Thursday, March 8, 2018

aung7

မိမိကိုယ်ကို အညွန့်ချိုးမိသူများ

ဟိုးအဝေးက တောင်တန်းတွေကို ငေးကြည့်နေရင်းက ရင်ထဲမှာ ဘယ်အရာကို တွေးလို့တွေးရမှန်းမသိ။ ငေးလို့ ငေးရမှန်းမသိနဲ့ အတွေးတွေ ချာလပတ်လည်ခဲ့ဘူးပါရဲ့။

ဒါပေမဲ့လည်း အတွေးရေယာဉ်ကြော မျှောပါရင်းနဲ့က ထိုင်းစကားတစ်လှည့်၊ အင်္ဂလိပ်တစ်လှည့်နဲ့ စကားတွေ ဖောင်ဖွဲ့ပြောလာတဲ့ ကောင်မလေးတစ်သိုက်က ရှေ့က ဖြတ်လျှောက်သွားလေရဲ့။

သြော်…သူတပါးရဲ့ တိုင်းပြည်မှာ လူငယ်ပီပီ လူငယ်ဘာသာဘာဝအတိုင်း လွတ် လွတ်လပ်လပ်နဲ့ နေနိုင်ကြလေရဲ့။ တို့များ မြန်မာပြည်မှာတော့ ထမင်းချိုင့်ကိုယ်စီ လက် ၀ယ်ကိုင်ပြီး အမိမှန်းမသိ၊ အဖမှန်းမသိအောင် ဖြစ်နေတဲ့ ဘတ်စ်ကားကို ကျပ်ကျပ်သိပ် သိပ်တိုးစီးပြီး မိုးလင်းက မိုးချုပ် တကုပ်ကုပ်နဲ့ အလုပ်ခွင်ထဲ ၀င်နေရလေရဲ့။

ဘယ်တော့များမှများ တို့မြန်မာပြည်က လူငယ်တွေ လူငယ်ပီပီ တတ်တတ်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ နေနိုင်ပါ့တော့မလဲ။

မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်တာနဲ့ အမေပြင်ပေးထားတဲ့ ထမင်းချိုင့်ဟောင်းလေး ကို ပိုက်ပြီး ထွက်လာလိုက်ရတာ ည မိုးစုန်းစုန်းချုပ်လေတော့မှ အမေ့ရင်ခွင့် တစ်ခါပြန်နား ရတယ်လေ။ ညမြင်လို့ နေ့ပျောက်ဆိုသလိုမျိုး မိဘရင်ခွင်ကို နားခိုစရာအချိန်ဆိုလို့ သန်း ခေါင်နားနီးနေတဲ့ အချိန်လေးကိုသာ ပိုင်ဆိုင်နိုင်ကြတာလေ။

ခုများ တို့ရောက်နေတဲ့ နေရာကတော့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံက ချင်းမိုင်မြို့ပေါ့။ ဘေးပတ်လည် တောင်ဝိုင်းရံလို့ ခုလိုမျိုး ဆောင်းတွင်းကာလ ဆိုရင်ဖြင့် တစ်နေကုန် တစ်နေခန်း အေးစိမ့်စိမ့်နဲ့ နေလို့ထိုင်လို့ ကောင်းပါရဲ့။ ချင်းမိုင်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ဒွိုင်ဆုထပ်တောင်ဆိုရင်လည်း မြူနှင်းတွေနဲ့ ဝေလို့ပေါ့။

သြော်…ကိုယ့်နေရာ ကိုယ်ဌာနမဟုတ်ပေမယ့်လည်း တစ်ခဏတာ နားခိုဖို့အတွက် တော့ အစစအရာရာ အဆင်ပြေနိုင်ကောင်းပါရဲ့။ ဘ၀ပေးအခြေအနေက ကိုယ့်တိုင်းပြည် ရဲ့မြေကို ခြေချခွင့်မရ၊ သန့်ရှင်းလတ်ဆတ်တဲ့ အမိလေကိုတောင် ရှုရှိုက်ခွင့်မပေးတော့ဘဲ တစ်ပါးတိုင်းပြည်မှာ နေနေရလေရဲ့။ ဘယ်တော့များမှ ကိုယ့်အမိမြေကို နင်းခွင့်ရတော့မှာ လဲ။

ကိုယ်တစ်ယောက်တည်း အားငယ်နေတယ်လို့များ ထင်မိပြီး ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်မိပြန်သေး။ ဒါပေမဲ့လည်း ငါတစ်ယောက်တည်း မဟုတ်တန်ကောင်း ပါဘူးဆိုတဲ့စိတ်က လူကိုယ် ပြန်ပြီး အားတင်းနိုင်စေခဲ့ပြန်တယ်လေ။
ခနားမူကောလို့ ခေါ်တဲ့ ၀က်သုံးထပ်သားနဲ့ ကိုက်လန်ကြော်ကိုလည်း မှာတတ်နေပြီ။ ခေါက်ဖက်မူလို့ ခေါ်တဲ့ ၀က်သားထမင်းကြော်ကိုလည်း မှာတတ်ပြန်ပြီ။ ကြက်ဥကြော် လေး ထည့်စားချင်ရင်လည်း ခိုက်ဒေါင်းလို့ မှာပြီး စားတတ်နေပြန်ပြီ။ ခ၀ါဒီခရပ်ခ်၊ ခေါ်ပွန် ခရပ်ခ်ဆိုတဲ့ စကားတွေကိုလည်း ပြောတတ်လာ...
ရောက်လာတာ တနှစ်နီးပါးရှိလာပြန်တော့ အပေါင်းအသင်းမိတ်ဆွေတွေ ရလာလို့ ထိုင်းစကားလေးကိုလည်း မတတ်တခေါက် တက်လာပြန်ကော။ ရောက်ခါစက ထိုင်းလို မပြောတတ်တာနဲ့ ယမ်ယမ်ခေါက်ဆွဲခြောက်ကိုလည်း စိတ်နာနာနဲ့ ဖိစားခဲ့ရတဲ့ဘ၀ကနေ ခနားမူကောလို့ ခေါ်တဲ့ ၀က်သုံးထပ်သားနဲ့ ကိုက်လန်ကြော်ကိုလည်း မှာတတ်နေပြီ။ ခေါက်ဖက်မူလို့ ခေါ်တဲ့ ၀က်သားထမင်းကြော်ကိုလည်း မှာတတ်ပြန်ပြီ။ ကြက်ဥကြော် လေး ထည့်စားချင်ရင်လည်း ခိုက်ဒေါင်းလို့ မှာပြီး စားတတ်နေပြန်ပြီ။ ခ၀ါဒီခရပ်ခ်၊ ခေါ်ပွန် ခရပ်ခ်ဆိုတဲ့ စကားတွေကိုလည်း ပြောတတ်လာသလို ကားစီးတိုင်းလည်း ကိုယ်သွားချင် တဲ့နေရာကို ပြောတတ်လာခဲ့ပြီလေ။

နောက်ပြီး နဂိုက ထိုင်းစကားမတတ် ဘာမတတ်နဲ့ သူငယ်ချင်းအပေါင်းအသင်း မရှိပေမယ့် အခုတော့ ထိုင်းသူငယ်ချင်းတွေရလာသလို မြန်မာဆိုရင် ကိုယ်တစ်ယောက် တည်းများ ရှိနေသလားဆိုပြီး အားငယ်ခဲ့ရတဲ့အချိန်တွေကို လွန်မြောက်လာခဲ့ပြီလေ။ အ နေကြာလာတဲ့အမျှ ကိုယ့်မြန်မာတွေ ဘယ်လိုနေရာမှာ နေတတ်တယ်၊ ဘယ်လိုသွားလာ နေထိုင်တတ်တယ်ဆိုတာကို သိလာတော့ တအားတက်ခဲ့ရတယ်။

မြန်မာတွေနေထိုင်တတ်တဲ့ ပတ်ဝန်းကျင်၊ ဒေသတွေကို ရောက်လာခဲ့တဲ့အခါမှာ တော့ ခုနက အားတက်ခဲ့ရတာတွေက ပျောက်ပျက်ရပြန်တယ်။ ဘာကြောင့်များ ဒီလိုဖြစ် နေကြတာလဲဆိုတဲ့ မေးခွန်းက ခေါင်းထဲမှာ တ၀ဲလည်လည်နဲ့ပေါ့။

ကိုယ်နေတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဂျင်ဂျင်လည်အောင် လျှောက်သွားရင်းနဲ့က မြန်မာတွေရဲ့ လူနေမှုဘ၀၊ လူနေမှုစတိုင်နဲ့ ဘ၀တည်ဆောက်ပုံတွေကို လေ့လာရင်းက တစ်ခါတစ်ရံ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာတွေရဲ့ လူနေမှုဘ၀တွေ၊ ဘ၀တည် ဆောက်ပုံတွေက မြန်မာပြည်ဖွား ကျွန်တော့်အတွက်တော့ အံ့သြစရာတွေ အပြည့်နဲ့ပေါ့။

ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာတွေရဲ့ ဓလေ့စရိုက်ကတော့ ရန်ကုန်မှာ ကြီးပြင်း လာတဲ့ ကိုယ်အတွက်တော့ အထူးအဆန်းတွေချည်းပါပဲ။ တစ်ခါတစ်ရံ ငါ ရန်ကုန်မှာ မွေး လာတာမှ ဟုတ်ရဲ့လား။ နယ်မြို့လေး တစ်မြို့မှာများ မွေးလာတာလားလို့ ပြန်ပြီး တွေးမိ ရဲ့။ ရန်ကုန်သားကျွန်တော် ခေတ်မီတယ်ဆိုတာများကတော့ ရောက်နှင့်ပြီးသား မြန်မာ ပြည်ဖွားတွေနဲ့ ယှဉ်လိုက်ရင် ဖွဲနဲ့ ဆန်ကွဲ၊ ဆီနဲ့ရေ၊ နတ်သုဒ္ဓါနဲ့ ငပိရည်အလားပဲ။ ခေတ်မီ လိုက်ကြပုံများ ကိုယ်မြန်မာလေမှ ဟုတ်ရဲ့လားလို့ ပြန်မေးရမတတ်ပေါ့။

အင်း…အပြင်အဆင်နဲ့ နေထိုင်ပုံကတော့ ခေတ်မီမြို့ပြတစ်ခုရဲ့ ပြယုဂ်အဖြစ် တင် စားနိုင်ကောင်းပါရဲ့။ မြန်မာပြည်လို ဘ၀လမ်းကြမ်းကြမ်းမှာ ဖြတ်သန်းနေရတဲ့ လူငယ်တွေ နဲ့တော့ ကွာပါ့။ အပြင်ထွက်မလား ထွက်ရဲ့။ ရှော့ပင်သွားမလား သွားရဲ့။ စိတ်သွားတိုင်း ကိုယ်ပါလိုက်ပုံများ ကလပ်ဆိုလည်း သူတို့ချည်းပါပဲလားလို့ ပြောရမတတ်ပဲ။

သြော်…ဘ၀တွေများ ကံကောင်းလိုက်ပုံက။ မြန်မာပြည်မှာ မွေးတာချည်းအတူတူ သူတို့ကတော့ တာဝတိံသာခြောက်ထပ်ရောက်နေသလား အောက်မေ့ရလောက်အောင် လူနဲ့ သူနဲ့ တူအောင် နေနိုင်လိုက်ကြတာ။ ပြန်တွေးမိရင်းနဲ့က မြန်မာပြည်က အဖိနှိပ်ခံလူ တွေကို သနားလိုက်ပါဘိ။
 ဒီလိုနဲ့ဘဲ မြှောက်စားစရာမလိုဘဲ တောက်ကြွားနေကြတဲ့ ပြည်ပရောက် မြန်မာတွေ ကို ဆက်ပြီး လေ့လာမိရင်းက ရင့်နင့်စရာတွေကလည်း တသီတတန်းပါလားဆိုတာ တွေ့ လာခဲ့မိတယ်လေ။

ဘယ်သူမပြု မိမိမှုလို့ မဆိုသာပေမယ့် လူက လူလိုနေနိုင်အောင် လူကို ရင်းနေကြ ပါလားဆိုတာ မြင်လာမိတယ်။ ဒီတော့မှ သြော်…မြန်မာပြည်က လူတွေက တော်ပါသေး လားဆိုတဲ့အတွေးက ပေါက်လာပြန်ကော…။

ကိုယ့်ဘ၀လေးရပ်တည်ဖို့အတွက် တကယ်တမ်း စဉ်းစားမယ်ဆိုရင် သမားရိုးကျ က ကောင်းသလား၊ ဆန်းဆန်းပြားပြားနည်းလမ်းက ကောင်းသလားဆိုတာကတော့ ခုထပ် ထိ တွေးစရာအချက်တစ်ခုပေါ့။ ဒါပေမဲ့ လူက လူလိုနေနိုင်အောင်တော့ လူကို မရင်းသင့် တာတော့ အမှန်ပါပဲ။
နုသစ်စဘ၀တွေမှာ လူရယ်လို့ အမည်တပ်ဖို့အတွက် လူလို လုပ်ရုံနဲ့ ရပါတယ်။ အလုပ်ကြမ်းလုပ်မလား၊ ဘာလုပ်မလဲ။ ဈေးရောင်းမလား။ တစ်ဝမ်းတစ်ခါးမငတ်အောင်တော့ နေနိုင်တာချည်းပါပဲ။ မြန်မာပြည်လို နေရာမဟုတ်တဲ့ ဒီလိုတိုင်းပြည်မှာ သာမန်အလုပ် ကြမ်းလုပ်ပြီး ခြစ်ခြစ်ကုတ်ကုတ်နေတတ်မယ်ဆိုရင် မြန်မာပြည်ကိုတောင် ပိုက်ဆံပြန်ပို့နိုင် သေးပါရဲ့...
နုသစ်စဘ၀တွေမှာ လူရယ်လို့ အမည်တပ်ဖို့အတွက် လူလို လုပ်ရုံနဲ့ ရပါတယ်။ အလုပ်ကြမ်းလုပ်မလား၊ ဘာလုပ်မလဲ။ ဈေးရောင်းမလား။ တစ်ဝမ်းတစ်ခါးမငတ်အောင်တော့ နေနိုင်တာချည်းပါပဲ။ မြန်မာပြည်လို နေရာမဟုတ်တဲ့ ဒီလိုတိုင်းပြည်မှာ သာမန်အလုပ် ကြမ်းလုပ်ပြီး ခြစ်ခြစ်ကုတ်ကုတ်နေတတ်မယ်ဆိုရင် မြန်မာပြည်ကိုတောင် ပိုက်ဆံပြန်ပို့နိုင် သေးပါရဲ့။ ဒါမှမဟုတ် နိုက်ပဇားလို့ခေါ်တဲ့ နိုင်ငံခြားအ၀င်အထွက်များတဲ့နေရာမှာ ဈေး သွားရောင်းဦးမလား။ မငတ်လောက်ပါဘူး။ ကြိုးစားမယ်ဆိုရင် အဲဒီလိုနေရာမှာ ဈေးရောင်း ရင်းက ကိုယ်ပိုင်အိမ်ခန်း၊ ကိုယ်ပိုင်ဆိုင်ကယ်နဲ့ လူတစ်လုံး သူတစ်လုံးဖြစ်အောင် နေနိုင်ပါ လေရဲ့။

ခုတော့ဗျာ။

မပြောလည်း မပြီး၊ မတီးကလည်း မမြည်ဆိုတော့ ပြောရပြန်ပါဦးမယ်။ အကယ်လို့ များ နားမခံသာဝင့်၊ မသိဝင့်ဘူးဆိုရင်ဖြင့် ဆက်မဖတ်ကြဖို့တော့ ပြောပါရစေရဲ့။ အဆို တော် စိုးလွင်လွင်ရဲ့ သီချင်းထဲကလို နားနဲ့ မနာ ဖ၀ါးနဲ့သာ နာတော်မူပါလို့ဘဲ ဆိုပြရ တော့မယ်။

ကျွန်တော်လည်း ကောင်းတဲ့လူတော့ မဟုတ်ပါဘူး။ ရန်ကုန်လို နေရာမှာ နိုက် ကလပ်ဆိုတာ ဘာမှန်းမသိခဲ့ပေမယ့် ထိုင်းပါးလေး နည်းနည်းဝလာတော့ ထိုင်းကလပ် တွေမှာ ဘီယာနဲ့ ငြိမ့်တတ်လာပြီလေ။ ရောမရောက်တော့ ရောမလို ကျင့်တာမဟုတ်ပေ မယ့် ပိုးကလေးကလည်း ရှိပြန်တော့ သွားခဲ့တာပေါ့။ တစ်လကို အနည်းဆုံး ၂ ခေါက် လောက်တော့ ရောက်မိတာပေါ့။ ရောက်မိပြန်များလာတော့မှ သိလာတာကတော့ တော် တော့်ကို စိတ်ပျက်စရာပေါ့။

အဲဒီလို နိုက်ကလပ်တွေမှာ တွေ့ခဲ့ရတဲ့ကောင်မလေးတွေရဲ့ အဖြစ်ဟာ တကယ် တော့ ရင့်နင့်စရာတွေပေါ့။ မိမိဘ၀ရပ်တည်ရေးအတွက် ဒီလိုမျိုး ရုန်းကန်နေတယ်ဆိုတာ ကိုတော့ ရှုတ်ချချင်တယ်။

အမျိုးသား၊ အမျိုးသမီးဆိုတဲ့ ခွဲခြားမှုကို အရင်ဆုံးမပြောခင်မှာ လူမျိုးရေးအနေနဲ့ တွေးကြည့်မယ်ဆိုရင်ပေါ့ဗျာ။ ဟိုးအရင်ကတည်းက စကားပုံလေးတစ်ခုကို သွားသတိရမိ ရဲ့။ ငခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်တယ်ဆိုဘဲ။ အခုတော့ ဒီလိုမျိုးဖြစ်သွားနိုင် တယ်ဆိုတာကို ထည့်တွက်သင့်တယ်။

ကာယကံရှင်အနေနဲ့ အကြောင်းပြနိုင်စရာတွေ အများသားရယ်ပါ။ မိမိဘ၀ ရပ် တည်ရေး၊ စုတ်ပြတ်သပ်နေတဲ့ မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုအရေး၊ ဒါတွေကို ပြောကြ မယ်ဆိုရင်တော့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒီလိုသာပြောကြကြေးဆိုရင်ဖြင့် မြန်မာ ပြည်အပြင်ဘက်မှာ ရောက်နေတဲ့သူတိုင်းဟာ ဒီလိုမျိုးချည်း ဖြစ်ရချည်ရဲ့။

နောက်တစ်မျိုးပြောနိုင်တာကတော့ ကျွန်မတို့က ပညာမှ မတတ်တာဆိုပြီး ပြော ကောင်းပြောလာနိုင်ပါတယ်။ ဒါဆိုရင်လည်း နိုင်ငံပြင်ပမှာ ပညာမတတ်ပေမယ့် လုပ်စား နေကြတဲ့သူတွေ အများသားရယ်လို့။ သာမန် ဈေးရောင်းမလား၊ အလုပ်ကြမ်းလုပ်မလား၊ အိမ်ဖော်လုပ်မလား။ လုပ်မယ်ဆိုရင်ဖြင့် လုပ်စရာတွေ မကုန်နိုင်ပါဘူး။
ထိုင်းနိုင်ငံလို နေရာမှာ အလုပ်သမားတွေအတွက် အခမဲ့ပညာသင်ပေးနေ တဲ့အဖွဲ့အစည်းတွေ၊ ကျောင်းတွေ၊ နေရာတွေ အများအပြားရှိတာ သိကြမှာပါ။ ပညာ မတတ်လို့ဆိုတဲ့စကားလုံးတစ်ရပ်နဲ့တော့ ဒီလိုမျိုးနဲ့ ဘ၀ရပ်တည်ရမယ်ဆိုတာကတော့ အကြောင်းပြချက်ခိုင်လုံတဲ့အရာတစ်ခုတော့ မဟုတ်...
ဒါ့အပြင် ထိုင်းနိုင်ငံလို နေရာမှာ အလုပ်သမားတွေအတွက် အခမဲ့ပညာသင်ပေးနေ တဲ့အဖွဲ့အစည်းတွေ၊ ကျောင်းတွေ၊ နေရာတွေ အများအပြားရှိတာ သိကြမှာပါ။ ပညာ မတတ်လို့ဆိုတဲ့စကားလုံးတစ်ရပ်နဲ့တော့ ဒီလိုမျိုးနဲ့ ဘ၀ရပ်တည်ရမယ်ဆိုတာကတော့ အကြောင်းပြချက်ခိုင်လုံတဲ့အရာတစ်ခုတော့ မဟုတ်ပါ။
   
မပြောမပြီးလို့သာ ပြောနေရမယ့် မပြောချင်ဆုံးကတော့ ဒီအကြောင်းပါပဲ။
   
ကျွန်တော့်အတွက်တည်းဆိုရမယ်ဆိုရင်ဖြင့် ဘ၀တစ်ခုရပ်တည်ဖို့အတွက် စား ၀တ်နေရေးတစ်ခုတည်းတော့ မဟုတ်ဘူးထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒါတွေဟာ ဘ၀ရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်ပေမယ့် ဒီအဆင့်ကနေ ကျော်တတ်နိုင်မှသာလျှင် လူ ရယ်လို့ခေါ်ဆိုနိုင်တဲ့ အနေအထားကို ရောက်မယ်လို့ ထင်ပါတယ်။ စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တွေနဲ့သာ နပန်းလုံးနေရမယ်ဆိုရင် ဒီကနေ့ လူဆိုတာဟာ သာမန် သတ္တ၀ါအဆင့်မှာသာ ရပ်တန့်နေမှာဖြစ်ပါတယ်။
   
ဒီကနေ့လို အဘက်ဘက်က တိုးတက်နေတဲ့ခေတ်မှာ စားဝတ်နေရေးတစ်ခုတည်း အတွက် ရုန်းကန်နေရတယ်ဆိုရင် ဒါဟာ ခေတ်မမီသေးတဲ့နေရာတစ်ခုမှာ ရောက်နေ တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံလို အဘက်ဘက်က အနုတ်ပြနေတဲ့နိုင်ငံမျိုးမှာ မဟုတ်ဘဲ တိုးတက်မှုအဆင့်တစ်နေရာကိုရောက်နေတဲ့ ထိုင်းနိုင်ငံလို နေရာမျိုးမှာတော့ ဒီ လိုမျိုးဖြစ်နေတယ်ဆိုတာကတော့ အကြောင်းယုတ္တိမရှိတဲ့ အရာတစ်ခုပါ။
   
မြန်မာအလုပ်သမားတွေအနေနဲ့ ပညာရေးအတွက်ကို ပိုက်ဆံ ချူးတပြားသားမှ မကုန်ဘဲ သင်ပေးနေတဲ့သူတွေ ရှိတဲ့နေရာမှာ ပညာရေးကြောင့်ဆိုတဲ့ အကြောင်းပြချက်က တော့ ယုတ္တိယုတ္တာမရှိဆုံး စကားတစ်ခွန်း ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုဟာမျိုးနဲ့ အကြောင်းပြနိုင်စရာတွေ ရှိပေမယ့် လူသားပီပီ အအခက်အခဲတစ်ခုကို ဖြေရှင်းချင်တဲ့ စိတ်ရှိနေမယ်ဆိုရင်ဖြင့် ကျော်လွှားနိုင်တဲ့အရာတွေချည်းပဲဆိုတာ ပြောပြလို့ရပါတယ်။
   
ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ချည်းဖြစ်ဖြစ်၊ ယုတ်စွအဆုံး နအဖစစ်အစိုးရ မကောင်းလို့ တစ်ပါးပြည်မှာ အလုပ်လုပ်နေရတယ်ဆိုပေမယ့် တကယ်တမ်း လုပ်မယ်ဆို ရင်တောင် မိမိရဲ့ ဘ၀အတွက် ရပ်တည်ဖို့အတွက်ဆိုတာတစ်ခုတည်းမဟုတ်ဘဲ မိမိရဲ့လူ မျိုး၊ မိမိလူမျိုးရဲ့ သိက္ခာ၊ မိမိလူမျိုးရဲ့ ရပ်တည်ချက်၊ ပန်းတိုင် စတာတွေကို ပြန်ပြီး ငဲ့ကြည့် သင့်တယ်ထင်ပါ့။
   
စားဝတ်နေရေးဆိုတဲ့ အခြေခံလိုအပ်ချက်တစ်ခုတည်းအတွက်နဲ့ အရာရာကို အ အလျှော့ပေးစဉ်းစားဆုံးဖြတ်မယ်ဆိုရင်ဖြင့် ဒါဟာ သမာသမတ်ကျတဲ့စဉ်းစားချက် မဟုတ် ဘူးလို့ ကောက်ချက်ချနိုင်ကောင်းပါရဲ့။ မိမိဘ၀ရပ်တည်ချက်အတွက် မဟုတ်တော့ဘဲ တစုံတခုသော အကြောင်းကြောင့်သာ ဖြစ်မယ်လို့ ဆိုချင်ပါတယ်။ ဘ၀အာမခံချက်အ အတွက်၊ ဘ၀လုံခြုံရေးအတွက်၊ ဘ၀ဆက်လက်ရပ်တည်ဖို့အတွက်ဆိုတဲ့ စကားလုံး ခပ် ကြီးကြီးတွေ ပြောကြမယ်ဆိုရင်တော့ အတိုက်အခံပြောရကောင်း ပြောရမှာ ဖြစ်ပါတယ်။ ဒီ လိုမျိုးပြောလာတဲ့သူတွေကလည်း ရှိလည်း ရှိခဲ့သလို နောင်လည်း ဆက်ရှိနေဦးမယ့်အနေ အထားပါ။
   
ဒီတော့က နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ မိမိတို့ရဲ့ ဘ၀တွေကို မိမိကိုယ် တိုင်အညွန့်ချိုးမိသူများမဖြစ်ရလေအောင် ဘာတွေလုပ်ဆောင်သင့်တယ်ဆိုတာကတော့ မိမိပေါ်မှာဘဲ မူတည်ပါတယ်။ မြန်မာနိုင်ငံလို ဆင်းရဲတွင်းနက်နေတဲ့ နေရာထက် ပိုပြီး သာ တဲ့နေရာ၊ ပိုပြီး ကောင်းတဲ့နေရာမျိုးမှာ ဒီလိုမျိုး ရပ်တည်နေတယ်ဆိုတာဟာ တကယ်တမ်း ကျတော့ အဓိပ္ဗာယ်ရှိတဲ့အလုပ်မဟုတ်ဘူးဆိုတာပါဘဲ။ ဘ၀အတွက် ရပ်တည်ကောင်း ရပ် တည်နေရမယ့် တကယ်တမ်းသာ ရုန်းထွက်မယ်ဆိုရင်ဖြင့် အခါအခွင့်နဲ့ အခြေအနေတွေ က တွန်းပို့ပေးနေတဲ့အနေအထားပါ။
   
ဘ၀ရပ်တည်ရေးကိုအကြောင်းပြပြီး လုပ်ချင်တာ လုပ်နေတဲ့သူတွေအတွက် မရည် ရွယ်ပေမယ့် တကယ်တမ်း မသိနားမလည်ခဲ့လို့ ဒါကိုဘဲ ဘ၀ရပ်တည်ရေးအတွက် ရွေး ချယ်နေရတဲ့သူတွေကို ရည်ရွယ်တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ တကယ်တမ်းသာ စိတ်ရှိ ကြမယ်ဆိုရင်ဖြင့် ကြိုးစားရင် မင်းဖြစ်တဲ့ဆိုတဲ့စကားက အလကားမဟုတ်ခဲ့ပါဘူး။ မဟာ ဇနက္ကထုံး နှလုံးမူကြမယ်ဆိုရင်ဖြင့် အခြေမြင့်တဲ့ဘ၀တွေကို ချက်ချင်းပိုင်ဆိုင်နိုင်မှာမဟုတ် ပေမယ့် မိမိလိုချင်တာကို မရ ရအောင်ယူခဲ့တဲ့ တေမိထုံး နှလုံးမူမယ်ဆိုရင့် ရွှေပြည်တော် ဟာ မျှော်တိုင်းမဝေးပါဘူးဆိုတာ ဒီနေရာကနေ လှုံ့ဆော်လိုက်ရင်း….။

(မြန်မာအမျိုးသမီးထုဘ၀များ မြင့်မားစေလိုရင်းသာ)

အောင်ထွန်းလင်း

မှတ်ချက်း အမျိုးသမီးအဖွဲ့များ စုစည်းထုတ်ဝေသည့် ချိုးလင်းပြာမဂ္ဂဇင်းအတွက် ထွန်းတောက်နေ နာမည်ဖြင့် ၂၀၀၉ ခုနှစ်က ရေးသားပေးခဲ့သော ဆောင်းပါး ဖြစ်ပါသည်။

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :