Wednesday, March 16, 2016

aung7

ပညာရေး (ပြည်သူ့နီတိ)

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို လိုလားပါက အခြေခံအားဖြင့် ပညာရေးသည် အထူးလိုအပ်လှပေသည်။ စာသင်ကျောင်းများဖွင့်၍ ကလေးသူငယ်များအား စာရေးစာဖတ်၊ အတွက်အချက် သင်ကြားပေးသည်မှာ လူလားမြောက်သည့်အခါ လောကကြီး၌ တတ်သိလိမ္မာစွာ နေထိုင်၍ လူမှုရေးရာ အဖြာဖြာကို ဆောင်ရွက်တက်ရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်စေရန် သင်ကြားပြုပြင်ပေးဖို့ ဖြစ်သည်။ တစ်ဦးချင်းဆီ၏ အပြုအမူမှသည် တစ်မျိုးသားလုံး ပြုပြင်ပြောင်း လဲရေးသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအချက်အချာဖြစ်ရာ ပညာသင်ကြားရေးသည် အထူးပင် အရေးပါလှပေ၏။ ယနေ့ခေတ်သည် ကာယထက် ဉာဏအားက ရှေ့ရောက်နေပြီ ဖြစ်သည်။

နိုင်ငံဖွံ့ဖြိုးရေးအတွက်ဆိုလျှင် ပညာသင်ကြားရေးစနစ်တွင် ပါဝင်သည့် ဆရာ၊ ဆရာမများ၏ အရည်အချင်း မြင့်မားရန်နှင့် ကျောင်းသားကျောင်းသူ (ကလေးငယ်) တို့၏ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးသည်လည်း အရေးကြီးပေ၏။ ကလေးငယ်များအား ဖိအားပေး သင်ကြားစေခြင်းလည်း မဖြစ်အပ်ပေ။

ထို့ပြင် ကလေးသူငယ်များ ညစ်ညမ်း ဆိုးသွမ်းကြသော်လည်း ရိုက်ပုတ်ခြင်းဖြင့် ဆုံးမနည်းကို မကျင့်အပ်ပေ။ ကလေးငယ်၏ စိတ်ပါဝင်စားမှုကို အခြေခံ၍ သွန်သင်ရပေမည်။ သို့မှသာလျှင် ပညာသင်ကြားရေးအပေါ် ကလေးငယ် စိတ်ပါဝင်စားလာပေအံ့။

ယခု ကျောင်းသား၊ နောင်ဝယ် ခေါင်းဆောင်ဟူသည့် အမြင်မျိုးဖြင့် ပြည်ပိုင်အစိုးရတို့ကလည်း နိုင်ငံဖွံ့ဖြိုးရေးအတွက် ပညာရေးကဏ္ဍအား အားသွန်ခွန်စိုက် ပျိုးထောင်ပေးရပေလိမ့်မည်။ တိုင်းသူပြည်သားတို့အား ပညာမသင်ဘဲထားပါက ကြီးနိုင် ငယ်ညှင်း တောတွင်းဥပဒေသကဲ့သို့ တိရစ္ဆာန်သဖွယ် ပြုကျင့်ကြပေလိမ့်မည်။
Photo by intellectualtakeout.org
ကိုးကား - အခြေခံလူ့တာဝန် (အောင်မြင့်ကြီး - ရွှေလရောင်)

aung7

About aung7 -

Aung Htun Linn.. The Hornbill News Agency.

Subscribe to this Blog via Email :