Saturday, March 5, 2016

aung7

စည်းကမ်းဖောက်ဖျက်သည့် ရုပ်ရှင်ရုံ ခြောက်ရုံအား ပြန်ကြားရေး တရားစွဲမည်

ရန်ကုန်၊ မတ် ၅

ပြန်ကြားရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကသို့ ရုပ်ရှင်ရုံများ လွှဲပြောင်းရောင်းချပေးခဲ့ရာတွင် စာချုပ်ပါ စည်းကမ်းများကို မလိုက်နာသည့် ရန်ကုန်အပါအ၀င် အခြားမြို့များမှာ ရုပ်ရှင်ရုံ ခြောက်ရုံအား တရားမမှုဖြင့် တရားစွဲရန် စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့ (ယခင် မြန်မာ့ရုပ်ရှင်လုပ်ငန်း) မှ ကြေညာချက် ထုတ်ပြန်ထားသည်။

တရားစွဲဆိုရန် ကြေညာခံထားရသည့် ရုပ်ရှင်ရုံ ခြောက်ရုံမှာ မြနန်းသိင်္ဂီ (ရန်ကုန်)၊ မြို့မ (ကောလင်း)၊ ကြယ်တာရာ (သထုံ)၊ စံပြ (မြောင်းမြ)၊ စိန်မေတ္တာ (သီပေါ) နှင့် ခေမရဋ် (ကျိုင်းတုံ) တို့ ဖြစ်ပြီး စာချုပ်ပါ စည်းကမ်းချက် ဖောက်ဖျက်သည့် အခြားသော ရုပ်ရှင်ရုံများကိုလည်း တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

ယခုကဲ့သို့ တရားစွဲရခြင်းမှာ အဆိုပါ ရုပ်ရှင်ရုံများကို စာချုပ်ပါ စည်းကမ်းဖောက်ဖျက်၍ ခွင့်ပြုချက်မရှိသော အခြားသော လုပ်ငန်းများ လုပ်ကိုင်နေသည့်အတွက်ကြောင့်ဟု ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်ချင်းသတင်းအေဂျင်စီ

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :