လုယက်ခံရသည့် ကလေးမြို့၊ ရွှေဝါလင်း ရွှေဆိုင်မှ ပစ္စည်းများအား ပြန်လည်ပေးအပ်
ကလေး၊ မတ် ၁၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရွှေဝါလင်းရွှေဆိုင်အား တူမီးသေနတ်ကိုင် အမျိုးသားတစ်ဦးမှ လုယက်ခဲ့ရာ လုယက်သူအား နာရီပိုင်းအတွင်း ပြန်လည် ဖမ်းဆီးမိပြီးနောက် လုယက်ခံရသည့် ရွှေထည်ပစ္စည်း ၅၀ ကျပ်သားကျော်ကို ပိုင်ရှင်ဖြစ်သူထံ အပ်နှံမှုအား မတ်လ ၁၅ ရက်က ကလေးမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လုယက်ခံရသည့် ရွှေဆွဲကြိုး ၄၁ ကုံး၊ ရွှေနားကပ် ၂၈ ရံတို့ကို ပိုင်ရှင်ဖြစ်သူထံ ပြန်လည်အပ်နှံခြင်းအပြင် အခြား လူသတ်မှုအပါအ၀င် မှုခင်းဖြစ်ရပ်များအား ဖော်ထုတ်ပေးနိုင်ခဲ့သည့် ကလေးမြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကိုလည်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရွှေဝါလင်း ရွှေဆိုင်တို့မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။
ထို့ပြင် ရွှေဝါလင်းရွှေဆိုင်မှ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ရုံးများတွင် အသုံးပြုနိုင်ရန်အတွက် ဒီဇယ်ဂါလံ ၁၀၀ ကိုလည်း ပေးအပ်လှူဒါန်းခဲ့ပြီး အဆိုပါ အခမ်းအနားသို့ လူဦးရေ ငါးဆယ်ခန့် တက်ရောက်ခဲ့သည်။
 |
ရွှေဆိုင်လုယက်မှုအား ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ရဲအုပ် သီဟနှင့် အဖွဲ့အား ရွှေဝါလင်းရွှေဆိုင်ပိုင်ရှင်မှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ) |
 |
မှုခင်းများ ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ၀န်ထမ်းများအား ခရိုင်ရဲတပ်ဖွဲ့မှူးမှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ) |
 |
မှုခင်းများ ဖော်ထုတ်ပေးခဲ့သည့် ကလေးမြို့နယ် ရဲစခန်းမှ ၀န်ထမ်းများအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ဂုဏ်ပြုဆုငွေ ပေးအပ်စဉ်၏။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ) |
 |
ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ရုံးများတွင် အသုံးပြုနိုင်ရန်အတွက် ရွှေဝါလင်း ရွှေဆိုင်မှ ဒီဇယ်ဂါလံ ၁၀၀ ပေးအပ်နေစဉ်။ ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ) |
အောက်ချင်း သတင်းအေဂျင်စီ
About aung7 -
Aung Htun Linn.. The Hornbill News Agency.