Monday, March 7, 2016

aung7

ကလေးမြို့ ကိုယ်ထူကိုယ်ထ တံတားအတွက် ရန်ပုံငွေ လိုအပ်နေ

ကလေး၊ မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ညောင်ပင်သာ ရပ်ကွက်နှင့် မင်္ဂလာဥယျာဉ် တို့အား ဆက်သွယ်ထားသည့် တော်ဝင်တံတား တည်ဆောက်ရာတွင် ရန်ပုံငွေ နည်းပါးနေသည့်အတွက် အလှူရှင်များ လိုအပ်လျက် ရှိသည်။

ယင်းတံတားကို ဒေသခံပြည်သူ ဦးမြင့်ဝေက ငွေကျပ်သိန်း ၂၀ မတည် ဆောက်လုပ်နေခြင်းဖြစ်ပြီး အကျယ် ၉ ပေ၊ အရှည် ပေ ၆၀ ရှိမည်ဖြစ်ကာ တံတားဆောက်လုပ်ရေး လုပ်ငန်းအတွက် ကလေးလွင်ပြင်အဖွဲ့မှ ဘိလပ်မြေ အိတ် ၃၀ လှူဒါန်းထားပြီး ဖြစ်သည်။

တံတားဆောက်လုပ်ရန် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၆၀ ခန့်ရှိမည်ဖြစ်ရာ ရန်ပုံငွေများ ထပ်မံ လိုအပ်နေခြင်း ဖြစ်သည်။
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
ဓာတ်ပုံ - သန့်ဇင်ဆွေ (အောက်ချင်း သတင်းအေဂျင်စီ)
အောက်ချင်း သတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :