြစ် သည့် အမျိုးသားနှင့် ပြည်သူ့လွှတ်တော်မှ အမည်စာရင်း တင်သွင်းမည့် ဒုတိယသမ္မတလောင်း နှစ်ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် များဘက်မှ တင်သွင်းမည့် ဒုတိယသမ္မတလောင်းတို့ကိုလည်း ယခုအချိန်အထိ တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

အောက်ချင်းသတင်းအေဂျင်စီ
0

No comments

Post a Comment

Mega Menu

blogger
© all rights reserved
made with by templateszoo