Friday, March 11, 2016

aung7

ချင်းတိုင်းရင်းသား NLD အမတ် ဦးဟင်နီရီဗန်ထီးယူ ဒုသမ္မတအဖြစ် ရွေးချယ်ခံရပြီ

ကြံ့ခိုင်ရေး ဗဟိုအတိုင်ပင်ခံနှင့် မျိုး/လွှတ်ဥက္ကဋ္ဌဟောင်း ၁၃ မဲသာ ရရှိခဲ့

ရန်ကုန်၊ မတ် ၁၁

အမျိုးသားလွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ အမည်စာရင်း တင်သွင်းထားသူ ဦးဟင်နရီဗန်ထီးယူကို အတည်ပြု ရွေးချယ်လိုက်ပြီ ဖြစ်ကြောင်း မတ်လ ၁၁ ရက် လွှတ်တော်အစည်းအဝေးတွင် အတည်ပြု ကြေညာလိုက်သည်။

ဦးဟင်နရီ ဗန်ထီးယူမှာ ကြံ့ခိုင်ရေးပါတီမှ ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့် ယှဉ်ပြိုင်ရာတွင် ဆန္ဒမဲစုစုပေါင်း ၁၆၇ အနက် ထောက်ခံမဲ ၁၄၈ ရရှိခဲ့သဖြင့် အမျိုးသားလွှတ်တော်၏ ဒုသမ္မတအဖြစ် အတည်ပြု ကြေညာခံရခြင်း ဖြစ်သည်။

ပြိုင်ဘက်ဖြစ်သူ ဦးခင်အောင်မြင့်မှာ စုစုပေါင်း ဆန္ဒမဲပေးသူ ၁၆၇ အနက် ၁၃ မဲသာ ရရှိခဲ့ပြီး စုစုပေါင်း ပယ်မဲအရေအတွက် ၆ မဲ ရှိသည်။

ယခုကဲ့သို့ အမျိုးသားလွှတ်တော် အစုအဖွဲ့၏ ဒုသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသူ ဦးဟင်နရီ ဗန်ထီးယူမှာ ပြည်သူ့လွှတ်တော်အစုအဖွဲ့ ဒုသမ္မတ ဦးထင်ကျော်၊ တပ်မတော်သား ကိုယ်စားလှယ်များ တင်သွင်းမည့် ဒုသမ္မတတို့နှင့် သမ္မတရာထူးအတွက် ထပ်မံယှဉ်ပြိုင်ရဦးမည် ဖြစ်ရာ တပ်မတော်ဘက်မှ တင်သွင်းမည့် ဒုသမ္မတအဖြစ် လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) မှာ ရေပန်းစားလျက် ရှိသည်။

ဥပဒေအဓိကဖြင့် B.A ဘွဲ့ရထားပြီး စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သူ ဦးဟင်နရီဗန်ထီးယူမှာ ချင်းပြည်နယ် မဲဆန္ဒနယ် (၃) မှ NLD ကိုယ်စားပြု အနိုင်ရ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် မွေးဖွားခဲ့သူ ဖြစ်သည်။

တိုင်းရင်းသားအရေး ရှေ့တန်းတင် လုပ်ကိုင်မည်ဟု ပြောဆိုထားသူ ဦးဟင်နရီဗန်ထီးယူမှာ အစိုးရ၀န်ထမ်းအဖြစ် စစ်ဘက်၊ အရပ်ဘက် နှစ်ခုစလုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ခလရ (၄၆) ပူတာအို၊ ခလရ (၄၀) ဟူပြင်၊ ခလရ (၂၂၃) မိုးမိတ်၊ စဗဟ (၂)၊ ရတခ (ဘားအံ)၊ ရတခ (မော်လမြိုင်)၊ ခမရ (၅၃) သီပေါ၊ ခမရ (၄) အင်းမ တို့တွင် ဗိုလ်မှူးအဆင့်အထိ စစ်ဘက်တာဝန်များ ထမ်းဆောင်ခဲ့သည်။

ယင်းနောက် ဗာဂျီးနီးယားစက်ရုံမှူး (မန္တလေး)၊ ဒုအထွေထွေ မန်နေဂျာ စီမံခန့်ခွဲရေးဌာန (စက်မှု - ၁) နှင့် စက်ရုံမှူး - အရက်ချက်စက်ရုံ (ဘီးလင်း) တို့တွင် အရပ်ဘက် တာဝန်များ ထမ်းဆောင်ခဲ့ဖူးသည်။

အောက်ချင်း သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :